ယောင်္ကျားရ ကာစ ဆရာမလေး တယောက် မဲရုံတာဝန်ကျလေသော အခါ… (ငိုရမှာလား ရယ်ရ မှာလား)

မဲရုံတာဝန်ကျတဲ့ ဆရာမလေးတစ်ယောက် မဲရုံ တာဝန်တွေပြီးသွားတယ် ဆိုရင်ပဲ အိမ်ကယောက်ျားကို ဖုန်းတန်းဆက်ပြီး သက်ပြင်းအရှည်တွေကြီးတွေချကာ ချကာနဲ့ ဆိုင်ကယ်နောက်ကထိုင်ပြီး ပြန်သွားပါလေရော၊ ယောက်ျားဖြစ်သူက မိန်းမရေ ပင်ပန်းနေပြီလား၊ မိန်းမစားဖို့ ဘာဝယ်ထားဝယ်၊ ညာဝယ်ထားတယ်တွေ ပြောနေပေမယ့် ဆရာမလေး ကတော့ ‘အင်း’ ‘အဲ’ ပဲ ပြောပြီး ယောက်ျားလုပ်သူကျောပြင်လေးကို မှီပြီး အိမ်ရောက်ရင် တန်းအိပ်ဖို့သာ စဉ်းစားနေတယ်၊ မနက်လေးနာရီလောက်ကတည်းက ပြင်ဆင်ရတာ ည ဆယ်နာရီထိဆိုတော့ မပင်ပန်းနေမလား၊ ဒါတောင် မြို့ပေါ်က ဆရာမ မလို့ပေါ့။

အိမ်လည်းရောက်ရော ယောက်ျားက မိန်းမရေ ခဏနားကွာ၊ ခေါက်ဆွဲကြော်ဝယ်ထားတယ်၊ အားဆေးလေးသောက်ဦး၊ နွား‌နို့လေးလည်း နွှေးထားတယ်၊ ရေချိုးဖို့ ရေနွေးနွေးလေးပါ လုပ်ပေးထားတယ်နော်၊ ယောက်ျား ကလည်း ချစ်ဆို ညားတာကမှ တစ်လမပြည့်သေးဘူးလေ၊ ကြင်စဦးလေတွေပေါ့၊ ဒါပေမယ့် ဆရာမလေးဟာ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင် ပင်ပမ်းနေတော့ ယောက်ျားရေ တော်တော်ကိုနွမ်းနေပြီ၊ မျက်လုံးတောင်မဖွင့်နိုင်တော့ဘူး၊ တော်တော်အိပ်ချင်နေပြီ၊ ယောက်ျားကလည်း သနားသွားပြီး uniform လေးတော့ ထ လဲပါဦး၊ ပြီးရင် အိပ်ပေါ့လို့ ပြောလိုက်တယ်၊ အဲ့ဒါနဲ့ မိန်းမလည်း အိပ်ပျော်သွားရော၊ ယောက်ျားက ပင်ပန်းပြီး အိပ်နေတဲ့ သူ့မိန်းမ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး နဖူးလေးကို နမ်းလိုက်၊ ပါးလေးကို နမ်းလိုက်နဲ့ သူ့မိန်းမလေးကို ကြည့်မဝဘူး ဖြစ်နေတယ်။

ည နှစ်နာရီထိုးပြီးကာစ မိန်းမက ထ ယောင်ပါလေရော ”ဦးတင်မောင်၊ ဦးတင်မောင်၊ ဦးတင်မောင် ” နှစ်စက္ကန့်ခြား တစ်ခါ ထ ထအော်တယ်။ ယောက်ျားက နိုးလာတယ်၊ စိတ်လည်း တိုနေတယ် မိန်းမ ကို ” ဘယ်ကောင့်ကို တ ပြီး ယောင်နေတာလဲ ” သေတော့မယ် နင်က တဲ့ မေးလိုက်ကာမှ ပိုဆိုးကုန်ရော ” ဦးကျော်ညွန့်၊ ဦးကျော်ညွန့်၊ ဦးကျော်ညွန့် ” တဲ့ နောက် တစ်ယောက်ကို ထပ်ယောင်ပြန်ရော ယောက်ျားပိုစိတ်တိုသွားပြီး “$#&$#$မိန်းမ ဘယ်ကောင့်တွေကို တ‌ နေတာလဲ လို့ ” ဘေးအိမ်တွေပါ လန့်နိုးကုန်ကြတယ် မိန်းမကတော့ မနိုးဘူး ထပ်တောင် ယောင်လိုက်သေးတယ် “ဦးဖေတင်၊ ဦးဖေတင်၊ ဦးဖေတင် ” ယောက်ျား လည်း တင်းပြီလေ သူနမ်းခဲ့တဲ့ မျက်နှာရော နဖူးရော ဖူးယောင်ကုန်တယ် မိန်းမ ရှင်းပြတာ‌ကိုတောင် မစောင့်နိုင်ဘဲ ထိုးပစ်တာ မျက်နှာတစ်ခုလုံး ဘုသီးတွေချည်းပဲ။ တကယ်တော့ သူ့မဲရုံက ပါတီတစ်ခုက အပြတ်အသတ်အနိုင်ရပြီး မဲကြေငြာတဲ့အခါ အမတ်လောင်းတွေရဲ့ နာမည်ကို အခေါက်ငါးရာလောက် ရွတ်နေရတော့ စိတ်ထဲစွဲပြီး ယောင်တာ သေရောပဲ။ ကျန်တဲ့ ဆရာမတွေလည်း အိပ်ခါနီး သတိသာ ထားအိပ်ကြဗျို့။

crd

zawgyi

မဲ႐ုံတာဝန္က်တဲ့ ဆရာမေလးတစ္ေယာက္ မဲ႐ုံ တာဝန္ေတြၿပီးသြားတယ္ ဆိုရင္ပဲ အိမ္ကေယာက္်ားကို ဖုန္းတန္းဆက္ၿပီး သက္ျပင္းအရွည္ေတြႀကီးေတြခ်ကာ ခ်ကာနဲ႔ ဆိုင္ကယ္ေနာက္ကထိုင္ၿပီး ျပန္သြားပါေလေရာ၊ ေယာက္်ားျဖစ္သူက မိန္းမေရ ပင္ပန္းေနၿပီလား၊ မိန္းမစားဖို႔ ဘာဝယ္ထားဝယ္၊ ညာဝယ္ထားတယ္ေတြ ေျပာေနေပမယ့္ ဆရာမေလး ကေတာ့ ‘အင္း’ ‘အဲ’ ပဲ ေျပာၿပီး ေယာက္်ားလုပ္သူေက်ာျပင္ေလးကို မွီၿပီး အိမ္ေရာက္ရင္ တန္းအိပ္ဖို႔သာ စဥ္းစားေနတယ္၊ မနက္ေလးနာရီေလာက္ကတည္းက ျပင္ဆင္ရတာ ည ဆယ္နာရီထိဆိုေတာ့ မပင္ပန္းေနမလား၊ ဒါေတာင္ ၿမိဳ႕ေပၚက ဆရာမ မလို႔ေပါ့။

အိမ္လည္းေရာက္ေရာ ေယာက္်ားက မိန္းမေရ ခဏနားကြာ၊ ေခါက္ဆြဲေၾကာ္ဝယ္ထားတယ္၊ အားေဆးေလးေသာက္ဦး၊ ႏြား‌ႏို႔ေလးလည္း ေႏႊးထားတယ္၊ ေရခ်ိဳးဖို႔ ေရေႏြးေႏြးေလးပါ လုပ္ေပးထားတယ္ေနာ္၊ ေယာက္်ား ကလည္း ခ်စ္ဆို ညားတာကမွ တစ္လမျပည့္ေသးဘူးေလ၊ ၾကင္စဦးေလေတြေပါ့၊ ဒါေပမယ့္ ဆရာမေလးဟာ ဘယ္လိုမွ ဟန္မေဆာင္ႏိုင္ေအာင္ ပင္ပမ္းေနေတာ့ ေယာက္်ားေရ ေတာ္ေတာ္ကိုႏြမ္းေနၿပီ၊ မ်က္လုံးေတာင္မဖြင့္ႏိုင္ေတာ့ဘူး၊ ေတာ္ေတာ္အိပ္ခ်င္ေနၿပီ၊ ေယာက္်ားကလည္း သနားသြားၿပီး uniform ေလးေတာ့ ထ လဲပါဦး၊ ၿပီးရင္ အိပ္ေပါ့လို႔ ေျပာလိုက္တယ္၊ အဲ့ဒါနဲ႔ မိန္းမလည္း အိပ္ေပ်ာ္သြားေရာ၊ ေယာက္်ားက ပင္ပန္းၿပီး အိပ္ေနတဲ့ သူ႔မိန္းမ မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ၿပီး နဖူးေလးကို နမ္းလိုက္၊ ပါးေလးကို နမ္းလိုက္နဲ႔ သူ႔မိန္းမေလးကို ၾကည့္မဝဘူး ျဖစ္ေနတယ္။

ည ႏွစ္နာရီထိုးၿပီးကာစ မိန္းမက ထ ေယာင္ပါေလေရာ ”ဦးတင္ေမာင္၊ ဦးတင္ေမာင္၊ ဦးတင္ေမာင္ ” ႏွစ္စကၠန္႔ျခား တစ္ခါ ထ ထေအာ္တယ္။ ေယာက္်ားက ႏိုးလာတယ္၊ စိတ္လည္း တိုေနတယ္ မိန္းမ ကို ” ဘယ္ေကာင့္ကို တ ၿပီး ေယာင္ေနတာလဲ ” ေသေတာ့မယ္ နင္က တဲ့ ေမးလိုက္ကာမွ ပိုဆိုးကုန္ေရာ ” ဦးေက်ာ္ၫြန္႔၊ ဦးေက်ာ္ၫြန္႔၊ ဦးေက်ာ္ၫြန္႔ ” တဲ့ ေနာက္ တစ္ေယာက္ကို ထပ္ေယာင္ျပန္ေရာ ေယာက္်ားပိုစိတ္တိုသြားၿပီး “$#&$#$မိန္းမ ဘယ္ေကာင့္ေတြကို တ‌ ေနတာလဲ လို႔ ” ေဘးအိမ္ေတြပါ လန္႔ႏိုးကုန္ၾကတယ္ မိန္းမကေတာ့ မႏိုးဘူး ထပ္ေတာင္ ေယာင္လိုက္ေသးတယ္ “ဦးေဖတင္၊ ဦးေဖတင္၊ ဦးေဖတင္ ” ေယာက္်ား လည္း တင္းၿပီေလ သူနမ္းခဲ့တဲ့ မ်က္ႏွာေရာ နဖူးေရာ ဖူးေယာင္ကုန္တယ္ မိန္းမ ရွင္းျပတာ‌ကိုေတာင္ မေစာင့္ႏိုင္ဘဲ ထိုးပစ္တာ မ်က္ႏွာတစ္ခုလုံး ဘုသီးေတြခ်ည္းပဲ။ တကယ္ေတာ့ သူ႔မဲ႐ုံက ပါတီတစ္ခုက အျပတ္အသတ္အႏိုင္ရၿပီး မဲေၾကျငာတဲ့အခါ အမတ္ေလာင္းေတြရဲ႕ နာမည္ကို အေခါက္ငါးရာေလာက္ ႐ြတ္ေနရေတာ့ စိတ္ထဲစြဲၿပီး ေယာင္တာ ေသေရာပဲ။ က်န္တဲ့ ဆရာမေတြလည္း အိပ္ခါနီး သတိသာ ထားအိပ္ၾကဗ်ိဳ႕။