နေ့စဉ် သောက်နေတဲ့ စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ကျန်းမာရေး အန္တရာယ် (ရှယ်ထားပေးပါအုံး ….)

စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။သုတေသီအချို့ကတော့ စွမ်းအားဖြည့် အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ကောင်းသလား ဆိုးသလား ဆိုတာပါပဲ။ စွမ်းအားဖြည့်အချိုရည်တွေကို စိတ်ရောလူပါ လန်းဆန်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ သကြားဓာတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်နိုင်ဖို့ ကဖင်းဓာတ်ကို အဓိကထည့်သွင်းထားပါတယ်။ တံဆိပ်တခုနဲ့တခုအလိုက် ပါဝင်နှုန်းတော့ ကွာခြားပါတယ်။ကဖင်းဓာတ်အပြင် တခြားပါဝင်တဲ့ ပစ္စည်းတွေကတော့သကြား။ အချိုရည်မှာ ကယ်လိုရီ အဓိကရရှိစေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။ဗီတာမင် B အုပ်စု။ စားသုံးလိုက်တဲ့ အစားအစာတွေကို ကိုယ်ခန္ဓာက လိုအပ်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးရာမှာ အဓိကကျပါတယ်။

အမိုင်နိုအက်ဆစ်အုပ်စု။ အဓိကအားဖြင့် taurine နဲ့ L-carnitine တို့ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ် အများစုမှာ ပါဝင်ပါတယ်။ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်ထားသော အဆီအနှစ်များ။ ဥပမာ ဂျင်ဆင်းဖြစ်ပါတယ်။ စွမ်းအားဖြည့်အချိုရည်များဟာ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ လူကို စိတ်ရောကိုယ်ပါ နိုးကြားစေပါတယ်။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုပိုင်းဆိုင်ရာမှာလည်း အကျိုးပြုပါတယ်။သုတေသနတခုမှာ ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည် ၅၀၀ မီလီလီတာ သောက်သုံးပြီးချိန်မှာ မှတ်ဉာဏ်ရော အာရုံစူးစိုက်မှုပါ ၂၄ ရာခိုင်နှုန်း တက်လာစေတယ်လို့ သိရပါတယ်။ ကဖင်းနဲ့ သကြားဓာတ်ကြောင့် ယခုအာနိသင်ထွက်ပေါ်စေတာ ဖြစ်ပါတယ်။အိပ်ရေးပျက်ချိန်၊ ပင်ပန်းနွမ်းနယ်ချိန်တွေမှာ စွမ်းအားဖြည့်အချိုရည်ကို သောက်သုံးရင် လန်းဆန်းစေပါတယ်။ စစ်တမ်းတွေအရ ညဖက်မောင်းနှင်ရတဲ့ ယာဉ်မောင်းများဟာ စွမ်းအားဖြည့်အချိုရည်ကြောင့် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း မြင့်တက်စေတယ်လို့ သိရပါတယ်။ ညအချိန် အလုပ်ဆင်းရတဲ့ အလုပ်သမား၊ ဝန်ထမ်းများအတွက်လည်း အကျိုးပြုပါတယ်။ဗီတာမင် C ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ရှိတယ်လို့ သိရပါတယ်။

စွမ်းအားဖြည့်အချိုရည်များကြောင့် ဦးနှောက်ကို လန်းဆန်းစေပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် စွမ်းအားဖြည့်အချိုရည်ကို အလွန်အကျွံသောက်သုံးသူတွေမှာ သွေးတိုးရောဂါ၊နှလုံးခုန်မြန်ခြင်း စတဲ့ပြဿနာတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးရောဂါအခံရှိသူတွေအနေနဲ့ စွမ်းအားဖြည့်အချိုရည်တွေကို သတိပြု သုံးစွဲသင့်ပါတယ်။ဒါ့အပြင် စွမ်းအားဖြည့်အချိုရည်တွေမှာ သကြားဓာတ်ပါဝင်မှု များပြားပါတယ်။ ပုံမှန် စွမ်းအားဖြည့်အချိုရည် ၂၅၀ မီလီလီတာမှာ သသသကြား ၂၇ ဂရမ်ခန့် ပါဝင်ပါတယ်။သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရောဂါ အခံရှိသူတွေသောက်မိရင် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်း ဖြစ်နိုင်ပါတယ်။ သုတေသနတခုရဲ့ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည်ကို နေ့စဥၤ နှစ်ဘူးခန့်သောက်သုံးသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။ဒါ့အပြင် သွေးတွင်းသကြားဓာတ်မြင့် တက်ခြင်းဟာ ဓာတ်တိုးဖိစီးခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ နာတာရှည်ရောဂါတွေ ခံစားရခြင်းနဲ့ ဆက်စပ်နေပါတယ်။ စွမ်းအားဖြည့်အချိုရည်များဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး လူကို လန်းဆန်းစေတာ မို့ ပင်ပန်းနွမ်း နယ်ချိန်၊ အိပ်ရေးပျက်ချိန်တွေမှာ သောက်သုံးရင် လူရောစိတ်ပါလန်းဆန်းစေပါတယ်။ ဒါပေမယ့် အလွန်အမင်း သောက်သုံးရင်တော့ ကျန်းမာရေးပြဿနာတွေ ရှိနိုင်တာမို့ သင့်တင့်ရုံပဲ သောက်သုံးသင့်ပါတယ်။ နေ့စဉ် သုံးစွဲမယ်ဆိုရင်လည်း ၄၀၀ မီလီလီတာထက်ကျော်ပြီး သုံးစွဲဖို့ မသင့်ပါဘူး။ဒါ့အပြင် စွမ်းအားဖြည့် အချိုရည်တွေ သောက်သုံးချိန်မှာ ကဖိန်းများတဲ့ တခြားအရည် ဥပမာ ကော်ဖီသောက်တာမျိုးကို ရှောင်သင့်ပါတယ်။

Credit Dr.Thant Zin

zawgyi

စြမ္းအားျဖည့္အခ်ိဳရည္မ်ားဟာ သင့္ကို စြမ္းအင္ျမႇင့္တင္ေပးၿပီး ႏိုးၾကားမႈ၊ အာ႐ုံစူးစိုက္မႈရွိေအာင္ ရည္႐ြယ္ထုတ္လုပ္ထားပါတယ္။ အားအင္ကုန္ခမ္းေနခ်ိန္မွာ ေသာက္သုံးတဲ့အခါ စြမ္းအင္ေတြျပည့္ဝသလို ခံစားရတာေၾကာင့္ လူႀကိဳက္မ်ားၾကပါတယ္။သုေတသီအခ်ိဳ႕ကေတာ့ စြမ္းအားျဖည့္ အခ်ိဳရည္ေတြဟာ ေရရွည္မွာ လူသားတို႔အတြက္ ေဘးဥပဒ္ျဖစ္ေစတယ္လို႔ သတိေပးၾကပါတယ္။ယခုေဆာင္းပါးမွာ ဆက္လက္ေဖာ္ျပသြားမွာကေတာ့ စြမ္းအားျဖည့္အခ်ိဳရည္ေတြဟာ ေကာင္းသလား ဆိုးသလား ဆိုတာပါပဲ။ စြမ္းအားျဖည့္အခ်ိဳရည္ေတြကို စိတ္ေရာလူပါ လန္းဆန္းေအာင္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ထုတ္လုပ္ထားပါတယ္။ သၾကားဓာတ္၊ ဗီတာမင္ B အုပ္စု၊ ဗီတာမင္ C နဲ႔ ကဖိန္းဓာတ္ပါဝင္ပါတယ္။ အထူးသျဖင့္ ဦးေႏွာက္ကို ႏိုးၾကားေအာင္ လႈံ႕ေဆာ္ႏိုင္ဖို႔ ကဖင္းဓာတ္ကို အဓိကထည့္သြင္းထားပါတယ္။ တံဆိပ္တခုနဲ႔တခုအလိုက္ ပါဝင္ႏႈန္းေတာ့ ကြာျခားပါတယ္။ကဖင္းဓာတ္အျပင္ တျခားပါဝင္တဲ့ ပစၥည္းေတြကေတာ့သၾကား။ အခ်ိဳရည္မွာ ကယ္လိုရီ အဓိကရရွိေစတဲ့ ရင္းျမစ္ျဖစ္ပါတယ္။ဗီတာမင္ B အုပ္စု။ စားသုံးလိုက္တဲ့ အစားအစာေတြကို ကိုယ္ခႏၶာက လိုအပ္တဲ့ စြမ္းအင္ေတြအျဖစ္ ေျပာင္းလဲေပးရာမွာ အဓိကက်ပါတယ္။

အမိုင္ႏိုအက္ဆစ္အုပ္စု။ အဓိကအားျဖင့္ taurine နဲ႔ L-carnitine တို႔ျဖစ္ၿပီး ကိုယ္ခႏၶာရဲ႕ ဇီဝျဖစ္စဥ္ အမ်ားစုမွာ ပါဝင္ပါတယ္။ေဆးဖက္ဝင္အပင္မ်ားမွ ထုတ္လုပ္ထားေသာ အဆီအႏွစ္မ်ား။ ဥပမာ ဂ်င္ဆင္းျဖစ္ပါတယ္။ စြမ္းအားျဖည့္အခ်ိဳရည္မ်ားဟာ ဦးေႏွာက္ကို လႈံ႕ေဆာ္ေပးပါတယ္။ လူကို စိတ္ေရာကိုယ္ပါ ႏိုးၾကားေစပါတယ္။ မွတ္ဉာဏ္ပိုင္းဆိုင္ရာ၊ အာ႐ုံစူးစိုက္မႈပိုင္းဆိုင္ရာမွာလည္း အက်ိဳးျပဳပါတယ္။သုေတသနတခုမွာ ေဖာ္ျပခ်က္အရ စြမ္းအားျဖည့္အခ်ိဳရည္ ၅၀၀ မီလီလီတာ ေသာက္သုံးၿပီးခ်ိန္မွာ မွတ္ဉာဏ္ေရာ အာ႐ုံစူးစိုက္မႈပါ ၂၄ ရာခိုင္ႏႈန္း တက္လာေစတယ္လို႔ သိရပါတယ္။ ကဖင္းနဲ႔ သၾကားဓာတ္ေၾကာင့္ ယခုအာနိသင္ထြက္ေပၚေစတာ ျဖစ္ပါတယ္။အိပ္ေရးပ်က္ခ်ိန္၊ ပင္ပန္းႏြမ္းနယ္ခ်ိန္ေတြမွာ စြမ္းအားျဖည့္အခ်ိဳရည္ကို ေသာက္သုံးရင္ လန္းဆန္းေစပါတယ္။ စစ္တမ္းေတြအရ ညဖက္ေမာင္းႏွင္ရတဲ့ ယာဥ္ေမာင္းမ်ားဟာ စြမ္းအားျဖည့္အခ်ိဳရည္ေၾကာင့္ သူတို႔ရဲ႕လုပ္ေဆာင္ႏိုင္စြမ္း ျမင့္တက္ေစတယ္လို႔ သိရပါတယ္။ ညအခ်ိန္ အလုပ္ဆင္းရတဲ့ အလုပ္သမား၊ ဝန္ထမ္းမ်ားအတြက္လည္း အက်ိဳးျပဳပါတယ္။ဗီတာမင္ C ပါဝင္တဲ့အတြက္ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဓာတ္တိုးဆန႔္က်င္ အာနိသင္လည္း ရွိတယ္လို႔ သိရပါတယ္။

စြမ္းအားျဖည့္အခ်ိဳရည္မ်ားေၾကာင့္ ဦးေႏွာက္ကို လန္းဆန္းေစေပမယ့္ ေရရွည္မွာေတာ့ က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။ အထူးသျဖင့္ စြမ္းအားျဖည့္အခ်ိဳရည္ကို အလြန္အကြၽံေသာက္သုံးသူေတြမွာ ေသြးတိုးေရာဂါ၊ႏွလုံးခုန္ျမန္ျခင္း စတဲ့ျပႆနာေတြ ရွိလာတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ႏွလုံးေရာဂါအခံရွိသူေတြအေနနဲ႔ စြမ္းအားျဖည့္အခ်ိဳရည္ေတြကို သတိျပဳ သုံးစြဲသင့္ပါတယ္။ဒါ့အျပင္ စြမ္းအားျဖည့္အခ်ိဳရည္ေတြမွာ သၾကားဓာတ္ပါဝင္မႈ မ်ားျပားပါတယ္။ ပုံမွန္ စြမ္းအားျဖည့္အခ်ိဳရည္ ၂၅၀ မီလီလီတာမွာ သသသၾကား ၂၇ ဂရမ္ခန႔္ ပါဝင္ပါတယ္။ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစႏိုင္တာေၾကာင့္ ဆီးခ်ိဳေရာဂါ အခံရွိသူေတြေသာက္မိရင္ ေသြးတြင္းသၾကားဓာတ္ ႐ုတ္တရက္ျမင့္တက္ျခင္း ျဖစ္ႏိုင္ပါတယ္။ သုေတသနတခုရဲ႕ေဖာ္ျပခ်က္အရ စြမ္းအားျဖည့္အခ်ိဳရည္ကို ေန႔စဥၤ ႏွစ္ဘူးခန႔္ေသာက္သုံးသူေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခ ၂၆ ရာခိုင္ႏႈန္း ပိုမိုျမင့္မားတယ္လို႔ သိရပါတယ္။ဒါ့အျပင္ ေသြးတြင္းသၾကားဓာတ္ျမင့္ တက္ျခင္းဟာ ဓာတ္တိုးဖိစီးျခင္းနဲ႔ ေရာင္ရမ္းျခင္းကို ျဖစ္ေစပါတယ္။ ဒါဟာ နာတာရွည္ေရာဂါေတြ ခံစားရျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ စြမ္းအားျဖည့္အခ်ိဳရည္မ်ားဟာ ဦးေႏွာက္ကို လႈံ႕ေဆာ္ၿပီး လူကို လန္းဆန္းေစတာ မို႔ ပင္ပန္းႏြမ္း နယ္ခ်ိန္၊ အိပ္ေရးပ်က္ခ်ိန္ေတြမွာ ေသာက္သုံးရင္ လူေရာစိတ္ပါလန္းဆန္းေစပါတယ္။ ဒါေပမယ့္ အလြန္အမင္း ေသာက္သုံးရင္ေတာ့ က်န္းမာေရးျပႆနာေတြ ရွိႏိုင္တာမို႔ သင့္တင့္႐ုံပဲ ေသာက္သုံးသင့္ပါတယ္။ ေန႔စဥ္ သုံးစြဲမယ္ဆိုရင္လည္း ၄၀၀ မီလီလီတာထက္ေက်ာ္ၿပီး သုံးစြဲဖို႔ မသင့္ပါဘူး။ဒါ့အျပင္ စြမ္းအားျဖည့္ အခ်ိဳရည္ေတြ ေသာက္သုံးခ်ိန္မွာ ကဖိန္းမ်ားတဲ့ တျခားအရည္ ဥပမာ ေကာ္ဖီေသာက္တာမ်ိဳးကို ေရွာင္သင့္ပါတယ္။

Credit Dr.Thant Zin