အစာအိမ်ယောင် အ စာ အိမ် အ နာ ရှိ သူ များ

1. အရက်၊ ဘီယာ၊ gin၊ vodka

2. ကော်ဖီ၊ လက်ဖက်ရည်

3. အသင့်သောက် အချိုရည်များ

4. ဆီပြန်ပာင်း များ

5. ထပ်ခါထပ်ခါ ပြန်ကြော်ထားတဲ့ အစားအစာ များ

6. ဆီအများကြီး နှစ်ပြီး ကြော်ထားသော အစားအစာ များ

7. အလွန်အမင်း စပ်သော အစားအစာများ

8. အဆီများသော အသားများ၊ ဥပမာ – ဝက်သား၊ ဘဲအရေခွံ၊ ကြက်အရေခွံ၊ ဆီဗူး

9. မိမိ နှင့် ဓါတ်မတည့်သော အစား အစာ အမျိုးမျိုး။

10. နွားနို့ – အရင် တုန်း ကတော့ အစာအိမ်ယောင်ရင် နို့သောက်ပးရင် သက်သာတယ် ဆိုပြီးပြောကြပါတယ်။ အခုတော့ နို့မှာ ပါတယ် calcium က အစာအိမ် အချဉ်ဓါတ် ကို ပို ထွက်စေ တော့ ပြန်ရှောင်ရတဲ့ အစားအစာ ဖြစ်သွားပါတယ်။

စားသုံးသင့်သော အစားအစာများ

1. အဆီနည်းသော အသားများ၊ ဥပမာ -ကြက်သား၊ ငါး။

2. အမျှင်ဓါတ် ကြွယ်ဝတဲ့အစားအစာ များ၊ ဥပမာ – ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ပန်းသီး နှင့် အခြားသော ဟင်းရွက် အမျိုးမျိုး၊ oatmeal၊ brown bread၊ ပေါင်မုန့်ကြမ်း၊

3. ပဲအမျိုးမျိုး

4. Probiotics ကြွယ်ဝတဲ့အစားအစာများ – ဒိန်ချဉ်၊ ကင်ချီ၊

5. အသီးအရွက်ကို အရောင် ငါးမျိုး ပြည့်အောင် စားပေးရပါမယ်။ အနီရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်၊ ခရမ်းရောင် စတဲ့ အရောင် ငါးမျိုး ကို အလျင်းသင့်ရင် သင့် သလို စားသင့်ပါတယ်။ အနည်းဆုံး တရုတ် ပန်းကန်လုံး နှင့် နှစ်ခွက်(ကြော်ပြီးသား) စားပေးသင့်ပါတယ်။

6. Malt Milk စတာတွေ စားလို့ရပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်