ခလေးတွေ ကို ဖုန်းပေးကိုင်တဲ့ မိဘများ သတိပြုပါရန် (ရှယ်ထားပေးပါအုံး …..)

အသက်(၄)နှစ် အရွယ်ကောင်မလေးတစ်ယောက်ဟာဖုန်း အသုံးပြုတာများလွန်းတဲ့အတွက်အသက်ငယ်ငယ်မှာပဲမျက်လုံးခွဲစိတ်မှုခံယူခဲ့ရပါတယ်။ဒီသတင်းဟာကလေးကိုအလိုလိုက်ပြီးဖုန်းပေးကိုင်တဲ့မိဘတွေအတွက်သတိထားစရာပါ။ဖုန်းကထုတ်လွှတ်တဲ့အလင်းတန်းတွေဟာ–ကလေးရဲ့မျက်သားနုနုတွေကိုထိခိုက်မှုမြန်စေပါတယ်။လူကြီးတွေ ထက်ပိုပြီးထိခိုက်မှုမြန်စေတဲ့အတွက်၊ကလေးကိုချစ်ရင်ဖုန်းပေးမကိုင်ကြဖို့၊ဒီလိုပဲကွန်ပျူတာနဲ့Tablet တွေကိုလည်းပေး မသုံးသင့်ဘူးလို့အကြံပြုနေကြပါတယ်။ အခုကလေးမလေးကတော့လက်တွေ့သက်သေပါဘဲ။

ဒီအဖြစ်အပျက်ဟာထိုင်းနိုင်ငံမှာဖြစ်ခဲ့တာပါ။ကလေးမလေးရဲ့ ဖခင်Dachar Nuysticker Chuayduang ကဒီအကြောင်းကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။Dachar ရဲ့ပြောဆိုချက်အရသူတို့ဟာကလေး(၂)နှစ်အရွယ်ကတည်းက ဖုန်းပေးသုံးခဲ့တာပါတဲ့။ ဖုန်းပေးသုံးခြင်းအကြောင်း အရင်းကတော့သူဟာ အလုပ်များသူဖြစ်သည့် အလျှောက်ကလေးငြိမ်နေစေဖို့ရည်ရွယ်ပါတယ်။ဒီလိုနဲ့နောက်ထပ်တစ်နှစ်ကျော်လောက်အတွင်းမှာသမီးဖြစ်သူမှာအမြင်အာရုံနဲ့ပြဿနာတွေစလာပါတော့တယ်။နောက်တော့မျက်မှန်ဝတ်ပေးရပါတော့တယ်။

နောက်တော့မမြင်မစမ်းပုံစံဖြစ်လာလို့ ဒေါက်တာထံမှာပြသခဲ့ရာသမီးလေးမှာအမြင်အာရုံဆုံးရှုံးခြင်းသို့မဟုတ်Lazy Eyes ကိုခံစားနေရတယ်လို့ပြောပါတယ်။ဒီအခြေအနေကတော့ မျက်လုံးတွေဟာတစ်လုံးနဲ့တစ်လုံးတူညီတဲ့ အချိန်တစ်ခုတည်းမှာတူညီတဲ့အလုပ်ကို မလုပ်နိုင်တော့တာပါ။တစ်နည်းဆိုရရင် အမြင်အာရုံမှုန်ဝါးရုံသာမက၊မျက်လုံးစွေစောင်းသွားတဲ့ရောဂါကိုပါခံစားခဲ့ရတဲ့သဘောဖြစ်ပါတယ်။ပြီးခဲ့နှစ်အောက်တိုဘာ(၃၁)မှာခွဲစိတ်မှုခံယူခဲ့ရာ၊အခုဆိုသမီးလေးဟာနဂိုလိုပြန်ကောင်းနေပါပြီတဲ့။ဒါပေမယ့်ကလေးကိုဖုန်းပေးမသုံးတော့ဖို့ဒေါက်တာတွေကတားမြစ်ထားပါတယ်။

Credit:နေသူရိန်(D Nae Khit)

zawgyi

အသက္(၄)ႏွစ္ အ႐ြယ္ေကာင္မေလးတစ္ေယာက္ဟာဖုန္း အသုံးျပဳတာမ်ားလြန္းတဲ့အတြက္အသက္ငယ္ငယ္မွာပဲမ်က္လုံးခြဲစိတ္မႈခံယူခဲ့ရပါတယ္။ဒီသတင္းဟာကေလးကိုအလိုလိုက္ၿပီးဖုန္းေပးကိုင္တဲ့မိဘေတြအတြက္သတိထားစရာပါ။ဖုန္းကထုတ္လႊတ္တဲ့အလင္းတန္းေတြဟာ–ကေလးရဲ႕မ်က္သားႏုႏုေတြကိုထိခိုက္မႈျမန္ေစပါတယ္။လူႀကီးေတြ ထက္ပိုၿပီးထိခိုက္မႈျမန္ေစတဲ့အတြက္၊ကေလးကိုခ်စ္ရင္ဖုန္းေပးမကိုင္ၾကဖို႔၊ဒီလိုပဲကြန္ပ်ဴတာနဲ႔Tablet ေတြကိုလည္းေပး မသုံးသင့္ဘူးလို႔အႀကံျပဳေနၾကပါတယ္။ အခုကေလးမေလးကေတာ့လက္ေတြ႕သက္ေသပါဘဲ။

ဒီအျဖစ္အပ်က္ဟာထိုင္းႏိုင္ငံမွာျဖစ္ခဲ့တာပါ။ကေလးမေလးရဲ႕ ဖခင္Dachar Nuysticker Chuayduang ကဒီအေၾကာင္းကိုလူမႈကြန္ရက္ေပၚမွာတင္ခဲ့တာျဖစ္ပါတယ္။Dachar ရဲ႕ေျပာဆိုခ်က္အရသူတို႔ဟာကေလး(၂)ႏွစ္အ႐ြယ္ကတည္းက ဖုန္းေပးသုံးခဲ့တာပါတဲ့။ ဖုန္းေပးသုံးျခင္းအေၾကာင္း အရင္းကေတာ့သူဟာ အလုပ္မ်ားသူျဖစ္သည့္ အေလွ်ာက္ကေလးၿငိမ္ေနေစဖို႔ရည္႐ြယ္ပါတယ္။ဒီလိုနဲ႔ေနာက္ထပ္တစ္ႏွစ္ေက်ာ္ေလာက္အတြင္းမွာသမီးျဖစ္သူမွာအျမင္အာ႐ုံနဲ႔ျပႆနာေတြစလာပါေတာ့တယ္။ေနာက္ေတာ့မ်က္မွန္ဝတ္ေပးရပါေတာ့တယ္။

ေနာက္ေတာ့မျမင္မစမ္းပုံစံျဖစ္လာလို႔ ေဒါက္တာထံမွာျပသခဲ့ရာသမီးေလးမွာအျမင္အာ႐ုံဆုံးရႈံးျခင္းသို႔မဟုတ္Lazy Eyes ကိုခံစားေနရတယ္လို႔ေျပာပါတယ္။ဒီအေျခအေနကေတာ့ မ်က္လုံးေတြဟာတစ္လုံးနဲ႔တစ္လုံးတူညီတဲ့ အခ်ိန္တစ္ခုတည္းမွာတူညီတဲ့အလုပ္ကို မလုပ္ႏိုင္ေတာ့တာပါ။တစ္နည္းဆိုရရင္ အျမင္အာ႐ုံမႈန္ဝါး႐ုံသာမက၊မ်က္လုံးေစြေစာင္းသြားတဲ့ေရာဂါကိုပါခံစားခဲ့ရတဲ့သေဘာျဖစ္ပါတယ္။ၿပီးခဲ့ႏွစ္ေအာက္တိုဘာ(၃၁)မွာခြဲစိတ္မႈခံယူခဲ့ရာ၊အခုဆိုသမီးေလးဟာနဂိုလိုျပန္ေကာင္းေနပါၿပီတဲ့။ဒါေပမယ့္ကေလးကိုဖုန္းေပးမသုံးေတာ့ဖို႔ေဒါက္တာေတြကတားျမစ္ထားပါတယ္။

Credit:ေနသူရိန္(D Nae Khit)