ပရိတ်သတ်တွေ ကို သတိပေး စကား ပြောပြလာ တဲ့ ထက်ထက်မိုးဦး
ပရိသတ်ကြီးရေကြော်ငြာမင်းသမီးလဲဖြစ် အကယ်ဒမီနှစ်ဆုရှင်လဲဖြစ် ပရိသတ်အချစ်တွေကို အမြဲရရှိနေသူလဲဖြစ်တဲ့ သူဆိုတာ အနုပညာလောကမှာ ထက်ထက်မိုးဦးပဲရှိမယ်ထင်တယ်။ ဝေဖန်ခံရနိုင်တဲ့ ကိစ္စတွေ ဖြစ်ခဲ့ရင်တောင် မဝေဖန်ခံရပဲ မျက်နှာမြင်တာနဲ့တင် ပိုပိုအချစ်ခံလာရသူပါ။ အနုပညာလောကမှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပေမယ့်လည်း ပရိသတ်တိုင်းရဲ့ရင်မှာ ထက်ထက်မိုးဦးက အမြဲ အချစ်တော်ကြီးဖြစ်နေခဲ့တယ်ဆိုတာ အခုတလော သူမကြော်ညာပြီး ရောင်းပေးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေက သက်သေပါပဲ။
ဘယ်သူနဲ့မှမတူတဲ့ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေရဲ့ ကြည့်ရှုနှုန်းအားတွေက ဘယ် ဆယ်လီ ဘယ်အနုပညာရှင်တွေကမှ လိုက်မမှီတာ အမှန်တရားပါ။ သူမရဲ့ မျက်နှာလေးကို မြင်ချင်လို့ တမင်စောင့်ကြည့်နေတဲ့သူတွေ သူမရောင်းချတဲ့ပစ္စည်းတွေကို စိတ်ချယုံကြည်လို့ ဝယ်ယူအားပေးချင်သူတွေ သူမကိုချစ်တဲ့စိတ်သက်သက်နဲ့ပဲ ဝယ်ယူအားပေးချင်ကြတဲ့သူတွေနဲ့ စည်းကားနေလေ့ရှိတဲ့ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်ရောင်းချနေမှုတွေက သူမကိုအပ်တဲ့ လုပ်ငန်းရှင်အတွက်လဲ အကျိုးဖြစ်ထွန်းစေသလို ပရိသတ်တွေအတွက် အားပေးကြည်နူးစရာ ဖြစ်နေကြပါတယ်။
အခုလိုပြန်လာ်အောင်မြင်လာတာနဲ့အတူ ထက်ထက်နဲ့အမည်ကိုအသုံးချချင်တဲ့သူတွေကြောင့်အကောင့်တုနဲ့pageအတုတွေပေါများလာတာကြောင့် ဒီနေ့မှာတော့ထက်ထက်ကတော့သူ့ရဲ့အကောင့်တုကို ပရိသတ်တွေသိအောင် လူမှုကွန်ရက်စာမျက်နှာ My dayမှာဖော်ပြခဲ့တာပါ။ ပရိသတ်တွေလည်း ထက်ထက်ရဲ့ Official Pageလေးကလွဲပီးအခြားသော Fake အကောင့်တွေကိုအမှတ်မမှားစေဖို့ဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: HtetHtetMoeOo Myday
zawgyi