ရုပ်ရည် နဲ့ ခန္ဓာကိုယ် အလှကြောင့် နာမည် အကြီး ဆုံး taxi driver ဖြစ်လာ တဲ့ ကောင်မလေး

မိန်းကလေးမောင်းတဲ့ taxi နဲ့ ယောကျာ်းလေးမောင်းတဲ့ taxi နဲ့ယှဉ်လိုက်မယ်ဆိုရင် မိန်းကလေး မောင်းတဲ့ taxi ကို လူတွေပိုစိတ်ဝင်စားကြတာ အမှန်ပါပဲ။ဒါ့အပြင် ချောမောလှပတဲ့ကောင်မလေး မောင်းတဲ့ taxi ဆိုရင်တော့ လူတွေကပိုလို့တောင် စိတ်ဝင်စားကြပါသေးတယ်။ဒီလိုနဲ့ အီကူတ ကာနာ လို့ခေါ်တဲ့ ကောင်မလေးဟာ သူမရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အလှကြောင့် ဂျပန်မှာ အကျော် ကြားဆုံး Taxi ဒရိုင်ဘာတစ်ယောက် ဖြစ်လာ ခဲ့တာပဲ ဖြစ်ပါတယ်။

သူမဟာ အရင်တုန်းကတော့ Photoမော်ဒယ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ မော်ဒယ်လုပ်ငန်း အဆင်မပြေတာကြောင့် Taxiမောင်းတဲ့အလုပ်ပါ ထပ်မံလုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်တာပါ။အီကူတဟာ အရင်ကတော့ Mina Mates of Mina magazine မှာ Photo မော်ဒယ်အနေနဲ့လုပ်ကိုင်ခဲ့ပြီး တခြားသော Salonတွေ အလှကုန်ဆိုင်ရာ ဓာတ်ပုံတွေလဲအရိုက်ခံခဲ့ပါတယ်။အီတကူ မော်ဒယ်အနေနဲ့ ရိုက်ကူး ပေးထားတဲ့ပုံလေးတွေဟာ ဘယ်လောက်လှသလဲဆိုတာကတော့ အခုမြင်တွေ့နေရတဲ့ ပုံလေးတွေထဲက အတိုင်းပါပဲ။

မော်ဒယ် လုပ်သက်လည်း ကြာပြီဖြစ်ခဲ့တဲ့ အီကူတဟာ ဘွဲ့ရပြီးမှ တရားဝင်ကားမောင်းလိုင်စင်ရ ရှိခဲ့ပြီး သူမရဲ့ taxi driver ဘဝကိုစတင်ခဲ့တာပဲ ဖြစ်ပါတယ်။အဲ့ဒီနောက်မှုတော့ အီကူတဟာ သူမရဲ့ဖော်ရွေမှု ၊ လှပမှုတွေကြောင့် တဖြေးဖြေးနာမည်ကြီးလာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံး taxi driver ဖြစ်လာခဲ့တာပါ။အဲ့ဒီနောက်က နေစပြီး အီကတမောင်းတဲ့ taxi ကိုစီးချင်တဲ့သူတွေမှ တဖွဲဖွဲပါပဲ။

Source – japaninformer.com