‘စမှတ်’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို အားပေးကြဖို့ တောင်းဆိုလိုက်တဲ့ “ချစ်သူဝေ”

ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင်၊ အဆိုတော် တစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေ ကတော့ အနုပညာလောကရဲ့ နာမည်ကြီး တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်သုဝေဟာ အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း သရုပ်ဆောင်အလုပ်ကိုစွန့်လွှတ်ခဲ့ပြီး အဆိုတော်တစ်ယောက် အဖြစ်သာ သီချင်းတွေကို ဆက်လက် ဖန်တီးနေခဲ့တာပဲဖြစ်ပါတယ်။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

ဒါပေမယ့် စစ်အာဏာသိမ်းမှုဖြစ်ကတည်းက အနုပညာအလုပ်တွေ လုံးဝရပ်နားခဲ့တဲ့ ချစ်သုဝေဟာ ဒီတစ်ခါမှာတော့ တော်လှန်ရေး ရန်ပုံငွေရရှိစေဖို့အတွက် သရုပ်ဆောင် ဒေါင်းနဲ့အတူတူ ဇာတ်ကားတစ်ကားကို အတူတူရိုက်ကူးခဲ့ပါတယ်။

ချစ်သုဝေက “ပြိုကျနေတဲ့စိတ်ကို ဆွဲထူမပြီး လုပ်လက်စ အနုပညာတစ်ခုကို တလရ အတွက် ငွေရှာဖို့ စီစဉ်လိုက်တယ်။ 🎬”စ” မှတ်🎬 ကင်မရာရှေ့ dialouge တွေမပြော ဖြစ်တာ ၈နှစ်ကျော်ကြာခဲ့တဲ့ Treza,,,, ” စ” မှတ် ကို သက်ဝင်ခဲ့ရတယ်.. ဆုတောင်းတွေ စကားလုံးတွေ ထပ် အလုပ်တွေနဲ့သာ တလရ ကို အချိန်နဲ့အမျှ ရုန်းမယ်လို့ ဆုံးဖြတ်ထားတယ်။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

Comment မှာ ရုပ်ရှင်လက်မှတ်ဝယ်လို့ ရမယ့် linkလေးပေးထားတယ်..Treza’s macrame family pageလေးcbလာပေးနော်။ ၈ရက် ၈လ မနက် ၈နာရီမှာ “စ”မှတ်မှာအတူဆုံဖို့ “စ”မှတ် ကနေ အဆုံးထိသွားဖို့💪💪” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ကြေငြာထားပါတယ်။

ချစ်သုဝေနဲ့ ဒေါင်းတို့ သရုပ်ဆောင်ထားတဲ့ “စ” မှတ် ဇာတ်ကားကို ချစ်သုဝေရဲ့ခင်ပွန်း အဆိုတော်လင်းလင်းက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ချစ်သုဝေရဲ့ ရုပ်ရှင်မရိုက်တာ (၈) နှစ်ကျော်ကြာမှ ပထမဦးဆုံးပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

crd

Add a Comment

Your email address will not be published.