အောင်ပွဲခံရာမှ ရန်ဖြစ်ကြပြီး အရေးပေါ် ရောက်လာသူ (၃) ဦးထံတွင် ကိုဗစ် ပိုးတွေ့

“ကိုဗစ်ဖြစ်ပြီး နောက်ထပ်တဖန်ဆေးရုံပြန်တက်ရနိုင်ပါသလား” အဖြေ ကတော့ Yes ပါ။ CDC မှ ၉/၁၁/၂၀၂၀ နေ့စွဲဖြင့် ထုတ်ပြန်သော သုတေသနရလဒ်အဖြေအရ ကိုဗစ်ဖြစ်ပွားသောလူ ၁၁ ယောက်လျှင် ၁ ယောက်သည် နှစ်လအတွင်း ဆေးရုံပြန်တက်ရကြောင်း အဆိုပါအန္တရာယ်ရှိလူနာများမှာ…၆၅ နှစ်ကျော် သက်ကြီးရွယ်အိုများ၊ နဂိုအခံနာတာရှည်ရောဂါဖြစ်သူများ၊ လွန်ခဲ့သည့် သုံးလအတွင်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရသူများနှင့် ဆေးဝါးအကူအညီဖြင့် နေထိုင်ရသူများသည် ၁၁ ယောက်လျှင် ၁ ယောက်နှုန်း ကိုဗစ်ဖြစ်ပြီး နှစ်လအတွင်း တက်ရောက်ရာဆေးရုံသို့ ပြန်လည်ရောက်လာလေ့ရှိကြောင်း သုတေသနတွေ့ရှိချက်အရ သိရှိရပါသည်

အဆိုပါသုတေသနကို ၂၀၂၀ ခုနှစ် မတ်လမှ ဩဂုတ်လအတွင်း အမေရိကန် ရှိ လူပေါင်း ၁၂၆,၁၃၇ တွင် ဆောင်ရွက်ထားတာဖြစ်ပြီး အဆိုပါသုတေသနတွေ့ရှိချက်အရ ကိုဗစ်သည် ပေါ့ပေါ့ဆဆ လျှော့တွက်၍ မရသောရောဂါဖြစ်ကြောင်း အသိပေးအပ်ပါသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံ/ဒေသပေါင်း ၁၉၀ တွင် ကိုဗစ်ဖြစ်ပွားသူပေါင်း ၅၁ သန်းနီးပါးရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၂.၆၃ သိန်းကျော်ပြီဖြစ်ပါသည် (JH’s dashboard 10:22 pm, 10/11/2020) ရောဂါဖြစ်ပွားသူများ၏ ၈၀% ခန့်သည် ၅% သောသူများမှ အဓိကကူးစက်ပြန့်ပွားကြောင်း သုတေသနတစ်ခုကလဲ ဆိုထားသဖြင့် မည်သူသည် super spreader အထူးကူးစက်ပျံ့နှံ့စေသူ ဖြစ်မလဲဆိုသည်ကတော့ မသိနိုင်သောကိစ္စဖြစ်ပါသည်

ထို့ကြောင့် မိမိကိုယ်တိုင်အပါအဝင် မိမိအနီးတွင် ရှိနေသောသူများသည် ရောဂါပိုး သယ်ဆောင်ဖြန့်ဖြူးနေသူများဖြစ်နိုင်သည်ကို အထူးသတိချပ်ရန်လိုအပ်ပါသည်။ တခဏအပျော်ကို ရောဂါနှင့် မလဲလှယ်သင့်ပါ မိမိမိသားစုအတွက် ရောဂါမကူးစက်စေဖို့တာဝန်သည် မိမိတွင်ရှိတာမို့ သတိတမံဉာဏ်မြေကတုတ် ပညာစွမ်းချွန်းကဲ့သို့ အုပ်ကြ ပါလော့ နောက်ကျသည် ဟူ၍ မရှိပါ ယခုစည်းကမ်းလိုက်နာလျှင် ယခုအကျိုးရှိစေနိုင်ပါသည်

ဒေါက်တာခင်ခင်ကြီး

zawgyi

“ကိုဗစ္ျဖစ္ၿပီး ေနာက္ထပ္တဖန္ေဆး႐ုံျပန္တက္ရႏိုင္ပါသလား” အေျဖ ကေတာ့ Yes ပါ။ CDC မွ ၉/၁၁/၂၀၂၀ ေန႔စြဲျဖင့္ ထုတ္ျပန္ေသာ သုေတသနရလဒ္အေျဖအရ ကိုဗစ္ျဖစ္ပြားေသာလူ ၁၁ ေယာက္လွ်င္ ၁ ေယာက္သည္ ႏွစ္လအတြင္း ေဆး႐ုံျပန္တက္ရေၾကာင္း အဆိုပါအႏၲရာယ္ရွိလူနာမ်ားမွာ…၆၅ ႏွစ္ေက်ာ္ သက္ႀကီး႐ြယ္အိုမ်ား၊ နဂိုအခံနာတာရွည္ေရာဂါျဖစ္သူမ်ား၊ လြန္ခဲ့သည့္ သုံးလအတြင္း ကိုဗစ္ေရာဂါေၾကာင့္ ေဆး႐ုံတက္ရသူမ်ားႏွင့္ ေဆးဝါးအကူအညီျဖင့္ ေနထိုင္ရသူမ်ားသည္ ၁၁ ေယာက္လွ်င္ ၁ ေယာက္ႏႈန္း ကိုဗစ္ျဖစ္ၿပီး ႏွစ္လအတြင္း တက္ေရာက္ရာေဆး႐ုံသို႔ ျပန္လည္ေရာက္လာေလ့ရွိေၾကာင္း သုေတသနေတြ႕ရွိခ်က္အရ သိရွိရပါသည္

အဆိုပါသုေတသနကို ၂၀၂၀ ခုႏွစ္ မတ္လမွ ဩဂုတ္လအတြင္း အေမရိကန္ ရွိ လူေပါင္း ၁၂၆,၁၃၇ တြင္ ေဆာင္႐ြက္ထားတာျဖစ္ၿပီး အဆိုပါသုေတသနေတြ႕ရွိခ်က္အရ ကိုဗစ္သည္ ေပါ့ေပါ့ဆဆ ေလွ်ာ့တြက္၍ မရေသာေရာဂါျဖစ္ေၾကာင္း အသိေပးအပ္ပါသည္ လက္ရွိအခ်ိန္တြင္ ကမာၻေပၚရွိ ႏိုင္ငံ/ေဒသေပါင္း ၁၉၀ တြင္ ကိုဗစ္ျဖစ္ပြားသူေပါင္း ၅၁ သန္းနီးပါးရွိေနၿပီျဖစ္ၿပီး ေသဆုံးသူ ၁၂.၆၃ သိန္းေက်ာ္ၿပီျဖစ္ပါသည္ (JH’s dashboard 10:22 pm, 10/11/2020) ေရာဂါျဖစ္ပြားသူမ်ား၏ ၈၀% ခန႔္သည္ ၅% ေသာသူမ်ားမွ အဓိကကူးစက္ျပန႔္ပြားေၾကာင္း သုေတသနတစ္ခုကလဲ ဆိုထားသျဖင့္ မည္သူသည္ super spreader အထူးကူးစက္ပ်ံ႕ႏွံ႔ေစသူ ျဖစ္မလဲဆိုသည္ကေတာ့ မသိႏိုင္ေသာကိစၥျဖစ္ပါသည္

ထို႔ေၾကာင့္ မိမိကိုယ္တိုင္အပါအဝင္ မိမိအနီးတြင္ ရွိေနေသာသူမ်ားသည္ ေရာဂါပိုး သယ္ေဆာင္ျဖန႔္ျဖဴးေနသူမ်ားျဖစ္ႏိုင္သည္ကို အထူးသတိခ်ပ္ရန္လိုအပ္ပါသည္။ တခဏအေပ်ာ္ကို ေရာဂါႏွင့္ မလဲလွယ္သင့္ပါ မိမိမိသားစုအတြက္ ေရာဂါမကူးစက္ေစဖို႔တာဝန္သည္ မိမိတြင္ရွိတာမို႔ သတိတမံဉာဏ္ေျမကတုတ္ ပညာစြမ္းခြၽန္းကဲ့သို႔ အုပ္ၾက ပါေလာ့ ေနာက္က်သည္ ဟူ၍ မရွိပါ ယခုစည္းကမ္းလိုက္နာလွ်င္ ယခုအက်ိဳးရွိေစႏိုင္ပါသည္

ေဒါက္တာခင္ခင္ႀကီး