တောင်သူကြီးများ ဝမ်းမြောက်ဖွယ်၊ နိုဝင်ဘာလ အတွင်း မိုးလေကင်းစင်ပြီ (မိုးလေဝသ ပညာရှင်မလေး စုစုစံ)

တန်ဆောင်တိုင်အထူးလျှော့ဈေး ငွေနှင်းဖွေးဖွေးလေးတွေရမယ်နော်… မိုးလေ ကင်းစင်သွားပြီဖြစ်လို့ ဆားလုပ်ငန်း အုတ်လုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ကြပြီဖြစ်ပါတယ်။ အရှေ့မြောက် မုတ်သံလေသည် သီရိလင်္ကာ၊ တမီးနာဒု ချန်းနိုင်းဒေသတွေ ကို အပြည့်အဝရောက်ရှိသွားပြီဖြစ်လို့ နိုဝင်ဘာလအတွင်း မိုးရွာနိုင် တဲ့ အနေအထား မရှိတော့ပါဘူး။

တနိုင်ငံလုံး နေ့အပူချိန် ညအပူချိန်များ ဆက်တိုက် ကျဆင်းလာနိုင်ပြီး အေးမြသာယာတဲ့ ဆောင်းဥတုလေးကို ရောက်ရှိခဲ့ပြီဖြစ်လို့ ရိတ်သိမ်း အခြောက်လှမ်းသူတွေ မိုးအနှောက်အယှက်ကင်းစေတော့မှာ ဖြစ်သလို ဆောင်းသီးနှံစိုက်ပျိုးနေတဲ့ သူများလည်း မိုးအန္တရာယ်ကင်းသွားပြီဖြစ်ပါတယ်နော်…

တစ်နိုင်ငံလုံးအတွက်ပြောတာ ဖြစ်တဲ့အတွက် ဘယ်ဒေသကပဲ ကွန်းမန့် မေးမေး တွေ့တဲ့သူက မင်းဂွတ်သီးလေးကို ဒီအတိုင်းကူညီဖြေပေးလိုက်ကြပါ တစ်ချို့က စာသေချာ မဖတ်ကြလို့ မရှင်းလို့မေးတာမျိူးတွေ ရှိလို့ပါရှင့်…

10/11/2020 at 1:24pm (MMT)
Su SuSan

zawgyi



တစ်နိုင်ငံလုံးအတွက်ပြောတာ ဖြစ်တဲ့အတွက် ဘယ်ဒေသကပဲ ကွန်းမန့် မေးမေး တွေ့တဲ့သူက မင်းဂွတ်သီးလေးကို ဒီအတိုင်းကူညီဖြေပေးလိုက်ကြပါ တစ်ချို့က စာသေချာ မဖတ်ကြလို့ မရှင်းလို့မေးတာမျိုးတွေ ရှိလို့ပါရှင့်…

10/11/2020 at 1:24pm (MMT)
Su SuSan