ယခု ရက်ပိုင်း ပိုးတွေ့နှုန်း ကျဆင်းလာ တဲ့ အဓိကအကြောင်းအရင်း နဲ့ ကျောင်းတွေ ပြန်ဖွင့်နိုင်မယ့် အချိန်

၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ Swab ယူ နှုန်း ကျပါတယ်… အဲ့တာကြောင့် (+) တွေနှုန်း ကျတာပါ….. မှတ်မှတ် ရ ရ မနေ့က ထုတ်ပြန်ချက် မှာ…. စစ်တာ တသောင်း မကျော် ခဲ့ပါဘူး… အဲ့တာကြောင့် တွေ့နှုန်း ကျတာပါ.. ကိုဗစ် မပြီးသေးပါဘူး… ကမ္ဘာ မှာ ထူးခြားတာကတော့….. ကာကွယ်ဆေး တစ်ခု Comfirm ဖြစ်ပြီ… ရလဒ်ကောင်းတယ်…မှန်းထားတဲ့အတိုင်း အဆင်ပြေတယ်….. ဒီရက်ပိုင်း အတွင်း လိုင်စင်တင်မယ်…. အဆင်ပြေရင် သူတို့ကြော်ငြာတဲ့ အတိုင်း…. သူတို့ပြည်သူ အချို့ကို ခရစ်စမတ် လက်ဆောင်ပေး နိုင်လိမ့်မယ်….

အမေရိကန်သမ္မတ အသစ်က WHO ကို ပြန်ဝင်မယ်… အကယ်၍ ကာကွယ်ဆေး Project ထဲ ပြန်ဝင်ရင်… တိုင်းပြည်ငယ်တွေ အတွက် အကျိုး ရှိမယ်….. ကျနော်တို့ ဆီက ပြည်သူ အချို့က အရင်ထက် လအနည်းငယ်စောပြီး ၂၀၂၁ နှစ်ဦးပိုင်းမှာ ကာကွယ်ဆေး မျှော်လင့်ချက် ရှိလာတယ်… အားလုံး ကတော့ ၂၀၂၁ နှစ်လည်ပိုင်းလောက် မှ…. ဆေးထိုး လို့ ရနိုင်မယ်…. အိန္ဒိယက ပါ ထုတ်လာနိုင်ရင် တော်တော်လေး အဆင်ပြေ ပြီ ပြောလို့ ရတယ်…. ကျနော်တို့ အကြိုသဘောတူညီချက်ရထားတယ်… ကာကွယ်ဆေး လက်ထဲ မရောက်ခင်တော့…. ကူးစက်မှု ဖြစ်ရင် မသေဖို့ ရှုန်းကန်ရမယ်… လူတစ်ယောက် နဲ့တစ်ယောက်မတူဘူး…

ကျောင်းတွေကတော့ စာသင်နှစ်တစ်နှစ် ဆုံးမယ်… ရှေ့လ မှာ တက္ကသိုလ်တွေ ဖွင့်မဖွင့် ကြော်ငြာမယ်… (ကျနော်တစ်ယောက်တည်း အမြင်အရတော့ မဖွင့် နိုင်သေးဘူးလို့ မြင်တယ်…ဒါပေမယ့် ဒီအချိန်ကြီးမှာက ဆုံးဖြတ်ချက်တွေ က ဘာမဆို ဖြစ်နိုင်တာ သတိပြုရမယ်) တက္ကသိုလ်တွေက အရင်ပိတ်ခဲ့တဲ့ အချိန်…. ဧပြီ လဆန်း နားလောက်မှာ မှ ကပ်ဖွင့်ပြီး စာသင်နှစ်ကို ဆက်သွား လိမ့်မယ်….။ (အရင်လည်း ပြောခဲ့ပေမယ့်….အခုလည်း ထပ်ပြောပါမယ်….ကလေးတွေ မိမိ ဝါသနာပါရာ တစ်ခုခုကို သေချာလေ့လာထားပါ…အချိန်ကောင်းကောင်းရပါမယ.်.) အခြေခံ က တော့ ဇွန် မှ ပဲ ပြန်ဖွင့်တော့မယ် မှန်းတယ်…..။ ကာကွယ်ဆေး ရုတ်တရက် အများကြီး အဆင်ပြေပြေ ရလာရင်တော့……အဲ့တာတွေ အကုန် အဆင်ပြေသွားနိုင်တယ်….။

crd

zawgyi


