ကျောက်ကပ် ကို မကြာမကြာ ဆေးကြောပေးပါ။ (ငွေကုန်ကြေးကြနည်းသော နည်းလမ်းများ)

ကျောက်ကပ်ဟာအရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့အစာတွေထဲကအဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနေရတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ဒါ ကြောင့်အလုပ်တော်တော်များများလုပ်ရပါတယ်။အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ ရေဆာသလိုရှိတော့ မှသာရေနဲနဲ လောက်သောက်ကြလေ့ရှိပါတယ်။ တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲလက်ဖက်ရည်၊ ကော်ဖီလောက်ပဲ သောက်ကြပါတယ်။အချိုရည်၊အအေးပုလင်းတွေ သောက်ကြသူတွေလည်းများပါတယ်။အဲဒီ့အပြင်ယနေ့ခေတ်မှာစား ရသောက်ရတာတွေကလည်း ဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့ အစားအသောက်တွေပဲဖြစ်နေပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာစီးပွားဖြစ်အထွက်တိုးဖို့ဓာတုဆေးတွေကို အလွန်အကျွံသုံးစွဲကြတော့လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ်။

စားရတာတွေကအဆိပ်တွေ၊ရေသောက်တာကလည်းသိပ်နည်းကြတယ်ဆိုတော့ကျောက်ကပ်ကအလွန် ပျစ်ချွဲနေတဲ့ အဆိပ်အတောက်တွေကို နေ့စဉ်ဆေးကြောပေးနေရပါတယ်။ကျောက်ကပ်ဆိုတာကသံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။ နေ့စဉ်နေ့တိုင်း အဆိပ်ပြင်းတွေကို ဆေးကြောပေးနေရတဲ့ကျောက်ကပ်ဟာကြာလာတော့ ဂျီးညှော်တွေကပ်ညိလာပါတယ်။အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ကျောက်တည်တဲ့အခြေနေ မျိုးကိုရောက်လာပါတယ်။ နောက်ဆုံးမှာကျောက်ကပ်က အလုပ်မလုပ်နိုင်တော့ပဲပျက်စီးသွားတဲ့ အထိဖြစ်သွားတတ်ပါတယ်။အဲဒီလို အခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကို မကြာခဏ ဆေးကြောပေးဖို့လိုပါတယ်။

ဆေးနည်းလေးကရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ ကျောက်ဖယုံသီးကိုပဲအသုံးပြုပြီးဲကျောက်ကပ်ကို ဆေးမှာဖြစ်ပါတယ်။ဈေးကနေကြက်လည်ချောင်းရိုးအနည်း ငယ်ဝယ်လာပြီးပြုတ်ပါ။ အရသာထည့်ပါ။ ကျောက်ဖယုံသီး၂စိပ်လောက်ကိုတုံးပြီးထည့်ပါ။ ကျက်ပြီဆိုရင်တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲ ထည့်ပြီးရင် သံပရာသီးတစ်လုံး ညှစ်ထည့်ပြီးသောက်ပါ။တစ်ပန်းကန်လုံးကုန်အောင်သောက်ပစ်လိုက်ပါ။ဒါပါပဲ။အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကိုမကြာခဏသောက်ပေးခြင်းအားဖြင့်ကျောက်ကပ်က ကျောက်တွေသာမကခန္ဓာကိုယ်ထဲမှာ အောင်းနေတဲ့ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာပိုနေတဲ့အဆီတွေလည်းကျသွားပါလိမ့်မယ်။ဒါဟာရှေးကတည်းကအရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

CRD – ဇော်ဂျီ

zawgyi

ေက်ာက္ကပ္ဟာအေရးႀကီးတဲ့ကလီစာတစ္ခုျဖစ္ပါတယ္။ေန႔စဥ္ေန႔တိုင္းစားေသာက္ေနတဲ့အစာေတြထဲကအဆိပ္အေတာက္ေတြကို သန႔္စင္ဖယ္ရွားေပးေနရတဲ့အဂၤါတစ္ခုျဖစ္ပါတယ္။ဒါ ေၾကာင့္အလုပ္ေတာ္ေတာ္မ်ားမ်ားလုပ္ရပါတယ္။အခုေခတ္မွာလူအမ်ားစုဟာေရေသာက္တာအရမ္းနည္းလြန္းၾကတယ္။ ေရဆာသလိုရွိေတာ့ မွသာေရနဲနဲ ေလာက္ေသာက္ၾကေလ့ရွိပါတယ္။ တစ္ခ်ိဳ႕လူေတြဆိုရင္ေရမေသာက္ဘဲလက္ဖက္ရည္၊ ေကာ္ဖီေလာက္ပဲ ေသာက္ၾကပါတယ္။အခ်ိဳရည္၊အေအးပုလင္းေတြ ေသာက္ၾကသူေတြလည္းမ်ားပါတယ္။အဲဒီ့အျပင္ယေန႔ေခတ္မွာစား ရေသာက္ရတာေတြကလည္း ဓာတုေဆးႂကြင္းေတြအမ်ားႀကီးပါေနတဲ့ အစားအေသာက္ေတြပဲျဖစ္ေနပါတယ္။စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးလုပ္ငန္းေတြဟာစီးပြားျဖစ္အထြက္တိုးဖို႔ဓာတုေဆးေတြကို အလြန္အကြၽံသုံးစြဲၾကေတာ့လူေတြရဲ႕ကိုယ္ထဲကိုနည္းအမ်ိဳးမ်ိဳးနဲ႔ေရာက္လာပါတယ္။

စားရတာေတြကအဆိပ္ေတြ၊ေရေသာက္တာကလည္းသိပ္နည္းၾကတယ္ဆိုေတာ့ေက်ာက္ကပ္ကအလြန္ ပ်စ္ခြၽဲေနတဲ့ အဆိပ္အေတာက္ေတြကို ေန႔စဥ္ေဆးေၾကာေပးေနရပါတယ္။ေက်ာက္ကပ္ဆိုတာကသံမဏိနဲ႔တည္ေဆာက္ထားတာမဟုတ္ပါဘူး၊အေသြးအသားေတြနဲ႔တည္ေဆာက္ထားတာပါ။ ေန႔စဥ္ေန႔တိုင္း အဆိပ္ျပင္းေတြကို ေဆးေၾကာေပးေနရတဲ့ေက်ာက္ကပ္ဟာၾကာလာေတာ့ ဂ်ီးေညႇာ္ေတြကပ္ညိလာပါတယ္။အဲဒီကေနေက်ာက္ေတြျဖစ္လာပါတယ္။ေက်ာက္တည္တဲ့အေျခေန မ်ိဳးကိုေရာက္လာပါတယ္။ ေနာက္ဆုံးမွာေက်ာက္ကပ္က အလုပ္မလုပ္ႏိုင္ေတာ့ပဲပ်က္စီးသြားတဲ့ အထိျဖစ္သြားတတ္ပါတယ္။အဲဒီလို အေျခအေနမ်ိဳးအထိမျဖစ္ရေအာင္ေက်ာက္ကပ္ကို မၾကာခဏ ေဆးေၾကာေပးဖို႔လိုပါတယ္။

ေဆးနည္းေလးက႐ိုး႐ိုးေလးပါပဲ၊မခက္ပါဘူး၊ ေက်ာက္ဖယုံသီးကိုပဲအသုံးျပဳၿပီးဲေက်ာက္ကပ္ကို ေဆးမွာျဖစ္ပါတယ္။ေဈးကေနၾကက္လည္ေခ်ာင္း႐ိုးအနည္း ငယ္ဝယ္လာၿပီးျပဳတ္ပါ။ အရသာထည့္ပါ။ ေက်ာက္ဖယုံသီး၂စိပ္ေလာက္ကိုတုံးၿပီးထည့္ပါ။ က်က္ၿပီဆိုရင္တ႐ုတ္နံနံကိုထည့္ခတ္လိုက္ပါ။ င႐ုတ္ေကာင္းနဲနဲ႐ိုက္ထည့္ပါ။ပန္းကန္ထဲ ထည့္ၿပီးရင္ သံပရာသီးတစ္လုံး ညႇစ္ထည့္ၿပီးေသာက္ပါ။တစ္ပန္းကန္လုံးကုန္ေအာင္ေသာက္ပစ္လိုက္ပါ။ဒါပါပဲ။အဲဒီ့ေက်ာက္ဖယုံသီးဟင္းခ်ိဳကိုမၾကာခဏေသာက္ေပးျခင္းအားျဖင့္ေက်ာက္ကပ္က ေက်ာက္ေတြသာမကခႏၶာကိုယ္ထဲမွာ ေအာင္းေနတဲ့ေက်ာက္ေတြလည္းရွင္းလင္းသြားပါလိမ့္မယ္။ဝမ္းဗိုက္မွာပိုေနတဲ့အဆီေတြလည္းက်သြားပါလိမ့္မယ္။ဒါဟာေရွးကတည္းကအေရွ႕တိုင္းသားတို႔သုံးခဲ့တဲ့အစာလည္းေဆး၊ေဆးလည္းအစာျဖစ္တဲ့နည္းေကာင္းေလးတစ္ခုျဖစ္ပါတယ္။

CRD – ေဇာ္ဂ်ီ