ကိုဗစ် ပျောက်ပြီးရင် ဆေးရုံပြန်တက်ရနိုင်လား ဆိုတဲ့ မေးခွန်း ရဲ့ အဖြေ (ဒေါက်တာခင်ခင်ကြီး)

“ကိုဗစ်ဖြစ်ပြီး နောက်ထပ်တဖန်ဆေးရုံပြန်တက်ရနိုင်ပါသလား” အဖြေကတော့ Yes ပါ။ CDC မှ ၉/၁၁/၂၀၂၀ နေ့စွဲဖြင့် ထုတ်ပြန်သော သုတေသနရလဒ်အဖြေအရ ကိုဗစ်ဖြစ်ပွားသောလူ ၁၁ ယောက်လျှင် ၁ ယောက်သည် နှစ်လအတွင်း ဆေးရုံပြန်တက်ရကြောင်း အဆိုပါအန္တရာယ်ရှိလူနာများမှာ…၆၅ နှစ်ကျော် သက်ကြီးရွယ်အိုများ၊ နဂိုအခံ နာတာရှည်ရောဂါဖြစ်သူများ၊ လွန်ခဲ့သည့်သုံးလအတွင်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရသူများနှင့် ဆေးဝါးအကူအညီဖြင့် နေထိုင်ရသူများသည် ၁၁ ယောက်လျှင် ၁ ယောက်နှုန်း ကိုဗစ်ဖြစ်ပြီး နှစ်လအတွင်း တက်ရောက်ရာဆေးရုံသို့ ပြန်လည်ရောက်လာလေ့ရှိကြောင်း သုတေသန တွေ့ရှိချက်အရ သိရှိရပါသည်

အဆိုပါသုတေသန ကို ၂၀၂၀ ခုနှစ် မတ်လမှ ဩဂုတ်လအတွင်း အမေရိကန်ရှိ လူပေါင်း ၁၂၆,၁၃၇ တွင် ဆောင်ရွက်ထားတာဖြစ်ပြီး အဆိုပါသုတေသနတွေ့ရှိချက်အရ ကိုဗစ်သည် ပေါ့ပေါ့ဆဆ လျှော့တွက်၍ မရသောရောဂါဖြစ်ကြောင်း အသိပေးအပ်ပါသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံ/ဒေသပေါင်း ၁၉၀ တွင် ကိုဗစ်ဖြစ်ပွား သူပေါင်း ၅၁ သန်းနီးပါး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၂.၆၃ သိန်းကျော်ပြီဖြစ်ပါသည် (JH’s dashboard 10:22 pm, 10/11/2020) ရောဂါဖြစ်ပွားသူများ၏ ၈၀% ခန့်သည် ၅% သောသူများမှ အဓိကကူးစက်ပြန့်ပွားကြောင်း သုတေသနတစ်ခုကလဲ ဆိုထားသဖြင့် မည်သူသည် super spreader အထူးကူးစက်ပျံ့နှံ့စေသူ ဖြစ်မလဲ ဆိုသည်ကတော့ မသိနိုင်သောကိစ္စဖြစ်ပါသည်

ထို့ကြောင့် မိမိကိုယ်တိုင်အပါအဝင် မိမိအနီးတွင် ရှိနေသောသူများသည် ရောဂါပိုးသယ်ဆောင် ဖြန့်ဖြူးနေသူများ ဖြစ်နိုင်သည်ကို အထူးသတိချပ်ရန် လိုအပ်ပါသည်။ တခဏအပျော်ကို ရောဂါနှင့် မလဲလှယ်သင့်ပါ မိမိမိသားစုအတွက် ရောဂါမကူးစက်စေဖို့တာဝန်သည် မိမိတွင်ရှိတာမို့ သတိတမံဉာဏ်မြေကတုတ် ပညာစွမ်းချွန်း ကဲ့သို့ အုပ်ကြပါလော့ နောက်ကျသည်ဟူ၍ မရှိပါ ယခုစည်းကမ်း လိုက်နာလျှင် ယခုအကျိုး ရှိစေနိုင်ပါသည်

ဒေါက်တာခင်ခင်ကြီး

zawgyi

“ကိုဗစ္ျဖစ္ၿပီး ေနာက္ထပ္တဖန္ေဆး႐ုံျပန္တက္ရႏိုင္ပါသလား” အေျဖကေတာ့ Yes ပါ။ CDC မွ ၉/၁၁/၂၀၂၀ ေန႔စြဲျဖင့္ ထုတ္ျပန္ေသာ သုေတသနရလဒ္အေျဖအရ ကိုဗစ္ျဖစ္ပြားေသာလူ ၁၁ ေယာက္လွ်င္ ၁ ေယာက္သည္ ႏွစ္လအတြင္း ေဆး႐ုံျပန္တက္ရေၾကာင္း အဆိုပါအႏၲရာယ္ရွိလူနာမ်ားမွာ…၆၅ ႏွစ္ေက်ာ္ သက္ႀကီး႐ြယ္အိုမ်ား၊ နဂိုအခံ နာတာရွည္ေရာဂါျဖစ္သူမ်ား၊ လြန္ခဲ့သည့္သုံးလအတြင္း ကိုဗစ္ေရာဂါေၾကာင့္ ေဆး႐ုံတက္ရသူမ်ားႏွင့္ ေဆးဝါးအကူအညီျဖင့္ ေနထိုင္ရသူမ်ားသည္ ၁၁ ေယာက္လွ်င္ ၁ ေယာက္ႏႈန္း ကိုဗစ္ျဖစ္ၿပီး ႏွစ္လအတြင္း တက္ေရာက္ရာေဆး႐ုံသို႔ ျပန္လည္ေရာက္လာေလ့ရွိေၾကာင္း သုေတသန ေတြ႕ရွိခ်က္အရ သိရွိရပါသည္

အဆိုပါသုေတသန ကို ၂၀၂၀ ခုႏွစ္ မတ္လမွ ဩဂုတ္လအတြင္း အေမရိကန္ရွိ လူေပါင္း ၁၂၆,၁၃၇ တြင္ ေဆာင္႐ြက္ထားတာျဖစ္ၿပီး အဆိုပါသုေတသနေတြ႕ရွိခ်က္အရ ကိုဗစ္သည္ ေပါ့ေပါ့ဆဆ ေလွ်ာ့တြက္၍ မရေသာေရာဂါျဖစ္ေၾကာင္း အသိေပးအပ္ပါသည္ လက္ရွိအခ်ိန္တြင္ ကမာၻေပၚရွိ ႏိုင္ငံ/ေဒသေပါင္း ၁၉၀ တြင္ ကိုဗစ္ျဖစ္ပြား သူေပါင္း ၅၁ သန္းနီးပါး ရွိေနၿပီျဖစ္ၿပီး ေသဆုံးသူ ၁၂.၆၃ သိန္းေက်ာ္ၿပီျဖစ္ပါသည္ (JH’s dashboard 10:22 pm, 10/11/2020) ေရာဂါျဖစ္ပြားသူမ်ား၏ ၈၀% ခန္႔သည္ ၅% ေသာသူမ်ားမွ အဓိကကူးစက္ျပန္႔ပြားေၾကာင္း သုေတသနတစ္ခုကလဲ ဆိုထားသျဖင့္ မည္သူသည္ super spreader အထူးကူးစက္ပ်ံ႕ႏွံ႔ေစသူ ျဖစ္မလဲ ဆိုသည္ကေတာ့ မသိႏိုင္ေသာကိစၥျဖစ္ပါသည္

ထို႔ေၾကာင့္ မိမိကိုယ္တိုင္အပါအဝင္ မိမိအနီးတြင္ ရွိေနေသာသူမ်ားသည္ ေရာဂါပိုးသယ္ေဆာင္ ျဖန္႔ျဖဴးေနသူမ်ား ျဖစ္ႏိုင္သည္ကို အထူးသတိခ်ပ္ရန္ လိုအပ္ပါသည္။ တခဏအေပ်ာ္ကို ေရာဂါႏွင့္ မလဲလွယ္သင့္ပါ မိမိမိသားစုအတြက္ ေရာဂါမကူးစက္ေစဖို႔တာဝန္သည္ မိမိတြင္ရွိတာမို႔ သတိတမံဉာဏ္ေျမကတုတ္ ပညာစြမ္းခြၽန္း ကဲ့သို႔ အုပ္ၾကပါေလာ့ ေနာက္က်သည္ဟူ၍ မရွိပါ ယခုစည္းကမ္း လိုက္နာလွ်င္ ယခုအက်ိဳး ရွိေစႏိုင္ပါသည္

ေဒါက္တာခင္ခင္ႀကီး