ကျေးဇူး တင် တတ် ဖို့ ကြိုး စား ကြည့် ပါ …

တစ်ခါတစ်လေမှာ ကျေးဇူးတရားတွေက နီးလွန်းရင် မမြင်ရတတ်ဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားတွေကို မြင်နိုင်ဖို့ ကြိုးစားပြီးကြည့်ကြည့်ပါ။ အဆင်မပြေတဲ့အရာတွေကို အပြစ်ဆိုမနေဘဲ အဆင်ပြေတဲ့အရာအတွက် ကျေးဇူးတင်တယ် ဆိုတဲ့စိတ်နဲ့ တစ်ရက်လောက်ပဲ တွေးကြည့်ပါ။

မနက်ခင်းမှာ ကျန်းကျန်းမာမာနိုးထလာရခြင်းအတွက် ကျေးဇူးတင်ပါ(နာမကျ န်းဖြစ်ပြီး အသက်လုနေရတဲ့သူတွေ အများကြီးရှိကြောင်း သတိရပါ) ဒီနေ့အတွက် အစားအစာ အလုံအလောက်ရှိခြင်းအတွက် ကျေးဇူးတင်ပါ(အစား တစ်လုတ်အတွက် ရုန်းကန်နေရတဲ့သူတွေရှိနေပါတယ်)

ငြိမ်းငြိ မ်းချမ်းချမ်းနေထိုင်ရခြင်းအတွက် ကျေးဇူးတင်ပါ(စစ်ပွဲတွေကြားထဲမှာ အသက် လုပြီး ပြေးနေရတဲ့သူတွေ တစ်ပုံကြီးပါ) အဲ့လိုမျိုး အသေးအဖွဲလေးတွေကအစ ကိုယ့်ရဲ့ဖြစ်တည်မှုဟာ ကောင်းမွန်တယ်ဆိုတဲ့စိတ်နဲ့ အရာရာကိုကျေးဇူးတင်တတ်ဖို့ ကြိုးစားကြည့်ပါ။

ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်ပါ။သူတစ်ပါးကိုလည်းကျေးဇူးတင်ပါ။ အလုပ်သွားဖို့ ဘတ်စ်ကားကို မထိမခိုက်အောင်မောင်းပေးတဲ့ ဘတ်စ်ကားဒရိုင်ဘာကိုလည်း ကျေးဇူးတင်ပါ။

လိုအပ်တဲ့ပစ္စည်းတွေကို အဆင်ပြေပြေဝယ်လို့ရအောင် ကူညီပေးတဲ့ ငွေရှင်းကောင်တာကစာရင်းကိုင်ကိုလည်း ကျေးဇူးတင်ပါ။ ကိုယ်ကအကောင်းမြင်စိတ်ထားတတ်မယ်ဆိုရင် အရာရာတိုင်းက လှပနေမှာပါ။

လောကကြီး ကောင်းတယ် ၊ ဆိုးတယ် ဆိုတဲ့သဘောက ကိုယ်ကြည့်တဲ့အမြင်ပေါ်မူတည်ပြီးပဲ ကွဲပြားသွားတာပါ။ လူရယ်လို့ဖြစ်လာတာ ခဏလေးပါ။ ဒီခဏတာဘဝလေးမှာ ကိုယ်က စိတ်ဆင်းရဲနေရမယ်ဆိုရင် ဘယ်တန်ပါ့မလဲ။

လောကကြီးကို ပြောင်းလဲဖို့မကြိုးစားပါနဲ့။ သင်ကသာ သင့်ရဲ့အမြင်ကိုပြောင်းလဲပြီး လောကကြီးကို ကြည့်လိုက်ပါ။

Credit

zawgyi

တစ္ခါတစ္ေလမွာ ေက်းဇူးတရားေတြက နီးလြန္းရင္ မျမင္ရတတ္ဘဲ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေက်းဇူးတရားေတြကို ျမင္ႏိုင္ဖို႔ ႀကိဳးစားၿပီးၾကည့္ၾကည့္ပါ။ အဆင္မေျပတဲ့အရာေတြကို အျပစ္ဆိုမေနဘဲ အဆင္ေျပတဲ့အရာအတြက္ ေက်းဇူးတင္တယ္ ဆိုတဲ့စိတ္နဲ႔ တစ္ရက္ေလာက္ပဲ ေတြးၾကည့္ပါ။

မနက္ခင္းမွာ က်န္းက်န္းမာမာႏိုးထလာရျခင္းအတြက္ ေက်းဇူးတင္ပါ(နာမက် န္းျဖစ္ၿပီး အသက္လုေနရတဲ့သူေတြ အမ်ားႀကီးရွိေၾကာင္း သတိရပါ) ဒီေန႔အတြက္ အစားအစာ အလုံအေလာက္ရွိျခင္းအတြက္ ေက်းဇူးတင္ပါ(အစား တစ္လုတ္အတြက္ ႐ုန္းကန္ေနရတဲ့သူေတြရွိေနပါတယ္)

ၿငိမ္းၿငိ မ္းခ်မ္းခ်မ္းေနထိုင္ရျခင္းအတြက္ ေက်းဇူးတင္ပါ(စစ္ပြဲေတြၾကားထဲမွာ အသက္ လုၿပီး ေျပးေနရတဲ့သူေတြ တစ္ပုံႀကီးပါ) အဲ့လိုမ်ိဳး အေသးအဖြဲေလးေတြကအစ ကိုယ့္ရဲ႕ျဖစ္တည္မႈဟာ ေကာင္းမြန္တယ္ဆိုတဲ့စိတ္နဲ႔ အရာရာကိုေက်းဇူးတင္တတ္ဖို႔ ႀကိဳးစားၾကည့္ပါ။

ကိုယ့္ကိုယ္ကိုလည္း ေက်းဇူးတင္ပါ။သူတစ္ပါးကိုလည္းေက်းဇူးတင္ပါ။ အလုပ္သြားဖို႔ ဘတ္စ္ကားကို မထိမခိုက္ေအာင္ေမာင္းေပးတဲ့ ဘတ္စ္ကားဒ႐ိုင္ဘာကိုလည္း ေက်းဇူးတင္ပါ။

လိုအပ္တဲ့ပစၥည္းေတြကို အဆင္ေျပေျပဝယ္လို႔ရေအာင္ ကူညီေပးတဲ့ ေငြရွင္းေကာင္တာကစာရင္းကိုင္ကိုလည္း ေက်းဇူးတင္ပါ။ ကိုယ္ကအေကာင္းျမင္စိတ္ထားတတ္မယ္ဆိုရင္ အရာရာတိုင္းက လွပေနမွာပါ။

ေလာကႀကီး ေကာင္းတယ္ ၊ ဆိုးတယ္ ဆိုတဲ့သေဘာက ကိုယ္ၾကည့္တဲ့အျမင္ေပၚမူတည္ၿပီးပဲ ကြဲျပားသြားတာပါ။ လူရယ္လို႔ျဖစ္လာတာ ခဏေလးပါ။ ဒီခဏတာဘဝေလးမွာ ကိုယ္က စိတ္ဆင္းရဲေနရမယ္ဆိုရင္ ဘယ္တန္ပါ့မလဲ။

ေလာကႀကီးကို ေျပာင္းလဲဖို႔မႀကိဳးစားပါနဲ႔။ သင္ကသာ သင့္ရဲ႕အျမင္ကိုေျပာင္းလဲၿပီး ေလာကႀကီးကို ၾကည့္လိုက္ပါ။

Credit