မိနစ် အနည်းငယ် အတွင်း ကြည့်ရှု သူ များစွာရရှိ ခဲ့ တဲ့ အမိုက်စား ကကွက်တွေ နဲ့ မော်ဒယ်လ် M ဆိုင်းလု ရဲ့ Tiktok

ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ်မလေး ဖြစ်တဲ့ Mဆိုင်းလု ကတော့ မြန်မာနိုင်ငံအနုပညာလောက ရဲ့ ထိပ်တန်း မော်ဒယ်လ်မလေးတစ်ယောက်ဖြစ်သလို သီချင်း MTV တွေ နဲ့ ကြော်ငြာတွေမှာ မကြာခဏ တွေမြင်နေရတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်လ်၊မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ မနောမြေကနေ ပေါက်ဖွားလာတဲ့ ဂျိန်းဖောသူ ခေါ် ကချင် တိုင်းရင်းသူလေးဖြစ်ပြီး တိုင်းရင်းသူ ဖြစ်တဲ့ အလျောက် လှပတဲ့ အသားအရေ နဲ့ မျက်နာကို ပိုင်ဆိုင်ထားသူပါ။

ပိန်ပိန်းပါးပါး ကိုယ်ခန္ဓာအချိုးအစားလေးနဲ့အတူ ကျန်းမာရေးလိုက်စားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပြီး အကပညာကိုလည်း ဝါသနာပါသူလေးပါ။ သူမက Cover Dance တွေကိုလည်း မကြာခဏဆိုသလို ကပြဖျော်ဖြေလေ့ရှိပြီး အားလပ်ချိန်လေးတွေမှာလည်း Tiktok ဆော့ကစားလေ့ရှိသူပါနော်။

ယနေ့မှာလည်း ဆိုင်းလုက Tiktok မှာ နာမည်ကြီးနေတဲ့ နိုင်ငံခြား သီချင်းလေးနဲ့ အမိုက်စား ကပြထားတာပါ။ ကကွက်အလန်းလေးတွေနဲ့ စည်းချက်ညီညီ ကပြထားတဲ့ ဆိုင်းလုရဲ့ ဗီဒီယိုလေးက မိနစ်အနည်းငယ်အတွင်း ကြည့်ရှုသူများစွာရရှိခဲ့တာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုမိမှာအသေအချာပဲဖြစ်လို့ ပြန်လည် တင်ဆက်ပေးလိုက်ပါရစေနော်…… ။

Source & Photo credit – M SENG LU’S FB ACCOUNT

zawgyi



