ဒေးဗစ်လား ကို တရားရုံး က အာမခံ မပေး

ဒေးဗစ်လား ကို တရားရုံး က အာမခံ မပေး

ဒေးဗစ်လားအား ယနေ့ ဇွန် ၃ ရက် တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ယနေ့ ရုံးချိန်းတွင် ဒေးဗစ်လားက အာမခံ လျှောက်ထားခဲ့ပြီး တရားရုံးက လျှောက်ထားမှုကို ပယ်ချကာ နောက်ရုံးချိန်းကို ဇွန်လ ၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ ပါတယ်။

ဒေးဗစ်လားနှင့်အဖွဲ့ဟာ ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေး အစီအမံများအရ ဘာသာရေးအခမ်းအနားများ၊ လူစုလူဝေးပွဲများမပြုလုပ်ရန် သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ ကာလအတွင်း ဘာသာရေးအခမ်းအနားတခု ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကနေ ကူးစက်မှု ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်

အဲဒါကြောင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့လို့ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ) နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ) နှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။

ယင်း ဘာသာရေး အခမ်းအနားမှဖြစ်ပွားခဲ့သည့် ကူးစက်မှုသည် ကိုဗစ် ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိရသည့် အစုလိုက်ကူးစက်မှု (Cluster) ဖြစ်ပါတယ်။

ဒေးဗစ်လားဟာ ကိုဗစ်ကူးစက် ခံရပြီး မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံ၌ ကုသမှုခံယူခဲ့ကာ ၎င်းထံ၌ ရောဂါပိုး သက်သာပျောက်ကင်းပြီးနောက် ဗိုလ်တထောင်မြို့နယ်ရှိ City Hotel Yangon ၌ သီးခြားထားရှိစောင့်ကြည့်ထားခဲ့ပြီး စောင့်ကြည့်ကာလ ၂၁ ရက်ပြည့်တဲ့ မေလ ၂၀ ရက်တွင် မရမ်းကုန်တရားရုံးသို့တင်ပို့ ချုပ်ရမန်ယူခဲ့ပါတယ်။ ထို့နောက် အင်းစိန်ထောင် သို့ တိုက်ရိုက် ပို့ခဲ့တာဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five × five =