ရန်ကုန် ဆေးရုံကြီး ဓါတ်ရောင်ခြည်ဌာန မှ တာဝန်ရှိသူများ အကြောင်း ပြည်သူတစ်ဦး ရင်ဖွင့် တိုင်ကြား

ရန်ကုန်ဆေးရုံကြီး ဓါတ်ရောင်ခြည် ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များအကြောင်း သိရှိစေရန် တိုင်ကြားခြင်း…

ဇွန်လ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း…

ကျွန်ုပ်မိခင်ဖြစ်သူသည် ဘယ်ဘက်ရင်အုံတွင် ကင်ဆာရောဂါ ကိုခံစားနေရ၍ ဆေးကုသခံယူနေပါတယ်.. ကင်ဆာဆေး ၆ ကြိမ်သွင်းပြီးခဲ့သည်မှာ သင်္ကြန်မတိုင်ခင်ကာလအတွင်းဖြစ်ပါတယ်…

ထို့နောက် ယနေ့ ပထမဆုံးဓါတ်ရောင်ခြည် ကုသရန်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ၈:၄၅ အရောက်လာ၍ Dr Daw Moe Hling နှင့်ပြသပြီး ဓါတ်ရောင်ခြည် ကုသရန်ညွှန်ကြားချက်များကိုသိခဲ့ရပါတယ်….

ထို့နောက်တွင်မူ ၁၀:၄၅ အချိန်ခန့်ရှိနေပြီဖြစ်ပါသောကြောင့် တစ်ခု သွားစားပါ ၁၁ ခွဲပြန်လာပြီး ဓါတ်ရောင်ခြည်ကုသရန်အတွက် tattoo ထိုးရမည်ဟုပြောကြားခဲ့ပါတယ်… (ဆရာမကြီးရဲ့စေတနာအရ ကျေးဇူးတင်မိပါတယ်)

ထို့နောက်တွင် ၁၁ ခွဲပြန်လာခဲ့ပါတယ်.. tattoo ခန်းမှ ဆရာမကြီး လက်မှတ်မပါဘဲ လုပ်မပေးနိုင်ဘူးပြောတာကြောင့် ၁၂:၃၀ မှ tatoo ထိုးရန် စက်ခန်းသို့သွားရောက် tattoo ထိုးခဲ့ပါသည်… ထို့နောက် ဆရာမကြီးအခန်းတာဝန်ကျဝန်ထမ်းမှ စက်ခန်း ၃ မှာစောင့်ဖို့ပြောကြားပါတယ်… chat form ထားခဲ့တယ် သူတို့ခေါ်လိမ့်မယ် ဟုပြောကြားသွားပါတယ်…

စက်ခန်း ၃ တွင်တာဝန်ကျ ဝန်ထမ်းမှ ဆရာမတွေ ထမင်းစားနေတယ် ၂:၃၀ မှပြန်လာခဲ့လို့ပြောပါတယ်.. ကျွန်ုပ်တို့ ၂:၂၀ မှာ စက်ခန်း ၃ ကိုပြန်လာခဲ့ပါတယ်.. ရောက်ပြီဆိုတဲ့အကြောင်း စက်ခန်းထဲက တာဝန်ကျတွေစီသွားပြောတော့.. Chat ရှိတယ်နာမည်ခေါ်မှလာခဲ့ လို့သာပြောဆို ခဲ့ပါတယ်…

ပထမဦးဆုံး ဓါတ်ရောင်ခြည်ပြသဖူးသူ ဖြစ်တာကြောင့် အကြောင်းအရာဘာတစ်ခုကိုမှ နားမလည်ပါသော်လည်း ပြောသည့်အတိုင်း တသွေမတိန်းလိုက်နာမှလွဲ၍ ဘာမှမလုပ်တတ်ပါ…

ထို့နောက် ကျွန်ုပ်မိခင်သည် ကင်ဆာဝေသနာ၏ ဘေးထွက် ဆိုးကျိုးကြောင့် ကြာကြာမထိုင်နိုင်ပါ… (အိမ်တွင် အကြာကြီးထိုင်မနေနိုင်ပါက သက်သာစေမည့်အနေအထားနဲ့ နေစေရပါတယ်… ဆေးရဲ့ဆိုးကြိုးကြောင့် လက်တစ်ဖက် ကိုက်နေတာ ၃ လရှိပါပြီ… အိမ်မှာသက်သက်သာသာ နေတာတောင် ကိုက်နေတဲ့ လက်က အခု တနေကုန်မနားဘဲ နေပူထဲမှာ မနက် ၈:၃၀ ထဲကမကိုက်ဘဲနေမလား… ငြီးနေပြီလေ)

သို့ပါသော်လဲ စည်းကမ်းအရ ပိုက်ဆံပေးကျော်တတ်ခြင်းမျိုး မပြုလုပ်ခဲ့ပါ…

ကျွန်ုပ်၏ဖခင်ဖြစ်သူက နာမည်မခေါ်သေးတာက တစ်ကြောင်း… မိန်းမဖြစ်သူ မထိုင်နိုင်တော့သဖြင့် ငြီးနေတာကတစ်ကြောင်းကြောင့် ၃ ကြိမ်တိုင်တိုင် သွားရောက်၍ မေးမြန်းရာ chat form ရှိတယ်ခေါ်မယ်စောင့်နေဟုသာ ၃ ကြိမ်တိုင်ပြောဆိုခဲ့ပါတယ်…

ထို့နောက် မိခင်အားချော့မော့၍ အားတင်းထားရန်ပြောကြားရုံသာ လုပ်ခဲ့ပါတယ်…

၅:၂၀ ခန့်တွင် ဓါတ်ရောင်ချည်ပြသလူနာနှစ်ယောက်သာ ကျန်ရှိတော့၍ အလှည့်ရောက်ရင်ပြီးပြီးပြန်ရတော့မယ်ဟုတွေးပြီးပျော်နေချိန်…. နာမည်ပြောရန်ဓါတ်ရောင်ခြည်ဌာနမှဝန်ထမ်းက ပြောခဲ့ပါတယ် နာမည်ပြောပြလိုက်သောအခါအထဲသို့ဝင်သွားပြီး ပြန်ထွက်လာကာ Chat form မရောက်သေးဘူးဟု ပြောဆိုခဲ့ပါတယ်… (ဆရာမများအားလုံးလဲ ပြန်ကြရန်ပြင်ဆင်နေပြီး ပေါ့ပေါ့တန်တန်ပဲ ”မရှိဘူး” ဟု ပြန်၍ ပြောဆိုခဲ့ပါတယ်)

(ယခင်ကလဲဤကဲ့သို့အမှားမျိုး မှားခဲ့ဖူးပါတယ် နှစ်ကြိမ်မြောက်ဆေးသွင်းခဲ့စဉ်က အပြာရောင် ဝတ်ထားသော ဆရာမက အိမ်ပြန်ချင်ဇော်ဖြင့် ကျွန်ုပ်၏မိခင်ကို သွင်းနေသည့်ဆေးများ မြန်မြန်ဆင်းအောင် ကျွန်ုပ်၏ရှေ့တွင်ပင်ဆေးကျတဲ့အရှိန်ကိုမြန်သွားခဲ့ပါတယ်…ချိန်ဖို့ပေးထားတဲ့ ဘီးလုံးကိုအဆုံးထိပေးသွားခဲ့တာပါ ဆေးကျတဲ့ဒါဏ်ကိုမခံနိုင် ဆီးချိုများတတ်လာကာ လုံးဝမနေနိုင်တော့မှ ထိုဆရာမများကိုပြောပြတော့ လွယ်လွယ်ပင်ဆေးရုံတတ်ရမည်ဆိုကာ ဆေးရုံသို့ တင်ပေးခဲ့ပါသည်… (သူတစ်ယောက်ထဲအိမ်ပြန်ခြင်တာမဟုတ်ပါဘူး… နောက်မှာချန်ထားခဲ့ရသည့် ကျွန်ုပ်၏ ဉာဏ်ရည်မမှီသည့်မောင်လေးနှင့်ညမလေးကို ကျွန်ုပ်မိခင်လဲစိတ်ပူနေတာအမှန်ပါ.. ဒါတွေကိုပြောပြခဲ့ပေမယ့် အားလုံးကမကြားလိုက်သလိုသာနေကြပါတယ်…ကင်ဆာဝေသနာရှင်တွေက သူတို့လက်ထဲက ကစားစရာလား…)

၅:၂၀ ခန့်မှ Chat form မရှိဘူးဟု ပြောတာကြောင့် ဆဆးရုံတွင်မည်သူတစ်ဦးတစ်ယောက်ကမရှိပါသဖြင့် ဘယ်လိုလုပ်ပေး ရမှန်းမသိဘဲ တစ်နေ့လုံးအတွက် အချိန်တွေကိုဖြုန်းမိခဲ့ပြီးဖြစ်ခဲ့ပါတယ်… (မေမေကတော့ စိတ်ဓာတ်ကျသွားပြီး ငါမကုတော့ဘူးတဲ့ ဒီတစ်လုံးဘဲပြောတော့တယ်)

Chat မရှိဘူးဟုပြောခြင်ကို ကျွန်ုပ်၏ဖခင်က “သေသေချာချာ ကျွန်တော့ရှေ့မှာယူလာပါတယ်လို့” ပြေလည်စွာ ပြောခဲ့ပါသော်လဲ ဓါတ်ရောင်ချည်တာဝန်ကျဝန်ထမ်းမှ အော်ဟေ့ပြီးငြင်းနေပါတယ်..

ထို့နောက် Dr Daw Moe Hling အခန်းတာဝန်ကျဝန်ထမ်းထံသို့ ဓါတ်ရောင်ခြည် တာဝန်ကျမှဖုန်းဆက်ကာ အော်၍ နင့်အဲ့ chat ဘယ်မှာထားခဲ့လဲဟုမေးမြန်ပြီး သွားရှာခဲ့ပါတယ်…

တကယ်လဲ chat ကိုရှာတွေ့ခဲ့ပါသော်လည်း chat ထဲမှာ တံဆိပ်နဲ့ဆရာဝန်တွက်ချက်ထားတဲ့စာရွက်မရှိလို့ ဓါတ်မကင်ပေးနိုင်ဘူးဟုဆိုခဲ့ပါတယ်… ဒီ chat form ကကျွန်ုပ်တို့လူနာတွေကိုင်ခွင့်မရှိပါ ဒါဆို Chat တွင် တံဆိပ်နဲ့တွက်ချက်ထားတာ မရှိတာ ကသူတို့၏ ပေါ့ဆမှုလားကျွန်ုပ်တို့ကြောင့်လား…

ယခုလိုလုပ်ခြင်းသည် ဘာမှမဟုတ်ဘူးဟု ဆိုသော်ညားလဲ ကျွန်ုပ်၏ဖခင်ဖြစ်သူသည် အစိုးရဝန်ထမ်းတစ်ယောက်ပါ ခွင့်တစ်ခါရဖို့အဆင့်ဆင့် တောင်းခံရခြင်းသာဖြစ်ပါတယ်.. ကျွန်ုပ်သည်လဲ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် အလုပ်၌ခွင့်ယူ၍ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်…

ယခုကဲ့သို့အကျိုးအမြတ်မရလို့ ဓါတ်မကင်ပေးနိုင်ဘူးလို့ မပြောယုံ တစ်မယ်လုပ်ရပ်မျိုးကို သိရှိပြီး၍ အထက်လူကြီးများအားလုံးခွင့်ပြုထားသည်လား ခွင့်မပြုဘဲလုပ်နေသည်လားတော့မသိပါ…

နောက်ဆုံးနောင်တရခဲ့သည်မှာ ကျွန်ုပ်၏အမေ့နောက်တွင် ပြသသော အန်တီကဲ့သို့ တာဝန်ကျဝန်ထမ်းထံ ပိုက်ဆံမပေးလိုက်ခြင်းကိုသာဖြစ်ပါတယ်…

ယခုကိစ္စကိုထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာပန်ကြား အပ်ပါတယ်.. ယခုကိစ္စကိုအရေးမယူပေးပါက လူတိုင်းကိုကူညီပေးနေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ပိုက်ဆံမပေးရင် သေသွားရင်တောင်ကုမပေးနိုင်ဘူးဟု ကျွန်ုပ်တို့အားလုံးထင်မြင်ယူစမိမှာပါ…

ကျွန်ုပ်တို့ယုံကြည် အားကိုးရသည့် ရန်ကုန် ပြည်သူ့ဆေးရုံဆိုတာ မရှိတော့ပြီလား…

ကျေးဇူးတင်ရှိလျှက်ပါ… (Moe Z)