အရမ်းချွဲပြီး နွဲ့ဆိုးဆိုးတတ်လွန်းသူလေးမို့ ချစ်သူဆီကနေ နာမည်ပြောင်လေးတစ်ခု အပေးခံလိုက်ရတဲ့ “ခေးဆက်သွင်”

ပရိသတ်ကြီးရေ မင်းသမီးချောလေး ခေးဆက်သွင် ကတော့ MRTV- 4 ရုပ်သံဇာတ်လမ်းတွဲ တွေကနေတစ်ဆင့်ချစ်စရာအပြုအမူလေးတွေ ကြောင့် အချိန်အတိုတွင်းပရိသတ်တွေရဲ့ ချစ်ခင်အား‌ပေးမှုကိုအပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်နော်.။ ခေးဆက်သွင်ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းကသူမရဲ့ချစ်သူကိုပရိသတ်တွေ ရှေ့ထုတ်ပြလာခဲ့ပြီး သူမချစ်သူရဲ့နောက်ကြောင်းနဲ့ပတ်သက်ပြီးလည်း မဖုံးကွယ်စတမ်း ပွင့်လင်းစွာပြောပြပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လူသိရှင်ကြား အသိပေးခဲ့ပြီမို့ သူမတို့နှစ်ယောက် ရဲ့အကြောင်းနဲ့ပတ်သက်ပြီး ဓာတ်ပုံလေးတွေ အမှတ်တရလေးတွေ အမြဲမျှဝေပေးတတ်တဲ့ ခေးဆက်သွင်တို့ စုံတွဲဟာ ဒီတစ်ခါမှာလည်း ပရိသတ်တွေကို အားကျစေခဲ့ပြန်ပါပြီ။ ခေးဆက်သွင်ရဲ့ချစ်သူက ခေးဆက်သွင်နဲ့အတူတူရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံလေးမှာ “စောင်ကလေးနဲ့” ဆိုပြီး ခေးဆက်သွင်ရဲ့ နာမည်ပြောင်လေးကို ရေးသားခဲ့ပါတယ်။

ခေးဆက်သွင်ကတော့ အရမ်းချွဲပြီး နွဲ့ဆိုးဆိုးသူလေး မို့ ချစ်သူဆီကနေ နာမည်ပြောင်လေးတစ်ခုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ ချစ်သူနှစ်ယောက်ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။

Source: Khay Sett Thwin’s fb

zawgyi



