ချစ်သူ ကောင်မလေးပုံ တက်တူး ထိုးရာ အဖွားကြီးပုံ ထွက်လာ၍ တက်တူးဆရာအား ဓား နဲ့ ခုတ်သတ်

ချစ်သူ ကောင်မလေးပုံ တက်တူး ထိုးရာ အဖွားကြီးပုံ ထွက်လာ၍ တက်တူးဆရာအား ဓား နဲ့ ခုတ်သတ်

ဒီအဖြစ်အပျက်လေးကတော့ ထိုင်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ သာမဟုတ် သူတို့ ထိုင်းလူမျိုးတွေမှာလည်း ကိုယ်ချစ်တဲ့ ကိုယ်လေးစား မြတ်နိုးသူကို ခန္ဓာကိုယ်မှာ ပုံတူတက်တူးထိုးကြလေ့ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံ မှာလည်း ကိုယ့်ချစ်သူ ကိုယ့်မိဘ ကိုယ်သားသမီး စသဖြင့် ဘဝမှာ အချစ်ဆုံး အမြတ်နိုးဆုံးသူတွေကို ခန္ဓာကိုယ်မှာတက်တူးထိုးပီး ဘယ်လောက်ချစ်တယ်ဆိုတဲ့သဘောကို ပြသလေ့ရှိပါတယ်။

ထိုင်းနိုင်ငံက လူငယ်လေး လည်း သူ့ချစ်သူ ကို မြတ်နိုးချစ်ခင်လွန်း လို့ တက်တူးဆရာကို ပုံတူတက်တူး ထိုးခိုင်းတာ အဖွားအို ရုပ်ထွက်လာလို့ ဒေါသဖြစ်ကာ တက်တူးဆရာကို ဓား နဲ့ ခုတ်သတ်ခဲ့ပါတယ်တဲ့ဗျာ။

အချစ်ဆိုတာရဲ့တစ်ဖက်မှာ အင်မတန်ကြောက်စရာ ကောင်းတဲ့ အရာတစ်ခုရှိတယ်။ အရမ်းချစ်မိသွားရင် ဘာကို မှ မမြင်တော့ဘူးဆိုတာ ဒါကိုပြောတာ ထင်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့လည်း ကိုယ့်သူငယ်ချင်း ရဲ့ ချစ်သူကို အပျော်သဘော နဲ့ ကိုယ်က ပျော်စေပျက်စေ စ နောက် မိပေမယ့် ပြသနာတက်ကြတာတွေလည်း မကြားမတွေ့ချင်မှ အဆုံးဗျာ။ ဒါကြောင့် တစ်စုံတစ်ယောက် ရဲ့ အချစ်ကို ဘယ်တော့မှ သွားမစ မနောက်ကြဖို့ သတိပေးလိုက်ပါတယ်နော်။ #ဖေဖေကြီး

Add a Comment

Your email address will not be published. Required fields are marked *

three × five =