မိန်းမသား တန်မဲ့ ညနက်သန်းခေါင် တစ်ယောက်တည်း ကိုဗစ် ကာကွယ်ရေး လိုက်နှိုးဆော်ပေးတဲ့ သူနာပြု ဆရာမလေး

မိန်းမသား တန်မဲ့ ညနက်သန်းခေါင် တစ်ယောက်တည်း ကိုဗစ် ကာကွယ်ရေး လိုက်နှိုးဆော်ပေးတဲ့ သူနာပြု ဆရာမလေး

ပရိသတ်ကြီးရေ ကိုဗစ်ကာလမှာ ကျန်းမာရေး ဝန်ထမ်းတွေဟာ ရောဂါကူးစက် မှာ မကြောက်ဘဲ ရှေ့တန်းက နေကုသမှုတွေ လုပ်ပေးနေကြတာပါ…

ဒါ့အပြင် ကိုဗစ် မကူးစက်ဖို့ ကျန်းမာရေး အသိပညာပေးမှုတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်…ခုပြောပြချင်တာကတော့ ရွာလေးတစ်ရွာက သူနာပြုဆရာမလေးဟာ ညနက်သန်းခေါင် အကြောက်တရားကို ဖယ်ပြီး ပြည်သူတွေအတွက် အသိပညာပေးမှုတွေ လိုက်လံ နှိုးဆော်ပေးနေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်…

“မြန်မာနိုင်ငံ မြို့လေးတစ်မြို့ ရွာလေး တစ်ရွာ ဆရာမတစ်ဦး ရဲ့ ပုံရိပ်..Covid 19 အသိပညာပေးတာပါ။ တောရွာ ဓလေ့ဆိုတော့ ညအခါမှာပဲ လူစုံတာဆိုတော့ စေတနာ မေတ္တာရှေ့ထား ပညာပေးနေတဲ့ ဆရာမလေး…နှစ်တွေ ဘယ်လောက်ကြာပါစေ… ရှားပါးဓာတ်ပုံလေးကို မှတ်တမ်းတင်မိပါသည်။”

Credit Jeeptoolay
Source Saw Min Min via ဉာဏ်လှိုင်း

Add a Comment

Your email address will not be published. Required fields are marked *

twenty − 16 =