Than Lwin Oo
unicode
ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနိုင်ကြောင်း ကြိုတင် သိရှိနေခဲ့တဲ့ ဘီလ်ဂိတ်နှင့် အိုဘားမား လက်ထက် အမေရိကန် ဇီဝလက်နက်စီမံကိန်းများ နောက်ကွယ်…
အမေရိကန် ဘီလျံနာ မိုက်ခရိုဆော့ဖ် သူဋ္ဌေးကြီး ဖြစ်သူ ဘီလ်ဂိတ်က သူဟာ ၂၀၁၆ ဒီဇင်ဘာလမှာ ကတည်းက သမ္မတရွေးကောက်ပွဲ အောင်နိုင်သူ မစ္စတာ ဒေါ်နယ်ထရမ့်ကို ကူးစက်မြန် ကမ္ဘာ့ ကပ်ရောဂါကြီး ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဘီလ်ဂိတ်က ကမ္ဘာ့ခေါင်းဆောင်တွေ ကို စစ်ပွဲတွေ ဖြစ်လို့ လူသေတာ ထက် ကပ်ရောဂါ ဖြစ်ပွားလို့ လူသေဆုံးမှုနှုန်းဟာ ပိုမြင့်မားနိုင်ကြောင်း သတိပေးဖို့ ကြိုးစားခဲ့တယ်။
ကမ္ဘာ့ခေါင်း ဆောင် တွေကို ကူးစက်မြန် ကပ်ရောဂါတွေ ကို အမျိုးသား ကာကွယ်ရေးစနစ် တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပါကြောင်း၊ ဒါပေမယ့် သူ့စကားကို အနည်းငယ်မျှသာ နားထောင်ခဲ့ကြကြောင်း ဘီလ်ဂိတ်က ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်း သေကြေ ပျက်စီးမှုတွေ အတွက် အလွန်ပင် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဘီလ်ဂိတ်က ပြောပါတယ်။ မစ္စတာ ဘီလ်ဂိတ် ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ကို တုန့်ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ အပေါ် ဝေဖန်နေခြင်းကို ဆန့်ကျင် ကန့်ကွက်သူ တစ်ဦး ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကိုင်တွယ်ခဲ့ရာမှာ စေ့စပ်သေချာမှု ကင်းမဲ့ခဲ့တယ်လို့ ဘီလ်ဂိတ်က ပြောကြားခဲ့ကြောင်း သိရပါတယ်ဗျာ။
မိုက်ခရိုဆော့ဖ် သူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ သမ္မတ အိုဘားမား လက်ထက်က သမ္မတ အိုဘားမား၊ ဒုသမ္မတဂျိုးဘိုင်ဒင် တို့နဲ့ အတော် ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်တယ်။ သမ္မတ အိုဘားမားဟာ ဇီဝလက်နက်စီမံကိန်းကို လျှို့ဝှက် အကောင်အထည် ဖော်ရာမှာ စီအိုင်အေရဲ့ ကူညီပံ့ပိုးမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇ မျိုးကွဲ ၈၉ ခုကို ဖန်တီးနိုင် ခဲ့တယ်လို့ ဆိုပါတယ်။
ဒီ လျှို့ဝှက် စီမံကိန်း အကောင်အထည်ဖော်ရာ မှာ အရေးပါတဲ့ လူလုပ် ဉာဏ်ရည်တုနည်းပညာ (AI) ရဲ့ ကဏ္ဍအတွက် အိုင်တီနည်းပညာ ထိပ်တန်းပညာရှင်ဖြစ်သူ ဘီလ်ဂိတ်ရဲ့ အကူအညီကို ရယူခဲ့တယ်လို့ ယူဆရပါတယ်။ ဘီလ်ဂိတ်ကို ဇီဝလက်နက်စီမံကိန်းအကြောင်း တိုက်ရိုက် အသိမပေး ခဲ့ပေမယ့် IQ မြင့်မားသူ ဖြစ်တဲ့ ဘီလ်ဂိတ်ဟာ အရိပ်အမြွက် အားဖြင့် သဘောပေါက် နားလည်ခဲ့တဲ့အတွက် ကမ္ဘာကြီးဟာ တစ်ချိန်ချိန်မှာ ဇီဝလက်နက်တွေ ကြောင့် ကပ်ရောဂါ အသွင် ဖြစ်ပွားသွားနိုင်ကြောင်း သတိပေးခဲ့တာ ဖြစ်နိုင်ချေ ရှိပါတယ်။
အိုဘားမား ရဲ့ ဇီဝ လက်နက် စီမံကိန်းမှာ ထောက်ပံ့မှု ပေးခဲ့သူ တစ်ဦးကတော့ မစ္စတာ ဂျော့ချ်ဆိုးရော့စ် ဖြစ်တယ် လို့ဆိုပါတယ်။ စီအိုင်အေရဲ့ ထိပ်တန်းလျှို့ဝှက် ဇီဝလက်နက် ဓာတ်ခွဲခန်း တွေဟာ အမေရိကန် နိုင်ငံထဲမှာသာမက ယခင်က ဆိုဗီယက် ခွဲထွက် နိုင်ငံတွေ ဖြစ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ ဂျော်ဂျီယာ နိုင်ငံတွေ မှာထိ ဖြန့်ကြက် ခဲ့တယ်။ ယူကရိန်းဒုသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဟာ ယူကရိန်း နိုင်ငံမှာ အတော်ပဲ ပေါက်ရောက်ခဲ့သူ ဖြစ်တဲ့အတွက် ယူကရိန်း ကာခစ်မှာ ရှိတဲ့ လျှို့ဝှက်စီမံကိန်းမှာ ပတ်သက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဂျော်ဂျီယာနိုင်ငံ လူဂါစင်တာ ဇီဝလက်နက် ဓာတ်ခွဲခန်းမှ MERS & SARS ရောဂါ ဗိုင်းရပ်စ်ပိုး တွေကို ထုတ်လုပ် နေကြောင်း ၂၀၁၈ ခုနှစ်က ရုရှားစစ်ထောက်လှမ်းရေးရဲ့ စွပ်စွဲမှုတွေကြောင့် ကမ္ဘာကျော်ခဲ့ပါသေးတယ်။ (မကြာသေးမီကလည်း အမေရိကန်တွေရဲ့ ယူကရိန်းနိုင်ငံ လူဂါစင်တာ ဇီဝလက်နက် ဓာတ်ခွဲခန်းမှ ကိုဗစ်-19 ရောဂါ ဖြစ်စေတဲ့ SARS- CoV-2 ကိုရိုနာဗိုင်းရပ်စ် ကို ဖန်တီးခဲ့တာလို့ ရုရှား စစ်ထောက်လှမ်းရေး ဖက်က စွပ်စွဲခဲ့ပါသေးတယ်)
ဒါ့ပြင် UKRAINEGATE, CIA-DEEP STATE’S PLOT AGAINST TRUMP ဆိုတဲ့ ဆောင်းပါးဟာ ယခုအခါမှာ ကမ္ဘာ့ကပ်ရောဂါ အဖြစ်အသိအမှတ်ပြုခံထားရတဲ့ ကိုဗစ်-19 ဆိုတာ တရုတ်လုပ် ဗိုင်းရပ်စ် မဟုတ်ပဲ စီအိုင်အေ နဲ့ DEEP STATE တို့ရဲ့ အိုဘားမား လက်ထက်ကတည်းက ဖန်တီးခဲ့တဲ့ ဗိုင်းရပ်စ် မျိုးကွဲ တစ်ခုကို သမ္မတ ထရမ့်ကို အကျိုးစီးပွား ပျက်စီးသွားအောင် ရည်ရွယ်၍ တိုက်ခိုက် လိုက်တဲ့ ဇီဝလက်နက် တစ်ခုသာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အဲ့ဒီဆောင်းပါးက ဘီလ်ဂိတ် ဟာ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနိုင်ကြောင်း ဘာ့ကြောင့်များ ကြိုသိ နေခဲ့တာလဲ? ဆိုတဲ့ မေးခွန်းကို အဖြေတစ်ခု ပေးထားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခု ဆောင်းပါးရှည်ကြီးမှာ ဖော်ပြထားချက်ကို ကောက် ချက်ချ ရမယ် ဆိုရင် အမေရိကန်တွေဟာ.. ကိုယ့် အတတ် နဲ့ ကိုယ်စူးပြီး နှုတ် ရခက်နေတဲ့ အခြေအနေ၊ သူတပါးကို မကောင်းကြံ ကိုယ်ပြန် ဘေးဒဏ်ထိ ဆိုတဲ့ ဘဝမျိုး ရင်ဆိုင်နေရ တာသာ ဖြစ်တယ်လို့ ယူဆရကြောင်း ပါဗျာ။
Than Lwin Oo
Add a Comment
Your email address will not be published. Required fields are marked *
5 + six =