မိန်းကလေးတစ်ယောက် ရဲ့ တင် ရင် တွေကြည့်ပြီး အပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့လူတွေ ဖတ်ဖြစ်အောင် ဖတ်သွားပါ
|မိန်းကလေးတစ်ယောက် ရဲ့ တင် ရင် တွေကြည့်ပြီး အပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့လူတွေ ဖတ်ဖြစ်အောင် ဖတ်သွားပါ
ယောက်ျားဆိုတာ မယုတ်မာ ဖို့ပဲ လိုတာပါ …
မိန်းကလေးတစ်ယောက် ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေမင်းတို့ရော လူပျိုစစ်ရဲ့လား?
ရမလား စမ်းတာ ယောက်ျား သဘာဝလို့ မပြောပါနဲ့အဲ့ဒီစကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်းများစွာရဲ့အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲကိုယ်ချင်းစာမိရဲ့လား
အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းက ကိုယ်ခြေထောက်က နဂိုကတည်းက မသန့်လို့ပဲ ဆိုတာသိထားပါ
ကိုယ်ကိုယ်တိုင်က နှမချင်းစာနာတတ်တဲ့ စိတ် မရှိရင် ခွေးထက်ယုတ်ညံသွားလိမ့်မယ်
Tattoo ထိုးမှ ယောက်ျား ပီသတယ် ထင်နေလားဆေးလိပ်/ အရက်သောက်မှ ယောက်ျားပီသတယ် ထင်နေလားဗလတောင့်မှ ယောက်ျားပီသတယ် ထင်နေလား
နောက်ဆုံးစစ်တပ်ထဲဝင်မှ ယောက်ျားပီသတယ် ထင်နေလားတစ်ကယ် တမ်းတော့ ယောက်ျားပီသဖို့ သူများသားသမီးကိုမယုတ်မာဖို့ပဲ လိုတာပါ
မင်းသာ ယောက်ျားကောင်းဆိုရင် ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဘဝတစ်ခု တည်ဆောက်ဖို့ အတွက်မင်းခေါ်သွားဖို့ ကြိုးစားနေတဲ့ တည်းခိုးခန်းအစား မင်္ဂလာခန်းမထဲ ပြောင်းခေါ်ခဲ့လိုက်ပါ
မင်းသာ ယောက်ျားကောင်းဆိုရင်အချစ်တစ်ခုကို ဘန်းပြပြီး သူအဝတ်အစားတွေ ချွတ်နေတဲ့ မင်းလက်ကို ရပ်လိုက်ပါ
မိန်းကလေးတစ်ယောက်ရဲ့ အချစ်နဲ့ဘဝကိုစော်ကားဖို့ ကြိုးစားတော့မည် ဆိုရင်အရင်ဆုံး ကိုယ်အမေ အစ်မနှမကို ပြေးမြင်ကြည့်လိုက်ပါ
ယောက်ျားတစ်ယောက် ကြိုက်သလောက် မိုက် လို့ရတယ်ဘယ်တော့မှ မယုတ် မာပါနဲ့
#မူရင်းရေးသားသူအားလေးစားလျက်
#Credit