အဆိုတော်ဝေလ နဲ့ တရားဝင် ကွာရှင်းလိုက်ရတဲ့အကြာင်းအရင်း အပြည့်အစုံကို ပြောပြလာတဲ့ “သရဖီ”
|ပရိသတ်ကြီးရေ အဆိုတော်ဝေလ ကတော့ အနှစ်သာရရှိတဲ့ သီချင်းကောင်း များစွာကို သီဆိုဖန်တီးလေ့ရှိတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်နော်။ အဆိုတော်ဝေလရဲ့Storyခေါ် ဇာတ်လမ်း သွားဝတ္ထုပုံစံသီချင်းများကို ပရိသတ်များဟာ အထူးကြိုက်နှစ်သက်ခဲ့ ကြပြီးဝက်ဝက်ကွဲအားပေးကြတဲ့အထိဂီတလောကမှာအောင်မြင်မှုရ လာခဲ့သူဖြစ်ပါတယ်နော်။
ဝေလရဲ့မိတ်ကပ်မကြိုက်သောသီချင်းများဟာ ပရိသတ်နဲ့ခံစားချက်ထပ်တူညီခဲ့ပြီးနောက်ပိုင်းဖန်တီးသီဆိုလာတဲ့သီချင်းတိုင်းနီး ပါးဟာ ပရိသတ်တွေအသည်းစွဲသီချင်းတွေအဖြစ်မီတ်ကျောက်တင်နိုင်ခဲ့ပြန်ပါတယ်။ ထိုသီချင်းများစွာထဲမှာမှ“သရဖီအတွက်”ဆိုတဲ့အချစ်သီချင်းလေးဟာ လတ်ဆတ်ချိုမြိန်လှပြီးပရိသတ်ရင်ကိုငြိတွယ်ထိခတ်စေခဲ့သော သီချင်းတွေထဲ ကတစ်ပုဒ်အပါအဝင်ဖြစ်ပါတယ်။
ဒီ”သရဖီအတွက်”ဆိုတဲ့ သီချင်းလေးဟာဝေလက သူ့ရဲ့ဇနီးဖြစ်သူ သရဖီအတွက်ခံစားချက်တွေကို သီကုံးရေးဖွဲ့ခဲ့တာဖြစ်ခဲ့တယ်လို့ သိကြရပြီးဝေလနည်းတူသရဖီကိုပရိသတ်တွေကချစ်ခင်ကဲ့ကြ တန်ဖိုးထားခဲ့ကြရပြန်ပါတယ်။သရဖီဟာဆိုရင်ချောမောလှပသောရည်ရုပ်လေးနဲ့ရည်မွန်ချိုသာသောအပြုံးတို့ဖြင့်ပြည့်စုံသော အမျိုးသမီးတစ်ဦးဖြစ်ပြီးဝေလသီချင်းထဲက စာသားအတိုင်း“မိုနာလီဇာခေါက်ထားပါ၊သူရယ်နေချိန် ညာဖက်ပါးတစ်ဖက်မှာ ပါးချိုင့်လေးလည်းပါဆိုတဲ့အတိုင်းပြုံးရယ်လိုက်တိုင်းပါးချိုင့်လေးနဲ့မြင်သူကိုအေးချမ်းသူလေးလည်းဖြစ်ပါတယ်နော်။
သရဖီဟာဆိုရင်အလှူအတန်းတွေကိုအားကြိုးမာန်တက်လုပ်ကို င်လေ့ရှိသလိုဘာသာရေးကိုလည်းအထူးအလေးထားကာပရဟိတလုပ်ငန်းတွေကိုလုပ်ကိုင်နေသောအမျိုးသမီးကောင်းလေးတစ်ယောက်ဖြစ်ပါတယ်နော်ပရိသတ်ကြီး။ဒါ့ကြောင့်မို့လည်းအဆိုတော်ဝေလနဲ့ဇနီးဖြစ်သူသရဖီတို့စုံတွဲလေးကိုပရိသတ်တွေကစံပြIdolစုံတွဲအဖြစ်သတ်မှတ်ကာသားလေးဂါဂူးလေးကိုပါချစ်ခင်အားပေးဝန်းရံခဲ့ကြတာပါ။ သို့ပေမယ့်ဒီနေ့လေးမှာတော့ဝေလရဲ့ ဇနီးဖြစ်သူသရဖီမှသူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်စ် အကောင့်ဖြစ်သော သရဖီမျိုးမင်းအကောင့် မှနေ၍အခုလိုတင်လာခဲ့ပါတယ်။
သရဖီက” အကြင် လင်မယားအဖြစ်မှကွာရှင်းပြတ်ဆဲပြီးစီးကြောင်း အများသိစေရန်ကြေညာခြင်းဦးဝေဖြိုးအောင်(ခ) ဝေလ(အဆိုတော်)၁၂/ဒဂရ(နိုင်)၀၀၃၀၇၁နှင့်ကျွန်မဒေါ်သရဖီမျိုးမင်း(၁၂/ဒဂမ(နိုင်)၀၁၂၆၅၃ တို့သည်(၃၀.၇.၂၀၂၀)ရက်နေ့တွင်ကမာရွတ်မြို့ နယ်တရားရုံး၊တရားသူကြီးရှေ့မှောက်တွင်နှစ်ဦးသဘောတူအကြင်လင်မယား အဖြစ်တရားဝင်ကွာရှင်းပြတ်စဲပြီးဖြစ်ပါသဖြင့်တစ်ဦးနှင့်တစ်ဦးမည်သို့မျှသက်ဆို င်ခြင်းမရှိတော့ပါကြောင်းအများသိစေရန်ကြေညာအပ်ပါသည်။ စုံစမ်းမေးမြန်းခြင်းသည်းခံပါ။ဒေါ်သရဖီမျိုးမင်း”ဆိုပြီးတင်လာခဲ့တာဖြစ်ပါတယ်နော်။
၂၀၂၀ဆိုသည့်အတွက်ကွာရှင်းပြတ်စဲပြီး၂နှစ်အကြာမှတင်လာခဲ့သောမထင်မှတ်ထားသော ဒီသတင်းလေးကြောင့်ပရိသတ်တွေအားလုံးကလည်းအံ့အားသင့်ကာ စိတ်မကောင်းဖြစ်နေကြပြီး သူတို့ချစ်သောသရဖီလေးအားအားပေး စကားများပြောကြားပြီးဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်ပေးနေကြတာကိုတွေ့ရပါတယ်နော်။လောကဓမ္မသဘောတွေ့ဆုံကြုံကွဲဖြစ်မြဲဓမ္မတာဆိုပေ မယ့်ချစ်သောသူတွေကွေကွင်းခွဲခွာကြရတာတွေ့မြင်ရရင်စိတ်မေကာင်းဖြစ်ကြစမြဲပါပဲနော် ပရိသတ်ကြီး။
Credit;