ကူးစက်မှု ပျံ့နှံ့နေ တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ကိုဗစ်ကြောင့် လူတဦး စတင် သေဆုံး

ကူးစက်မှု ပျံ့နှံ့နေ တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ကိုဗစ်ကြောင့် လူတဦး စတင် သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ လူဦးရေ ထူထပ်တဲ့ ဒုက္ခသည်စခန်း မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇွန် (၂) ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ မြန်မာနိုင်ငံနယ်စပ်နဲ့ ထိစပ်နေတဲ့ နေရာမှာ တည်ရှိတဲ့ ဘင်္ဂါလီဒုက္ခသည်တစ်သန်းနီးပါး နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေ မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နိုင်ကြောင်း ပညာရှင်တွေက အစောကြီးကတည်းက သတိပေး ထားခဲ့ကြပါတယ်။

ယင်းအမျိုးသား ဟာ မေ ၃၁ ရက်မှာ သေဆုံးခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတယ်ဆိုတာကို ယမန်နေ့ည မှာ အတည်ပြုနိုင်ခဲ့တယ်လို့ ကော့ဘဇားခရိုင် ထိပ်တန်း ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။

Rohingya refugees gather to mark the second anniversary of the exodus at the Kutupalong camp in Cox’s Bazar, Bangladesh, August 25, 2019. REUTERS/Rafiqur Rahman

ရောဂါကြောင့်သေဆုံးမှုဟာ ဒုက္ခသည် ခြောက်သိန်းနေ ထိုင်တဲ့ အကြီးဆုံးဒုက္ခသည်စခန်း ကူတူပါလောင်မှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူဟာ ဒုက္ခသည်စခန်းအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၉ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ သီးခြား ကျန်းမာရေး စင်တာတစ်ခုမှာ သေဆုံး သွားခဲ့တာဖြစ်ပြီး အဲဒီနေ့မှာဘဲ သဂြိုင်္ဟ်လိုက်တယ်လို့ သိရပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

2 × 4 =