တူမလေး အခရာ ရဲ့ ချစ်စရာလည်းကောင်းတဲ့ အကြောင်းအရာ တစ်ခုကို ပြောပြလာတဲ့ “ဖူးစုံ” ရဲ့ ဗီဒီယိုလေး

Posted on

သရုပ်ဆောင်ဖူးစုံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးဖြစ်ပြီး အပူအပင်ကင်းတဲ့ အပျိုကြီးတစ်ယောက်အဖြစ် ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဖူးစုံဟာ သူမရဲ့တူမလေး အခရာကြောင့်လည်း ပရိသတ်တွေကြား မျက်နှာပွင့်သူဖြစ်ပြီး ဒီကနေ့မှာလည်း တူမလေး အခရာ ရဲ့ ချစ်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတဲ့ အကြောင်းအရာတစ်ခုကို ပြောပြလာပါတယ်။

ဖူးစုံက အဆိုတော် ဘင်ဂျမင်ဆုမ်ရဲ့ သီချင်းကို ကြည့်ပြီး အထိတ်တလန့် ဖြစ်နေတဲ့ တူမလေး အခရာအကြောင်းကို “နှောက်ပါဦး အခရာ မရယ် 🥴.. သူ့မျက်မှန်ကို လာငှါးသွားတယ် ထင်ပြီးအခန်းထဲ ပြေးဝင်လာတာ တွေ့တော့မှ တော်ပါသေးရဲ့ အပျောက်ခံလို့မရတော့ဘူး တဲ့ပြောပုံက🥴” ဆိုပြီး ဗီဒီယိုလေး နဲ့တကွပြောလာပါတယ်။

ဖူးစုံရဲ့ တူမလေးကတော့ သူမရဲ့မျက်မှန်နဲ့ ဘင်ဂျမင်ဆုမ် တို့ရဲ့ မျက်မှန်ဟာ ဆင်တူနေတာကြောင့် သူမမျက်မှန်ကို ဘင်ဂျမင်ဆုမ်ကို ငှားလိုက်တယ်အထင်နဲ့ စိုးရိမ်နေတာ ချစ်စရာကောင်းစွာ ဖူးစုံက ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖူးစုံရဲ့တူမလေး အမရာကိုကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်။

Source: Phu Sone’s fb

zawgyi




Source: Phu Sone’s fb