ထူးထူး ခြားခြား သရုပ်ဆောင်မှုတွေ ထဲက ဇာတ်ကောင် တစ်ခု ပုံရိပ်ကို ပရိသတ်တွေ ကို ခန့်မှန်းခိုင်း လိုက်တဲ့ နေတိုး

ထူးထူး ခြားခြား သရုပ်ဆောင်မှုတွေ ထဲက ဇာတ်ကောင် တစ်ခု ပုံရိပ်ကို ပရိသတ်တွေ ကို ခန့်မှန်းခိုင်း လိုက်တဲ့ နေတိုး

လွန်ခဲ့တဲ့နှစ်တွေတုန်းက နေတိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ” လရောင်ဖြာတဲ့ အင်းလေးမှာ ” ဇာတ်ကားကို ပရိသတ်ကြီး မှတ်မိဦးမယ် ထင်ပါတယ်။ ဒီဇာတ်ကားထဲ က နေတိုး ရဲ့ ဇာတ်ကောင် နာမည်က ထက်နောင်ရိုးဖြစ်ပြီး လပြည့်ညရောက်တာနဲ့ သတ္တဝါကြီးတစ်ကောင် အဖြစ် ပြောင်းလဲ သွားတဲ့ သနားစရာ ဇာတ်ကောင်ပါပဲ။

ဒီဇာတ်ကား ကတော့ နေတိုး ရဲ့ ထူးထူးခြားခြား သရုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ ကာရိုက်တာ ပေါင်းစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင် ခဲ့တဲ့ နေတိုးတစ်ယောက် ဒီဇာတ်ကား မှာလည်း အတော်လေးကို ပင်ပင်ပန်းပန်းနဲ့ကြိုးစားခဲ့ရတာပါ။ ဒီနောက်ပိုင်းမှာလည်း ခက်ခဲတဲ့ သရုပ်ဆောင်မှုတွေကို စိန်ခေါ်မှု အပြည့်နဲ့ သရုပ်ဆောင်နိုင် ခဲ့ပါတယ်။

ဒီလိုသရုပ်ဆောင်နိုင်တာကြောင့်လည်း အခုချိန်ထိ ပရိသတ်တွေ ရဲ့အသည်းကျော်အဖြစ် ရပ်တည်နိုင် ခဲ့တာပါ။ ဒီဇာတ်ရုပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေ ကလည်း အရမ်းကို သဘောကျ ခဲ့ ကြပါတယ်။ ဒီနေ့မှာတော့ နေတိုးက ဒီဇာတ်ကားထဲက ထက်နောင်ရိုးကနေ သတ္တဝါကြီး အဖြစ် ပြောင်းလဲသွားတဲ့ ပုံရိပ်ကို ” ဒီဇာတ်ကောင်ကို မှတ်မိနေသေးတဲ့ ပရိသတ် များရှိလားဗျာ သူ့ကိုဘာကြောင့်အမှတ်ရနေပါသလဲ ? သူနာမည်ကိုရောပေါ့ ” ဆိုပြီးဝေမျှ ခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

1 × 4 =