သမ္မတက ပစ်မိန်ပေး ထားပေမဲ့ ဆန္ဒပြသူတွေ ကို ဆုံးရှုံးမူ အတွက်စိတ်မကောင်းကြောင်း၊ တပ်ကိုပြန်မှာ ဖြစ်ကြောင်း ပြောပြီး လူထုနဲ့အတူ ရပ်တည် သွားတဲ့ စစ်တပ် ( ဗီဒီယိုဖိုင် )

သမ္မတက ပစ်မိန်ပေး ထားပေမဲ့ ဆန္ဒပြသူတွေ ကို ဆုံးရှုံးမူ အတွက်စိတ်မကောင်းကြောင်း၊ တပ်ကိုပြန်မှာ ဖြစ်ကြောင်း ပြောပြီး လူထုနဲ့အတူ ရပ်တည် သွားတဲ့ စစ်တပ် ( ဗီဒီယိုဖိုင် )

ပြသနာစတင်ဖြစ်ပွားခဲ့တဲ့ မင်နီယာနာ ပူးလစ်မြို့ကို ရောက်လာတဲ့ အမေရိကန် လုံခြုံရေးတပ်ခေါင်းဆောင်ကတော့ မြို့သားတွေ နဲ့အတူ ဒူးထောက် ဆန္ဒပြခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ လူသားတယောက်အနေနဲ့ သူလဲနာကျင်ရကြောင်း။ ဆုံးရှုံးမှုအတွက် စိတ်မကောင်းကြောင်း။ အေးအေးချမ်းချမ်း ဆန္ဒပြ ကြဖို့ ပြောကြားပီး သူတို့လဲ ဘာမှပစ်ခတ်မှာ မဟုတ်ကြောင်း။ မနေ့ညက ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေနဲ့ စကားပြောခဲ့ရာ ပြည်သူတွေက တပ်က ဝင်မပါဖို့ တောင်းဆိုကြလို့ ဒီနေ့ညမှာ တပ်က ရဲနဲ့အတူ မပါဝင်ပဲ နောက်ကွယ်မှာပဲ လူမမြင်အောင် နေမှာဖြစ်ပီး မကြာခင် တပ်ကို ပြန်မှာဖြစ်ကြောင်း ပြောကြား ခဲ့ပီး မြို့ခံလူမည်းတွေက တောင်းဆိုလို့ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။

ထရန့်က စစ်တပ်လွှတ်ဖို့ ပြောခဲ့ပေမယ့် ဘယ်ပြည်နယ်အုပ်ချုပ်ရေးမှူးကမှ ခွင့်မပြု ခဲ့ပဲ စစ်တပ်ကလဲ ဒီအချိန်ထိ ရောက်မလာခဲ့ပါဘူး။ အမျိုးသားလုံခြုံရေးတပ်အဖြစ်ပဲ အင်အားအနည်းငယ်နဲ့ စေလွှတ်ခဲ့ပါတယ်။ သူတို့ဆီမှာက တပ်သားတွေကို ချစ်ခင်ကြပီး ပြည်သူနဲ့ တပ်အကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်………..Nay Thway

Add a Comment

Your email address will not be published. Required fields are marked *

three × 5 =