ကလေးအဖေအဖြစ် ရာထူးတိုးသွားပြီဖြစ်ကြောင်း ပျော်ရွှင်စွာပုံ နဲ့တကွပြသလာတဲ့ “နေတိုး”

Posted on

မင်းသားချောနေတိုးကတော့ မြန်မာမင်းသားတွေ ထဲမှာ အကျော်ကြားဆုံး နာမည်ကြီးမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အသက် (၄၀) ကျော်ထိတိုင် အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းယူရရှိထားတဲ့ နေတိုးဟာ သူ့ရဲ့ဘဝလက်တွဲဖော်ကြင်ယာနဲ့လည်း အသက် (၄၀) ကျော်မှ လက်ထပ်ခဲ့ တာပဲဖြစ်ပါတယ်။ နေတိုးဟာ လက်ရှိမှာတော့ သူ့ရဲ့အနုပညာ အလုပ်တွေကိုလည်း လုံးဝ ရပ်နားထားပြီး ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ အခုဆိုရင် နေတိုးနဲ့တကွ သူ့ရဲ့ ဇနီးလေးကိုပါ ချစ်ပေးနေကြပြီပဲဖြစ်ပါတယ်။

နေတိုးကလည်း သူ့ရဲ့ဇနီးနဲ့ ဗီဒီယိုလေးတွေကို အမြဲတမ်းတင်ပေးနေကာ ပရိသတ်တွေနဲ့ ထိတွေ့ မိတ်ဆက်ပေးနေလျက်ရှိပါတယ်။ဒီကနေ့မှာတော့ နေတိုးက သူ့ရဲ့ပျော်ရွှင်စရာသတင်းကောင်းလေးတစ်ခုကို ပရိသတ်တွေဆီ ဝေမျှလာခဲ့ပါတယ်။ နေတိုးဟာ သူ့ရဲ့ဇနီး သဲဆုမြတ်ရွှေဆီမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သူ့အနေနဲ့ ကလေးဖေဖေ တစ်ယောက်ဖြစ်လာတော့မယ်လို့ ပရိသတ်တွေကို သတင်းကောင်း မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ အသက်လေးဆယ်ကျော်မှ အိမ်ထောင်ပြုခဲ့သူမို့ ရင်သွေးယူဖို့ အချိန်ကို နောက်မဆုတ်တော့ပဲ အိမ်ထောင်သက်တမ်းလပိုင်းအတွင်းမှာတင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့သတင်းကောင်းလေးအတွက် နေတိုးနဲ့ထပ်တူ ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်နော်။

Source: Nay Toe’s fb

zawgyi

မင္းသားေခ်ာေနတိုးကေတာ့ ျမန္မာမင္းသားေတြ ထဲမွာ အေက်ာ္ၾကားဆုံး နာမည္ႀကီးမင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ အသက္ (၄၀) ေက်ာ္ထိတိုင္ ေအာင္ျမင္မႈေတြ တဖြဲဖြဲသိမ္းယူရရွိထားတဲ့ ေနတိုးဟာ သူ႔ရဲ႕ဘဝလက္တြဲေဖာ္ၾကင္ယာနဲ႔လည္း အသက္ (၄၀) ေက်ာ္မွ လက္ထပ္ခဲ့ တာပဲျဖစ္ပါတယ္။ ေနတိုးဟာ လက္ရွိမွာေတာ့ သူ႔ရဲ႕အႏုပညာ အလုပ္ေတြကိုလည္း လုံးဝ ရပ္နားထားၿပီး ၾကင္စဦးဇနီးေမာင္ႏွံဘဝကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ အခုဆိုရင္ ေနတိုးနဲ႔တကြ သူ႔ရဲ႕ ဇနီးေလးကိုပါ ခ်စ္ေပးေနၾကၿပီပဲျဖစ္ပါတယ္။

ေနတိုးကလည္း သူ႔ရဲ႕ဇနီးနဲ႔ ဗီဒီယိုေလးေတြကို အၿမဲတမ္းတင္ေပးေနကာ ပရိသတ္ေတြနဲ႔ ထိေတြ႕ မိတ္ဆက္ေပးေနလ်က္ရွိပါတယ္။ဒီကေန႔မွာေတာ့ ေနတိုးက သူ႔ရဲ႕ေပ်ာ္႐ႊင္စရာသတင္းေကာင္းေလးတစ္ခုကို ပရိသတ္ေတြဆီ ေဝမွ်လာခဲ့ပါတယ္။ ေနတိုးဟာ သူ႔ရဲ႕ဇနီး သဲဆုျမတ္ေ႐ႊဆီမွာ ကိုယ္ဝန္ရွိေနၿပီျဖစ္ၿပီး သူ႔အေနနဲ႔ ကေလးေဖေဖ တစ္ေယာက္ျဖစ္လာေတာ့မယ္လို႔ ပရိသတ္ေတြကို သတင္းေကာင္း မွ်ေဝလာခဲ့တာပဲ ျဖစ္ပါတယ္။

ေနတိုးကေတာ့ အသက္ေလးဆယ္ေက်ာ္မွ အိမ္ေထာင္ျပဳခဲ့သူမို႔ ရင္ေသြးယူဖို႔ အခ်ိန္ကို ေနာက္မဆုတ္ေတာ့ပဲ အိမ္ေထာင္သက္တမ္းလပိုင္းအတြင္းမွာတင္ ႀကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေနတိုးရဲ႕သတင္းေကာင္းေလးအတြက္ ေနတိုးနဲ႔ထပ္တူ ဝမ္းသာေနၾကမယ္လို႔ ထင္ပါတယ္ေနာ္။

Source: Nay Toe’s fb