ဘုရားကျောင်းရှေ့ ဓါတ်ပုံ ရိုက်ရန် သွားမဲ့ လမ်းတစ်လျှောက် ရှင်းလင်း ခဲ့တဲ့ သမ္မတထရမ့် ဝေဖန်ခံရ

ဘုရားကျောင်းရှေ့ ဓါတ်ပုံ ရိုက်ရန် သွားမဲ့ လမ်းတစ်လျှောက် ရှင်းလင်း ခဲ့တဲ့ သမ္မတထရမ့် ဝေဖန်ခံရ

သမ္မထရမ့်ဟာ အိမ်ဖြူတော်အနီးက စိန့်ဂျွန်ဘုရား ကျောင်းရှေ့ကို လမ်းလျှောက်သွားခဲ့တယ်။ သူသွားမယ့် လမ်းတစ်လျှောက်ကို ရဲတွေက ရာဘာကျည်ဆံတွေ မျက်ရည်ယိုဗုံးတွေနဲ့ ရှေ့က အင်အားသုံး ရှင်းလင်းခဲ့ပါတယ်။ ဘုရားကျောင်းအနီးရှိ ဘုန်းတော်ကြီးများပါ ထွက်ပြေးရပါတယ်။ ဟီလာရီ ကလင်တန်မှ စ၍ မီဒီယာ များ လွှတ်တော်အမတ်များ နာမည်ကျော်များက ထိုအပြုအမူကို အပြင်းထန်ဆုံး ရှုံချနေကြပါတယ်။

သမ္မတဟာ စိန့်ဂျွန်ဘုရားကျောင်းရှေ့မှာရပ် သမ္မာကျမ်းစာ ကို ကိုင်ပြပြီးမှ ဆူပူ အုံကြွမှုတွေကို စစ်တပ်နဲ့ နှိမ်နင်းမယ်လို့ ကတိသစ္စာပြုခဲ့တာလို့ ဆိုပါတယ်။

ဒီလူကြီးက တကယ် လုပ်မလို့များလား။ သူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆန္ဒပြနေတဲ့ သူတွေကို သေနတ်နဲ့ ပစ်ခွင့်မရှိဘူး ဆိုသလားပဲ။

ဒါပေမယ့် ခိုးဆိုးလုယက် မီးရှို့ အကြမ်းဖက်တွေကို ဒီလိုပဲ လွှတ်ပေး ထားရမယ် ဆိုရင်တော့ ကြာရင် မင်းမဲ့တိုင်းပြည်လို ဖြစ်သွားနိုင်တဲ့ အခြေအနေ ဆိုက်သွားလိမ့်မယ်။ ထရမ့်အနေနဲ့ ဒီအကြပ်အတည်းကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ။ (Than Lwin U)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်နားမှာ ရှိတဲ့ သမိုင်းဝင်စိန့်ဂျွန်ဘုရားကျောင်းရှေ့မှာ သမ္မာကျမ်းစာကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့ပြီးနောက် ခရစ်ယာန်ဘုန်းကြီးကလည်း အခုလို ဝေဖန်ထားပါတယ်။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏လို့ ပညတ် ထားတဲ့ သမ္မာကျမ်းစာကို ကိုင်ထားပေမဲ့ ဒေါ်နယ်ထရမ့် ပြောသမျှ၊ လုပ်သမျှ အရာတိုင်းက မီးလောင်ရာလေပင့် ဖြစ်နေတယ်။ သူတို့က ကျွန်တော်တို့ရဲ့ဘုရားကျောင်းတစ်ကျောင်းကို ဒေါက်တိုင်လို အသုံးပြုရကောင်းမလားဆိုပြီး နာကျည်းခံပြင်းမိပါတယ်” လို့ Episcopal ဘုန်းတော်ကြီး မာရီယန်ဘက်ဒီက ပြောပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

20 − 8 =