ပြည်သူတွေ အတွက် အစားထိုး သင်္ကြန်ပွဲတော် ကို ဇူလိုင် (၄)ရက်၌ စတင် ကျင်းပရန် လျာထား

ပြည်သူတွေ အတွက် အစားထိုး သင်္ကြန်ပွဲတော် ကို ဇူလိုင် (၄)ရက်၌ စတင် ကျင်းပရန် လျာထား

သင်္ကြန်ပွဲတော် ကို အစားထိုး ကျင်းပရန် လျာထားသည့်အစီအစဉ်အရ ဇူလိုင်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ သင်္ကြန်နှင့်တွဲသည့် အစားထိုးပိတ်ရက်အဖြစ် ဇူလိုင် (၇)ရက်နေ့မှ (၉)ရက်အထိ ပေးရန်စီစဉ်ထားရာ စုစုပေါင်း ပိတ်ရက် (၆)ရက် ရရှိကြမည် ဖြစ်သည်။

COVID 19 ကြောင့် ဧပြီလက မကျင်းပခဲ့ရသည့် သင်္ကြန်ကာလကို မိုးရာသီဖြစ်သည့် ဇူလိုင်လတွင် အစားထိုးပြန်လည်ကျင်းပမည်ဖြစ်ပြီး လူစုလူဝေးမဖြစ်စေရန် တင်းကြပ်စွာ စီမံဆောင်ရွက်သွားမည်ဟု သိရသည်။“ကျွန်တော်တို့ အများကြီးတော့ သတိထားစဉ်းစားဖို့ လိုတယ်”ဟု ထိုင်းယဉ် ကျေးမှုဝန်ကြီး Ittipol Khunpluem က ပြောသည်။

အဆိုပါ လျာထားအစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ အစည်းအဝေး ၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Credit Tachileik News

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 11 =