မသန်စွမ်းသူ တစ်ယောက်အဖြစ် ဆရာဝန်တွေေ ကာက်ချက် ချတဲ့ စကားကြောင့် ရင်တွေနာ ခဲ့ ရတယ် ဆိုတဲ့ မီးမီးခဲ
unicode
မီးမီးခဲကတော့ ကင်ဆာနောက်ဆုံး အဆင့်ဝေဒနာကို ခံစားနေရပြီး ဆေးကုသမှုတွေ ကို ခံယူနေရတာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကင်ဆာရောဂါရဲ့ နောက်ဆက်တွဲဝေဒနာအဖြစ် ညာဘက်ခြေထောက် လမ်းမလျှောက်နိုင်တော့တာကြောင့် ဆေးရုံတက် ခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဆေးရုံကဆင်းပြီး အိမ်မှာ အနားယူနေပြီဖြစ်တဲ့ မီးမီးခဲက ဆေးရုံမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်တွေ အကြောင်းကို ပြောပြလာပါတယ်။
“ဆေးရုံပြန်ဆင်းလာတဲ့ ရက်ကနေ ဒီနေ့ထိ ကလေးတွေနဲ့ဆော့ ဟင်းတွေချက်၊ ညဆို သီချင်းဆိုကြကင်ဆာရောဂါ ဘယ်နားရောက်မှန်းမသိ။ မိသားစုရဲ့အရိပ်ဆိုတာလေ လူကိုပြောင်းလဲ စေနိုင်တာပါ။ပင်ပန်းခဲ့ရသမျှ ဆေးကုတုန်းက ၇ ကြိမ် ဓါတ်ကင်ခဲ့ရပါတယ်။ ကျွန်မတို့လိုနောက်ဆုံး အဆင့်ဝေဒနာရှင်တွေ ဆို ဆေးရုံကလဲ အရမ်းသနားသလို မေးခွန်းပေါင်းများစွာလဲဖြေကြရပါတယ်။ ကျန်းမာရေးဥပဒေအရ ကိုယ်ရောဂါအခြေအနေကိုမိသားစုတွေသိလား။ သင် သေရင်ရောဘာတွေလွဲခဲ့ချင်လဲ (သေတန်းစာ)တရားဝင်တွေေ မးမြန်းကြ ရင်တွေဆို နာတာပေါ့နော်။”
“ကျန်တဲ့ ဘဝရက်တွေမှာ ဘာတွေ လုပ်သွားခဲ့ချင်လဲ။ လူမှူရေး ကူညီအဖွဲ့အစည်းတွေနဲ့စကားပြောကြရတာပေါ့လေ။ ကျွန်မကတော့ ဘာအခွင့်အရေးမှလဲ မယူခဲ့သလို ပြုလုပ်သင့်ထိုက်တဲ့ အရာတွေကို တိုင်ပင်လိုက်ပါ့မယ်ဆိုပြီး ဆေးရုံပြန်ဆင်းခဲ့ပါတယ်။ လိုအပ်တဲ့ဆေးဝါး ကုနိကျစရိတ် လျော့ပေါ့ဖို့အတွက် အထူးကူညီကြတာ ကျေးဇူးတင်စရာပါ။ ကျွန်မရဲ့အရိုးမကောင်းတဲ့ပြသာနာအရတော့ ကျွန်မက ဒီ ၄ ၅ ၆ လမတွင်း wheelchair ကို အသုံးပြုသွားရမယ်လို့ပြောပေမဲ့ ဆေးရုံတတ်တဲ့နေ့ထဲက nurseအကူမယူပဲ ကြိုးစားလမ်းလျှောက် ခဲ့ပါတယ်။ အခုလဲ ဖြေးဖြေးခြင်းစလျှောက်နိုင်နေပါပြီလို့။”
“မသန်စွမ်းသူထဲမှာ ကျွန်မလဲ ပါဝင်ပါတယ်လို့ဆရာဝန်တွေကောက်ချက်ကြတော့ ရင်တွေတောင်နာတယ်။ အမေမွေးတုန်းက အကောင်း ဒီကင်ဆာကြောင့်မှ ငါလေ့နှယ်ဆိုပြီး ခံစားခဲ့ရတာပေါ့။ Strong ဖြစ်ပြီးသားကျွန်မကတော့ ဘာမှ သိပ်မခံစားရပါဘူး။ ခြေထောက်ပေါင် အက် တဲ့နေရာ၊ ဘယ်ဘက်ခါး နေရာ၊ ညာဘက်နဂိုး အောက်နေရာ ပြင်းထနိစွာ ပြုလုပ်ခဲ့ရပေမဲ့ ပြန်ရောက်တဲ့တစ်ရက်တော့ ထမနိုင်ဘူး။ နောက်ရက်တွေတော့ လန်းဆန်းလာတယ်။ စိတ်ကြောင့်သာလျှင် အရာရာဟာ ပြီးပြည့်စုံလာရတာပါ။” ဆိုပြီး ပြောပြ ထားပါတယ်။
မီးမီးခဲက ဆေးရုံကဆရာဝန်တွေ ကိုယ်တိုင်က လေးငါးလလောက် ဝှီးချဲ အသုံးပြုရမယ်လို့ဆိုထားပေမယ့် သူမကိုယ်တိုင်ကိုက စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်တာမို့ အခုဆိုရင် လမ်းလျှောက်လို့ ရနေပြီဆိုပြီး ပြောထားပါတယ်။ ပရိသတ်ကြီးကလည်း မီးမီးခဲ တစ်ယောက် အရင်လို ကျန်းကျန်းမာမာဖြစ် လာဖို့ ဆုတောင်းပေးကြ ပါဦးနော်။
Source: Mee Mee Khel-မီးမီးခဲ’s fb
Add a Comment
Your email address will not be published. Required fields are marked *
twenty − 13 =