သြဂုတ်လ စစခြင်းမှာပဲ ကံကောင်းခြင်းတွေရောက်လာခဲ့လို့ အပျော်ကြီးပျော်နေတဲ့ မင်းသမီးလေး “ဆောင်းယွန်းစံ”

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ရုပ်ရှင် နဲ့ ဗီဒီယိုတွေ ရိုက်ကူးထားသူဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ ပဲဖြစ်ပါတယ်။ ဆောင်းယွန်းက စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများကို စေတနာရှင်များနဲ့ စုပေါင်းကာ အလှူ အတန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဆောင်းယွန်စံဟာ လက်ရှိမှာတော့ အနုပညာအလုပ် တွေအပြင် မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကိုပါ တစ်ဖက် တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။

အလှူအတန်းရက်ရောပြီး ပရဟိတအလုပ်တွေများစွာကို လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံက စေတနာအကျိုးပေးပြီး ကံကောင်းတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ ရဲ့ လအစမှာလည်း ဆောင်းယွန်းစံက Bath 2000 ပေါက်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောပြလာခဲ့ပါတယ်။

ဆောင်းယွန်းစံကတော့ လအစမှာပဲ ကံကောင်းခြင်းတွေ နဲ့ ကြုံဆုံခဲ့ရပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံနဲ့ပတ်သက်ရင် ကံကောင်း လွန်းတဲ့ ဆောင်းယွန်းစံကို ကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

Source: Saung Yoon San ‘s fb

zawgyi



