ဇာတ်ပွဲတွေကရပ်နားပြီး ဇာတ်သုံးပစ္စည်းတွေအားလုံးကို ရောင်းချလိုက်ရတဲ့အကြောင်းကို‌ပြောပြလာတဲ့ “ဟန်ဇာမိုးဝင်း”

Posted on

မြန်မာ့ဇာတ်သဘင်လောကမှာ ကြယ်ပွင့်တစ်ပွင့်လို့ တင်စားရလောက်တဲ့ ဟန်ဇာမိုးဝင်း ကတော့ ပြည်သူ့အချစ်တော် ဇာတ်သဘင် မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ဇာတ်သဘင်လောကကြီးကို တည်တံအောင် ဆက်လက်ထိန်းသိမ်းကာ လျှောက်လှမ်းနေကြသူတွေကတော့ ဟန်ဇာမိုးဝင်း အပါအဝင် ဇာတ်မင်းသား ဖိုးချစ်နဲ့တင်မောင်ဆန်းမင်းဝင်းတို့ပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ များစွာနဲ့ရပ်တည်နေတဲ့ သူတို့က သဘင်အဖွဲ့အစည်းရဲ့ အကြီးအကဲတွေဖြစ်ကြပြီး ကိုယ်ပိုင်သဘင်‌တွေကိုလည်း တည်ထောင်ထားနိုင်သူတွေဖြစ်ပါတယ်။

ဟန်ဇာမိုးဝင်း ကတော့ လက်ရှိမှာ မေကဗျာနဲ့အတူ Online Sale တွေရောင်းချနေပြီးတော့ အနုပညာလှုပ်ရှားမူ့တွေ မရှိတော့တာ ကိုလဲ တွေ့ရပါတယ်။ ဇာတ်သဘင်လောကရဲ့ ဇာတ်မင်းသားလေး တစ်ဦးဖြစ်တဲ့ ဟန်ဇာမိုးဝင်း ဟာ နောက်ပိုင်းမှာ ပွဲတွေမကဖြစ်တော့တာကြောင့် ဇာတ်သုံးပစ္စည်းတွေအားလုံးကို ရောင်းချနေတာကို တွေ့ရပါတယ်။ “ကျွန်တော်လဲ ဆက်မကဖြစ်တော့ဘူးဆိုတော့ ဖျော်ဖြေရေးအတွက် stage ခုံများ Lighting တွေ အသံပစ္စည်းတွေ လိုက်ကာတွေ ဇာတ်သုံး ပစ္စည်းများ အမှန်တကယ် လိုအပ်သူများကို ပြန်လည်ရောင်းချပေးပါ့မည်..

မှတ်ချက် ကျွန်တော့ခေါင်းပေါင်း တောင်ရှည်ပုဆိုး ပုခုံးအုပ် မင်းသားဖိနပ်များ လုံးဝမရောင်းပါ (အမှတ်တရသိမ်းထားဖို့အတွက်ပါ) ” လို့ ရေးသားထားတာကို တွေ့ရတာကြောင့် ဟန်ဇာကို ချစ်တဲ့ပရိသတ်တွေက ဝမ်းနည်းနေကြပါတယ်။ အနုပညာလောကမှာ မင်းသမီးတစ်လက်ဖြစ်တဲ့ မေကဗျာ ကလဲ နောက်ပိုင်းမှာ စီးပွားရေးပဲ လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီးတော့ အနုပညာလောကကနေ ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

crd

zawgyi

ျမန္မာ့ဇာတ္သဘင္ေလာကမွာ ၾကယ္ပြင့္တစ္ပြင့္လို႔ တင္စားရေလာက္တဲ့ ဟန္ဇာမိုးဝင္း ကေတာ့ ျပည္သူ႔အခ်စ္ေတာ္ ဇာတ္သဘင္ မင္းသားတစ္လက္ပဲျဖစ္ပါတယ္။ ဇာတ္သဘင္ေလာကႀကီးကို တည္တံေအာင္ ဆက္လက္ထိန္းသိမ္းကာ ေလွ်ာက္လွမ္းေနၾကသူေတြကေတာ့ ဟန္ဇာမိုးဝင္း အပါအဝင္ ဇာတ္မင္းသား ဖိုးခ်စ္နဲ႔တင္ေမာင္ဆန္းမင္းဝင္းတို႔ပဲ ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြ မ်ားစြာနဲ႔ရပ္တည္ေနတဲ့ သူတို႔က သဘင္အဖြဲ႕အစည္းရဲ႕ အႀကီးအကဲေတြျဖစ္ၾကၿပီး ကိုယ္ပိုင္သဘင္‌ေတြကိုလည္း တည္ေထာင္ထားႏိုင္သူေတြျဖစ္ပါတယ္။

ဟန္ဇာမိုးဝင္း ကေတာ့ လက္ရွိမွာ ေမကဗ်ာနဲ႔အတူ Online Sale ေတြေရာင္းခ်ေနၿပီးေတာ့ အႏုပညာလႈပ္ရွားမူ႔ေတြ မရွိေတာ့တာ ကိုလဲ ေတြ႕ရပါတယ္။ ဇာတ္သဘင္ေလာကရဲ႕ ဇာတ္မင္းသားေလး တစ္ဦးျဖစ္တဲ့ ဟန္ဇာမိုးဝင္း ဟာ ေနာက္ပိုင္းမွာ ပြဲေတြမကျဖစ္ေတာ့တာေၾကာင့္ ဇာတ္သုံးပစၥည္းေတြအားလုံးကို ေရာင္းခ်ေနတာကို ေတြ႕ရပါတယ္။ “ကြၽန္ေတာ္လဲ ဆက္မကျဖစ္ေတာ့ဘူးဆိုေတာ့ ေဖ်ာ္ေျဖေရးအတြက္ stage ခုံမ်ား Lighting ေတြ အသံပစၥည္းေတြ လိုက္ကာေတြ ဇာတ္သုံး ပစၥည္းမ်ား အမွန္တကယ္ လိုအပ္သူမ်ားကို ျပန္လည္ေရာင္းခ်ေပးပါ့မည္..

မွတ္ခ်က္ ကြၽန္ေတာ့ေခါင္းေပါင္း ေတာင္ရွည္ပုဆိုး ပုခုံးအုပ္ မင္းသားဖိနပ္မ်ား လုံးဝမေရာင္းပါ (အမွတ္တရသိမ္းထားဖို႔အတြက္ပါ) ” လို႔ ေရးသားထားတာကို ေတြ႕ရတာေၾကာင့္ ဟန္ဇာကို ခ်စ္တဲ့ပရိသတ္ေတြက ဝမ္းနည္းေနၾကပါတယ္။ အႏုပညာေလာကမွာ မင္းသမီးတစ္လက္ျဖစ္တဲ့ ေမကဗ်ာ ကလဲ ေနာက္ပိုင္းမွာ စီးပြားေရးပဲ လုပ္ကိုင္ဖို႔ ရည္႐ြယ္ထားၿပီးေတာ့ အႏုပညာေလာကကေန ထြက္ခြာသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

crd