“သူရဲကောင်း ဖေဖေ” (ဖခင်ေ မတ္တာဘွဲ့ ကို ဖွဲ့သီ ထားတဲ့ ဝတ္ထုတို တပုဒ်)

“သူရဲကောင်း ဖေဖေ” (ဖခင်မေတ္တာဘွဲ့ ကို ဖွဲ့သီ ထားတဲ့ ဝတ္ထုတို တပုဒ်)

“သား ညနေ ကျောင်းလွှတ်ရင် ဖေကြီး လာကြိုမယ်။ ကျောင်းရှေ့မှာပဲစောင့်နေ။ ချောင်းဆိုးစာတွေလည်း ဝယ်မစားနဲ့ဦး” “ဟုတ် ဖေကြီး” “ဒါဆို ဖေကြီး သွားပြီ” “ဝူး”

မိုးပြာရောင် ဆိုင်ကယ် လှလှလေးကို ကျောင်းရှေ့မရောက်ခင် ဟိုးအဝေးကြီးက တည်းက လမင်း မြင်သည်။ ဉာဏ်လင်းကို သှူအဖေ ကျောင်းလိုက်ပို့မှန်းသိ၍ တမင် ကျောင်းထဲမဝင်သေးဘဲ ရပ်ကြည့်နေမိသည်။ လမင်း နေ့စဉ်နေ့တိုင်း မိုးပြာရောင်ဆိုင်ကယ် နှင့် ဉာဏ်လင်းတို့သားအဖ ကို ရပ်ကြည့် နေမိသည်မှာ ထုံးစံပင်။ နေကာမျက်မှန်တပ်ပြီး ဆိုင်ကယ်မောင်းသည့် ဉာဏ်လင်းတို့သားအဖကိုကြည့်ရင်း ဉာဏ်လင်းအဖေကို “ငါ့အဖေဖြစ်ရင် သိပ်ကောင်းမှာပဲ”ဟု စိတ်ကူးယဉ်ရသည်မှာလည်း အမော။

“ဆိုင်ကယ်နောက်ကနေ အဖေ့ကို တအား ဖက်ပြီး ကျောင်းလာရမှာ။ အကုန်လုံး က ငါ့ကိုဝိုင်းကြည့်နေကြမှာ။ ပျော်စရာကြီး”ဟု လမင်းတစ်ယောက် စိတ်ကူးယဉ်နေမိ သည်။ “ဘက်ထရီအိုး ပျက်တွေဝယ်တယ်။ ဆံပင်ကျွတ်တွေဝယ်တယ်။ သံတိုသံစ၊ ပုလင်း ခွံတွေ ပဲလှော်နဲ့လဲတယ်” ‘အထမ်းသည်ကြီး၏ အသံကြောင့် လမင်း၏စိတ်ကူးအပျော်လေး ပျက်သွားခဲ့ရ သည်။ သူ၏စိတ်ကူးလှလှ လေးကို ဖျက်ဆီးခဲ့ သော အထမ်းသည်ကြီးအား စိတ်ပျက်သည့် အကြည့်ဖြင့်ကြည့်ကာ ကျောင်းဝင်းထဲသို့ အပြေးဝင်သွားခဲ့၏။

“လမင်းရေ ထမင်းစားမယ်။ ဒီနေ့ သားကြိုက်တဲ့ ဘဲဥ ကြော်ထားတယ်” မှုန်တေ တေမျက်နှာနှင့် လမင်းထမင်း ဝိုင်းသို့ လာထိုင်ခဲ့၏။ “သား စားလေ။ မနက်က သားတို့ ကျောင်းရှေ့ကို အဖေရောက်လာသေးတယ်။ သားက အဖေ့ကိုတောင် မစောင့်ဘူး။ ကျောင်းထဲ ဝင်သွားတယ်” “နောက် အဖေကျောင်းရှေ့ကို မလာပါနဲ့” “ဟင် ဘာဖြစ် လို့လဲ” “သား ရှက်တယ်” လမင်းက သှူကိုခေါ်ရမှာ ရှက်နေလိမ့် မည်ဟု ဦးထွေး ဘယ်သောအခါကမှ မစဉ်း စားမိ။ သားဖြစ်သူထံမှ “ရှက်တယ်”ဆိုသည့် စကားကြောင့် ဦးထွေးတစ်ယောက် ထမင်း ဆက်စား၍ မရတော့။ မည်သို့မျှ စား၍မဝင် တော့ပေ။

“ကိုထွေး ကျွန်မ မရှိတော့ရင် သားကို ဂရုစိုက်ပါ။ အဟွတ် အဟွတ်” “မြမြက လည်း ဘယ်လိုစကားတွေ ပြောနေတာလဲ။ မင်းကဘာလို့ မရှိရမှာလဲ” မည်သို့ပင် အားပေးစကားဆိုခဲ့ပါသော် လည်း အဆုပ်ကင်ဆာရောဂါကြောင့် မြမြ သေဆုံးသွားခဲ့သည်။ မြမြမှာခဲ့သည့်အတိုင်း လမင်းကို မိတဆိုးသားလေးမို့ ဂရုတစိုက် အချစ်ပို ခဲ့သည်။ မပြည့်စုံသည့်ဘဝပင် ဖြစ်လင့်ကစား လမင်းလေး အများနှင့်တန်းတူ နေနိုင်အောင် ဦးထွေး၏ပခုံး အသားမာတက် သည်အထိ မိုးလင်းမိုးချုပ် အရပ်တကာလှည့် လည် အထမ်းဆိုင်းထမ်း၍ ရှာဖွေခဲ့သည်။

“အဖေသိတာပေါ့ သားရယ်။ သားနေ့ တိုင်း ကိုထွန်းမောင်တို့ သားအဖရဲ့ ဆိုင်ကယ် ကို တပြုံးပြုံး နဲ့ ကြည့်နေတာ အဖေသိတာ ပေါ့။ ဒါပေမယ့် အဖေ့လို အထမ်းသမားကြီး၊ ပဲလှော်လဲတဲ့ကောင်ကြီးကို ငါ့သား အဖေ တော်ရမှာ ရှက်နေလိမ့်မယ်လို့ အဖေမသိခဲ့မိ ဘူး။ စိတ်ချပါ သား။ ငါ့သားရှက်ပါတယ်ဆိုတဲ့ အထမ်းသည်ကြီး ကျောင်းရှေ့ကို မလာတော့ ပါဘူး။ ဘယ်တော့ မှ မလာတော့ပါဘူး သားရယ်။ ဘယ်တော့မှ မလာတော့ပါဘူး”

“ဝူး” ခနဲမောင်းထွက်သွားသော မိုးပြာ ရောင်ဆိုင်ကယ်ကြီးအား လမင်း ငေးကြည့် နေစဉ် ဟေ့ လမင်း။ ခေါ်မကြား အော်မကြားနဲ့။ ငါ့ဆိုင်ကယ်ကြီးကို မင်း စီးချင်နေတာလား” “ဟေ ဉာဏ်လင်း။ မစီးချင်ပါဘူး။ ဆိုင်ကယ်မောင်းသွားတဲ့ မင်းအဖေရဲ့ စတိုင်ကို သဘောကျလို့ပါကွ” မစီးချင်ပါဘူးဟု ညာပြောလိုက်ရသော် လည်း လမင်းစိတ်ထဲအလွန် စီးချင် နေသည်။

“မစီးချင်လည်းနေပါ။ ငါကမင်းကို ညနေကျ ဆိုင်ကယ်နဲ့လိုက်ပို့ပေးဖို့ ဖေကြီး ကိုပြောမလို့” “မစီးချင်ဘူး လို့ပြောမိတာ မှားပြီလား။ အို မမှားပါဘူး။ သူတို့လိုက်ပို့ရင် ငါ့အိမ် အစုတ်နဲ့ငါ့အဖေကို သူတို့မြင်သွားကြမှာ။ ဒါဆို ဉာဏ်လင်းက ငါ့ကိုပေါင်းတော့မှာ မဟုတ်ဘူး”ဟု လမင်း စိတ်ထဲတစ်ယောက် တည်း ပြောနေမိသည်။ ထိုစဉ် ရွာလယ်လမ်းမှ အထမ်း သည်ကြီး အသံကို ခပ်သဲ့သဲ့ကြားလိုက် ရပါတော့သည်။ “သံတိုသံစ၊ ပုလင်းခွံတွေ ပဲလှော်နဲ့ လဲ တယ်။ ဘက်ထရီအိုး အခန်းပျက်တွေဝယ် တယ်။ ဆံပင်ကျွတ်တွေ ဝယ်တယ်”

“လမင်းက အတန်းထဲမှာ စိတ်ကူး အကောင်းဆုံး ပဲရှင့်။ သူရေးတဲ့ စာစီစာကုံးတွေ ဆိုရင် ကျွန်မ သဘောကျ လွန်းလို့ တခြား ဆရာမတွေကိုပါ ဖတ်ခိုင်းတာ။ အရေးအသား နဲ့ အတွေးကောင်းလွန်းလို့ မြို့နယ်အဆင့် စတုတ္ထတန်း စာစီစာကုံးပြိုင်ပွဲမှာတောင် ဝင်ပြိုင်စေဖို့ လျာထားတာ” “ဟုတ်ကဲ့ ဆရာမ” လမင်း၏ အတန်းပိုင် ဆရာမ ဒေါ်ငုဝါမှ သံတိုသံစများ၊ ပုလင်းခွံများ ထုတ်ပေးရင်း လမင်းတော်ကြောင်း ပြောနေသောကြောင့် ဦးထွေး ထက မတတ်ပျော်သွားမိသည်။

“ဒါပေမယ့် ဒီတစ်ခေါက် ဘယ်လို ဖြစ်တာ လဲမသိဘူး။ ကျောင်း အဆင့် စာစီစာကုံး ပြိုင်ပွဲမှာ ဘာတစ်ခုမှ ရေးမထားဘူး ဦးထွေး ရယ်” “ဗျာ ဘာမှ မရေးထားဘူး” “ဟုတ်တယ်။ သူ့စာစီစာကုံး ကို ဆရာမ ကြီးကလည်း ဖတ်ချင်နေတာ။ ရေးထားတဲ့ စာရွက်တွေထဲကနေ သှူစာရွက်ကို အရင်ယူ ကြည့်မိတော့ စာရွက်အလွတ်ပဲပါတယ်။ ဒါနဲ့ ကျွန်မမေးကြည့်တော့ မရေးတတ်လို့တဲ့လေ” “ဘာအကြောင်း ရေးခိုင်း လို့လဲ ဆရာမ” “သူရဲကောင်းဖေဖေ” “ဟင်” “ကျွန်မ သှူကို နောက်တစ်ခေါက် ပြန်ရေးခိုင်းထားတယ်။ ဦးထွေးလည်း လမင်း ကို ရေးဖို့ပြောပေးပါဦး”

မိုးပြာရောင်ဆိုင်ကယ် ကျောင်းရှေ့ မရောက်သည် မှာ တစ်ပတ်ရှိပြီ။ ဉာဏ်လင်း ကျောင်းမတက်သည်မှာလည်း တစ်ပတ်တိတိ ပြည့်ခဲ့ပြီ။ သို့သော်လည်း လမင်းမှာ နေ့စဉ် ဝတ္တရားမပျက် မျှော်လို့နေဆဲပင်။ “ဉာဏ်လင်းကျောင်းမလာတာ ကြာပြီ။ ဘာဖြစ်နေလို့ပါလိမ့်။ ဆိုင်ကယ်များ ပျက်နေ လို့လား မသိဘူး”ဟု လမင်းစဉ်းစားကာ ဆိုင်ကယ်အရိပ်အယောင်မျှ မမြင်ရသည်နှင့် ကျောင်းထဲဝင်ခဲ့ရပြန်သည်။ “ကလောင် ကလောင် ကလောင်” ကျောင်းတက်ခေါင်းလောင်းသံကြောင့် ကျောင်းသား ကျောင်းသူများ သက်ဆိုင်ရာ စာသင်ခန်းများဆီသို့ အသီးသီး ဝင်ရောက် သွားကြကုန်သည်။

လမင်းတို့ စတုတ္ထတန်း စာသင်ခန်းသည်လည်း စကားသံများ တစီစီ ဖြင့် သက် ဝင်လှုပ်ရှား နေလေ၏။ “ဉာဏ်လင်းလည်း ကျောင်းမလာတာ ကြာပြီ။ ဘာဖြစ်နေလဲ မသိဘူး။ မင်းသိလား ဟိန်းကျော်” “မင်း မသိသေးဘူးလား လမင်း” “ဘာကိုလဲ” “ဉာဏ်လင်းအဖေက ရွာလယ် ဦးတရုတ် ကြီး အိမ်ကို တက်ခိုးတာ။ မိသွားလို့တဲ့ဟ” “ဟာ” အတန်းဖော် ဟိန်းကျော်၏စကားကြောင့် လမင်း အံ့သြသွားခဲ့မိသည်။

စိတ်ထဲတွင်လည်း အံ့သြစွာ ပြောလိုက်မိသည်က “နေကာမျက်မှန်နဲ့ မိုးပြာရောင် ဆိုင်ကယ် လှလှလေးမောင်းတဲ့ ဦးလေးက သူခိုး တဲ့လား” “လမင်း ဆရာမနဲ့ ရုံးခန်းခဏလိုက်ခဲ့ သား” လမင်း ရင်ထဲထိတ်သွားခဲ့သည်။ ရုံးခန်း သွားရလောက်အောင်လည်း ဘာအပြစ်မှ မလုပ်ထားမိ။ “ဆရာမကြီး” “ဆရာမ ဝင်ခဲ့လေ။ လမင်းကော လား။ ထိုင် သားလေး” “ဆရာမကြီး သားကိုခေါ်တာက နောက် တစ်ပတ်ဆို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ စတော့မယ်။ စတုတ္ထတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲဝင်ဖို့ သားကိုရွေးထားတယ်။

ဒါပေမယ့် သားကအခုထိ ဆရာမ ရေးခိုင်းတဲ့ စာစီစာကုံး မရေးရသေးဘူးဆို။ ဟုတ်လား သား” “ဟုတ်ကဲ့” “ဘာဖြစ် လို့ မရေးတာလဲကွဲ့” “သား သား သား မရေးတတ်လို့ပါ” “မရေးတတ်တာလား။ မရေးချင်တာ လား” လမင်း အဖြေမပေးမိ။ ခေါင်းငုံ့၍သာ နေလိုက်မိ၏။ “ဆရာမကြီး ပြောမယ် သား။ လောက မှာ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ရင် ဘယ်အလုပ်မဆို ဂုဏ်ရှိတယ်။ ဆရာမကြီး အဖေဆို တံငါသည်ကြီးပေါ့။ တံငါသည်လည်း ဘာဖြစ်သလဲ။ ဆရာမကြီးတို့ ငယ်ငယ်က ဆိုရင် ကျောင်းကပြန်လာတာနဲ့ လွယ်အိတ်ချ။ ငါးဗန်းရွက်ပြီး လိုက်ရောင်းခဲ့တာ။

ကိုယ့် အလုပ်ကို ရိုးရိုးသားသား လုပ်တာပဲ။ ရှက်စရာမှ မဟုတ်တာ။ သူများပစ္စည်း အဓမ္မ ခိုးယူ နေတာမှ ရှက်စရာပါ သား” ဆရာမကြီး၏ စကားကြောင့် လမင်း မျက်လုံးထဲ အဖေ့မျက်နှာနှင့် Óဏ်လင်း၏ အဖေမျက်နှာ တစ်လှည့်စီ ပေါ်ကာနေတော့ သည်။ “အထမ်းသည်ကြီးမို့ အဖေလို့ မခေါ်ချင် တာလား။ အထမ်းသည်ကြီးက သား မျက်လုံး ထဲ သူရဲကောင်း လို့ မမြင်ဘူးလား။ ရိုးရိုးသား သားနဲ့ နဖူးကချွေး ခြေမကျအောင် သားကို ကြိုးစားရှာဖွေကျွေးမွေးပေးနေတဲ့ ဦးထွေးလို အဖေမျိုးကမှ တကယ့် သူရဲကောင်းဖေဖေပါ” လမင်း ငိုချလိုက်မိသည်။ ထိုစဉ် ကျောင်း နောက်ဖေး လမ်းကြားလေးဆီမှ ခပ်အုပ်အုပ် အသံတစ်ခု ထွက်လာခဲ့၏။ ‘ဘက်ထရီအိုး အခန်းပျက်တွေဝယ်တယ်” “အဖေ”

“ဘက်ထရီအိုး အခန်းပျက်တွေဝယ်တယ်” ကျောင်းနောက်ဖေးလမ်းမှ အရီးသောင်းသောင်း အိမ်မှာ ဘက်ထရီအိုး ဝယ်ရန်ရှိ၍သာ လာခဲ့ရသည်။ သားဖြစ်သူ လမင်းမြင်မှာကို လည်း စိုးရွံ့နေမိသည်။ ထို့ကြောင့် အသံခပ် အုပ်အုပ်ဖြင့် အော်ကာ ခပ်သုတ်သုတ် လျှောက်လာခဲ့၏။ “အဖေ” “ဟင်” “အဖေ” “သား သားလေး” အထမ်းဆိုင်းကို ပစ်ချကာ လမင်းအား ပွေ့ဖက်ထားလိုက်မိသည်။

ဦးထွေးရင်ခွင်ထဲ၌ လမင်းသည်း တသိမ့်သိမ့် ရှိုက်လျက်။ ထိုနေ့ညနေ ၌ ဦးထွေးတို့ သားအဖ ၏ ထမင်းဝိုင်းသည် ရယ်သံ များဖြင့် စိုစိုပြည်ပြည် ရှိလှ၏။ ယနေ့ စားရသည့် ဘဲဥမွှေကြော်သည် ဦးထွေးအဖို့ အမြိန်ဆုံးသော ဟင်းတစ်ခွက် ဖြစ်၍နေတော့သည်။ “အဖေ။ သား ဒီည စာစီစာကုံး အပြီး ရေး မယ်။ နောက်ဆို သားမရှက်တော့ဘူး” “သားလေးရယ်”

ဖယောင်းတိုင် မီးရောင်အောက်၌ စာထိုင်ရေး နေသည့် လမင်း၏ မျက်နှာလေး သည် ဦးထွေး အတွက် လပြည့် ဝန်းကြီးပမာ လှပ၍ နေပါတော့သည်။ ဆရာမ ပေးလိုက် သော စာရွက်ထက်ဝယ် လမင်း၏ လက်ရေး ဝိုင်းဝိုင်းလေး များက “သူရဲကောင်းဖေဖေ”ဟူ၍ . . .။

(မှော်ဝန်းသီဟ)

Add a Comment

Your email address will not be published. Required fields are marked *

1 × 5 =