ဒသမတန္း (GRADE-10) သင္႐ိုးသစ္ တြင္ စာဆိုေတာ္ မယ္ေခြ၏ ‘လက္ေဆာင္’ ကဗ်ာကို ျပန္လည္ ထည့္သြင္း ထားေၾကာင္း သိရ

လာမည့္ေက်ာင္းဖြင့္ ခ်ိန္ တြင္ အထက္တန္း အဆင့္၏ ပထမဆုံးအတန္းျဖစ္ သည့္ ဒသမ တန္း(Grade-10)ကို သင္႐ိုး ၫႊန္းတမ္းအသစ္ စေျပာင္းမည္ ျဖစ္ သည္။ အလယ္တန္းအဆင့္ သင္႐ိုးေဟာင္းတြင္ ေနာက္ဆုံး အတန္းျဖစ္သည့္ အ႒မတန္း (Grade-9)ကို ၿပီးခဲ့သည့္ႏွစ္ က တက္ေရာက္ေအာင္ျမင္ သူမ်ား သည္ လာမည့္ေက်ာင္းဖြင့္ခ်ိန္၌ အထက္တန္း အဆင့္ တက္ရာတြင္ သင္႐ိုးသစ္ဒသမတန္း (Grade-10) ၌ တက္ရ မည္ျဖစ္သည္။

သင္႐ိုးေဟာင္း တြင္ နဝမ တန္း(Grade-10)၊ ဒသမတန္း (Grade-11) အတန္းႏွစ္တန္းကို အေျခခံပညာ အထက္တန္းအ ဆင့္ဟု သတ္ မွတ္ခဲ့ ေသာ္ လည္း သင္႐ိုးသစ္ ၌ အထက္တန္းအ ဆင့္တြင္ ဒသမတန္း(Grade -10)၊ ဧက ဒသမတန္း (Grade- 11)၊ ဒြါဒသမတန္း (Grade-12) ဟူသည့္ အတန္း သုံးတန္း တက္ရ မည္ဟု ပညာေရးဝန္ႀကီး ဌာနက သတ္မွတ္ ထားသည္။

အ႒မတန္း ျမန္မာစာ သင္႐ိုး မွ ပယ္ဖ်က္ ခဲ့သည့္ စာဆို ေတာ္မယ္ေခြ ၏ ‘လက္ေဆာင္’ ကဗ်ာ ကို ဒသမတန္း (Grade -10)သင္႐ိုး သစ္ တြင္ ျပန္ထည့္ သြင္းထား သည္။ဒသမတန္း (Grade-10) ဘာသာရပ္ ပုံႏွိပ္စာအုပ္မ်ားကို ဆရာ၊ ဆရာမမ်ား ေလ့လာႏိုင္ရန္ ပညာေရး ဝန္ႀကီးဌာနက ေမလ ၁၀ ရက္တြင္ အေျခခံပညာ ဦးစီးဌာန ဝက္ဘ္ဆိုက္ ၌ လႊင့္တင္ ထားသည္။

ဒသမတန္း သင္႐ိုးသစ္ ျမန္မာစာ ဘာသာရပ္ အပိုင္း (၂) အဖတ္ အ႐ြတ္ သင္ခန္းစာ၊ အခန္း (၂) ျမန္မာ ကဗ်ာ ေ႐ြးခ်ယ္ ခ်က္ တြင္ ကဗ်ာ (၁၀) ပုဒ္ ထည့္သြင္း ထားၿပီး မယ္ေခြ ၏ ‘လက္ေဆာင္’ ကဗ်ာ လည္း ပါဝင္ သည္။‘‘ျမန္မာစာ သင္႐ိုးသစ္ မွာ ကဗ်ာ (၁၀) ပုဒ္မွာဆို ရွစ္ တန္း ျမန္မာစာ က ျဖဳတ္လိုက္တဲ့ ‘လက္ ေဆာင္’ကဗ်ာေလး ျပန္ထည့္ထား တယ္’’ဟု ဧရာဝတီတိုင္းေဒသ ႀကီးမွ အထက္တန္းျပ ဆရာမ တစ္ဦးက ေျပာသည္။

မယ္ေခြ ၏ ‘လက္ေဆာင္’ ကဗ်ာ ကို ယခင္ က အ႒မတန္း ျမန္မာစာ သင္႐ိုးၫႊန္းတမ္းတြင္ ထည့္သြင္းခဲ့ေသာ္လည္း ေဆးလိပ္၊ေဆး႐ြက္ ႀကီးႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာ ပါေနသည္ဟုဆိုကာ ၿပီးခဲ့သည့္ ၂၀၁၉-၂၀ပညာသင္ႏွစ္ကစ၍ ထိုကဗ်ာကိုအ႒မတန္း သင္႐ိုးမွ ပယ္ဖ်က္ ခဲ့သည္။ ‘လက္ေဆာင္ ’ကဗ်ာကို သင္ ႐ိုးၫႊန္းတမ္းမွပယ္ဖ်က္ျခင္းအ ေပၚ ေဝဖန္မႈမ်ား ေပၚထြက္ခဲ့ၿပီး အ႒မတန္း(Grade-9)သင္႐ိုး တြင္ ျပန္ထည့္ ေပးရန္ ပညာေရး အဖြဲ႕အစည္း မ်ားက ေၾကညာ ခ်က္မ်ား ထုတ္ျပန္ေတာင္းဆိုခဲ့ သည္။

ထိုသို႔ေတာင္းဆို မႈမ်ား ေၾကာင့္ ‘လက္ေဆာင္’ကဗ်ာ ကို ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အသက္အ႐ြယ္၊ အတန္းအဆင့္ ႏွင့္ ပိုမိုသင့္ ေလ်ာ္မည့္ စနစ္သစ္ အေျခခံပညာ အထက္တန္း ဒသမ တန္း(Grade-10)တြင္ ထည့္ သြင္းျပ႒ာန္းမည္ဟု ပညာေရး ဝန္ႀကီးဌာနက ေၾကညာ ခဲ့သည္။

‘လက္ေဆာင္’ကဗ်ာ ကို သင္႐ိုးသစ္ ဒသမတန္း ျမန္မာ စာတြင္ ေျပာင္းလဲ ထည့္သြင္းမည္ဟု သိရွိ ထားၿပီး အေျခခံ ပညာျမန္မာစာ ဘာသာ ရပ္ သင္႐ိုးၫႊန္းတမ္း ေကာ္မတီဝင္ မ်ားက သေဘာတူ ညီထားသည္ မွာလည္း ဟုတ္မွန္ သည္ဟု ျမန္မာစာသင္႐ိုးအဖြဲ႕ဝင္ ေဒါက္တာ ခင္ေအး (ေမာင္ခင္မင္ -ဓႏုျဖဴ)က ေျပာၾကားထားသည္။

crd: 7day news

unicode

လာမည့်ကျောင်းဖွင့် ချိန် တွင် အထက်တန်း အဆင့်၏ ပထမဆုံးအတန်းဖြစ် သည့် ဒသမ တန်း(Grade-10)ကို သင်ရိုး ညွှန်းတမ်းအသစ် စပြောင်းမည် ဖြစ် သည်။ အလယ်တန်းအဆင့် သင်ရိုးဟောင်းတွင် နောက်ဆုံး အတန်းဖြစ်သည့် အဋ္ဌမတန်း (Grade-9)ကို ပြီးခဲ့သည့်နှစ် က တက်ရောက်အောင်မြင် သူများ သည် လာမည့်ကျောင်းဖွင့်ချိန်၌ အထက်တန်း အဆင့် တက်ရာတွင် သင်ရိုးသစ်ဒသမတန်း (Grade-10) ၌ တက်ရ မည်ဖြစ်သည်။

သင်ရိုးဟောင်း တွင် နဝမ တန်း(Grade-10)၊ ဒသမတန်း (Grade-11) အတန်းနှစ်တန်းကို အခြေခံပညာ အထက်တန်းအ ဆင့်ဟု သတ် မှတ်ခဲ့ သော် လည်း သင်ရိုးသစ် ၌ အထက်တန်းအ ဆင့်တွင် ဒသမတန်း(Grade -10)၊ ဧက ဒသမတန်း (Grade- 11)၊ ဒွါဒသမတန်း (Grade-12) ဟူသည့် အတန်း သုံးတန်း တက်ရ မည်ဟု ပညာရေးဝန်ကြီး ဌာနက သတ်မှတ် ထားသည်။

အဋ္ဌမတန်း မြန်မာစာ သင်ရိုး မှ ပယ်ဖျက် ခဲ့သည့် စာဆို တော်မယ်ခွေ ၏ ‘လက်ဆောင်’ ကဗျာ ကို ဒသမတန်း (Grade -10)သင်ရိုး သစ် တွင် ပြန်ထည့် သွင်းထား သည်။ဒသမတန်း (Grade-10) ဘာသာရပ် ပုံနှိပ်စာအုပ်များကို ဆရာ၊ ဆရာမများ လေ့လာနိုင်ရန် ပညာရေး ဝန်ကြီးဌာနက မေလ ၁၀ ရက်တွင် အခြေခံပညာ ဦးစီးဌာန ဝက်ဘ်ဆိုက် ၌ လွှင့်တင် ထားသည်။

ဒသမတန်း သင်ရိုးသစ် မြန်မာစာ ဘာသာရပ် အပိုင်း (၂) အဖတ် အရွတ် သင်ခန်းစာ၊ အခန်း (၂) မြန်မာ ကဗျာ ရွေးချယ် ချက် တွင် ကဗျာ (၁၀) ပုဒ် ထည့်သွင်း ထားပြီး မယ်ခွေ ၏ ‘လက်ဆောင်’ ကဗျာ လည်း ပါဝင် သည်။‘‘မြန်မာစာ သင်ရိုးသစ် မှာ ကဗျာ (၁၀) ပုဒ်မှာဆို ရှစ် တန်း မြန်မာစာ က ဖြုတ်လိုက်တဲ့ ‘လက် ဆောင်’ကဗျာလေး ပြန်ထည့်ထား တယ်’’ဟု ဧရာဝတီတိုင်းဒေသ ကြီးမှ အထက်တန်းပြ ဆရာမ တစ်ဦးက ပြောသည်။

မယ်ခွေ ၏ ‘လက်ဆောင်’ ကဗျာ ကို ယခင် က အဋ္ဌမတန်း မြန်မာစာ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခဲ့သော်လည်း ဆေးလိပ်၊ဆေးရွက် ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ ပါနေသည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၉-၂၀ပညာသင်နှစ်ကစ၍ ထိုကဗျာကိုအဋ္ဌမတန်း သင်ရိုးမှ ပယ်ဖျက် ခဲ့သည်။ ‘လက်ဆောင် ’ကဗျာကို သင် ရိုးညွှန်းတမ်းမှပယ်ဖျက်ခြင်းအ ပေါ် ဝေဖန်မှုများ ပေါ်ထွက်ခဲ့ပြီး အဋ္ဌမတန်း(Grade-9)သင်ရိုး တွင် ပြန်ထည့် ပေးရန် ပညာရေး အဖွဲ့အစည်း များက ကြေညာ ချက်များ ထုတ်ပြန်တောင်းဆိုခဲ့ သည်။

ထိုသို့တောင်းဆို မှုများ ကြောင့် ‘လက်ဆောင်’ကဗျာ ကို ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်၊ အတန်းအဆင့် နှင့် ပိုမိုသင့် လျော်မည့် စနစ်သစ် အခြေခံပညာ အထက်တန်း ဒသမ တန်း(Grade-10)တွင် ထည့် သွင်းပြဋ္ဌာန်းမည်ဟု ပညာရေး ဝန်ကြီးဌာနက ကြေညာ ခဲ့သည်။

‘လက်ဆောင်’ကဗျာ ကို သင်ရိုးသစ် ဒသမတန်း မြန်မာ စာတွင် ပြောင်းလဲ ထည့်သွင်းမည်ဟု သိရှိ ထားပြီး အခြေခံ ပညာမြန်မာစာ ဘာသာ ရပ် သင်ရိုးညွှန်းတမ်း ကော်မတီဝင် များက သဘောတူ ညီထားသည် မှာလည်း ဟုတ်မှန် သည်ဟု မြန်မာစာသင်ရိုးအဖွဲ့ဝင် ဒေါက်တာ ခင်အေး (မောင်ခင်မင် -ဓနုဖြူ)က ပြောကြားထားသည်။

crd: 7day news

Add a Comment

Your email address will not be published. Required fields are marked *

12 + 17 =