(၇)ရက် သားသမီးတစ်ပတ်စာ ဟောစာတမ်း ( 4.6.2020 မှ 10.6.2020 အထိ )

(၇)ရက် သားသမီးတစ်ပတ်စာ ဟောစာတမ်း ( 4.6.2020 မှ 10.6.2020 အထိ )

တနင်္ဂေနြ

ယခုတစ်ပတ်ကတော့ သင့်အတွက် စီးပွားရေး တိုးတတ် ဖွံ့ဖြိုးရန် အမှီကောင်းတစ်ခုကြုံလျှက် တိုးတတ်ရန် အကြောင်းဖန်လာမည်။ ဝီရိယ၊ ဇွဲနှင့် စွမ်းရည်များကို အသုံးချပါက ဘဝ၏ထိပ်တန်းအခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားနိုင်၏။

ရာထူးနေရာပြောင်းရွှေ့ခြင်း၊ တိုးတတ်ခြင်းများ ကြုံတတ် သည်။ ဆုံးရှုံးထားသောငွေကြေးဥစ္စာ များပြန်လည်ရရှိနိုင်သည့်သတင်းစကားများ ကြားရလိမ့်မည်။ စိတ်ဓါတ်ကို မြှင့်တင်ဆောင်ရွက်ကြည့်ပါ။ အောင်မြင်မှု စတင်ရောင်နီသန်းလာမယ့် အချိန်ကာလ ဖြစ်၏။

မယ်မယ်ရရ အခက်အခဲကြုံစရာမရှိ၊ အကယ်၍ အခက်အခဲနှင့် တွေ့ကြုံရလျှင် လည်း ကူညီဖေးမပေးမည့် ဆရာသမားကောင်းတွေ့မည်။ ပီတိသုခနှင့်ပြည့်စုံပြီး ကြွယ်ဝသောအခြေအနေသစ်သို့ရောက်ရှိတတ်သောကာလဖြစ်သည်။

သင်၏ရိုးသားဖြူစင်မှုကိုအရောင်အမျိုးမျိုးဆိုးပေးမည့် မိတ်ဆွေတုတစ်ချို့ကို သတိပြုဆက်ဆံသွားပါ။ ပညာရေးကံအထူးကောင်းနေသောကာလတစ်ခုဖြစ်သည်။ ကျန်းမာရေးပို ကောင်းစေရန် ညအိပ်ခရီးမထွက်ပါနှင့်။

အိမ်ထောင်ရေးမှာတော့အခက်အခဲမရှိ တည်ငြိမ်အေးဆေး သော အဖြစ် မျိုးနှင့် ကြုံတွေ့နေရတတ်ပါတယ်။အချစ်ရေးမှာတော့ စန်းအားကောင်းနေချိန်ပါပဲ။အဆင်မပြေတဲ့ချစ်သူတွေပြန် အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော ကြီးမားတဲ့အကြံအစည်တွေ အကောင်အထည် ဖော်ရခက်နေမည်။ ယတြာ မင်းဂွတ်သီး ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း ရိုးရိုးကျင့်မြင့်မြင့်ကြံချင့်ချိန်လုပ်ပြီး အောင်မြင်မှုကို ရယူရမည့် အချိန်ကာလမျိုး ဖြစ်ပါတယ်။ လုပ်ငန်းတွင်ပဲ ဖြစ်ဖြစ်၊ မည်သည့်အကြောင်းကိစ္စတွင်မဆို ကြီးကဲသူများနှင့် တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေး ဆောင်ရွက် ခြင်းဖြင့် ဘဝအောင်ပန်း ပွင့်လန်းနိုင်ပါသည်။

တစ်ဖြည်းဖြည်းချင်း တိုးတတ်နိုင်သော စီးပွားရေး လုပ်ငန်းများကို သေချာစွာလေ့လာပြီး လုပ်ကိုင်သင့်သော ကာလဖြစ်၏။ မငြိမ်သက်သောစီးပွားရေးလုပ်ငန်းအချို့ကို စွန့်စွန့်စားစားလုပ်မိတတ်ပါသည်။ ဘဝ၏အမေးပုစ္ဆာများကို အောင်မြင်စွာဖြေဆိုခွင့် ရပါလိမ့်မည်။

စီးပွားဥစ္စာများ တိုးတတ်မြင့်မားခြင်းများ ကြုံတွေ့ရမည်။ လူမျိုးခြား၊ ဘာသာခြားကို သတိပြု ဆက်ဆံခြင်းကြောင့် အကျိုးထူးရှိပါလိမ့်မည်။ မမျှော်လင့်သူတစ်ဦးထံမှ လက်ဆောင်ပစ္စည်း များရရှိတတ်ပါတယ်။ ရလျှင် ထီထိုးပါ။

စိတ္တသုခနှင့် ပြည့်စုံစေရန် ဘာသာရေးကိစ္စ ပိုမိုလုပ်ဆောင်သွားသင့်သည်။ ကျန်းမာရေးကတော့ ဝမ်းဖော ဝမ်းရောင်ဖြစ်တတ်ပါ တယ်။ အပုပ်ချိန်တွေမှာ ရေကြာကြာအချိန်ဆွဲပြီးချိုးတာမျိုးတွေဆင်ခြင်ပါ။

အချစ်ရေးမှာနှစ်ဖက်ချွန်သောကြား စကားများကြောင့် ရည်ရွယ်သူ၏ မျက်နှာလွှဲခြင်းများ ခံရတတ်သည်။ အိမ်ထောင်ရေးမှာတော့ ဉာဏ်နည်းတဲ့အိမ်ထောင်ဘက်ကိုရထားသူတွေကတော့ စိတ်ညစ်စရာများတတ်ပါတယ်။ပညာရေးကတော့ အထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၉ အထူးဟော ငွေကဝင်တာထက် ပိုထွက်နေ လိမ့်မယ်။ ယတြာ ကြက်မောက်သီးဘုရားကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလမှာတော့လူတကာနှင့် ဖေါ်ရွေစွာဆက်ဆံသင့်ချိန်ပါ။ အပြောင်းအလဲ တစ်စုံတစ်ရာဖြစ်စေမည့် စီးပွားရေးလုပ်ငန်းတစ်ခုကို စိတ်ကူးမိတတ်သည်။ ပြိုင်ဘက်လုပ်ငန်းတူအချို့၏ ဝေဖန်ကဲ့ရဲ့ပြောဆိုမှု ၊ အောက်လုံးတွေနဲ့ တိုက်ခိုက်မှုတွေကို ဥပေက္ခာပြု ဆောင်ရွက်ရသော ကာလဖြစ်သည်။

နိုင်ငံရပ်ခြား၊ ရပ်ဝေးဒေသခရီးသွားရန်ကိစ္စ ခေတ္တရပ်ဆိုင်းနေမည်။ လက်ရှိ မူလလုပ်ငန်းကိုသာ ပြန်လည်ဝေဖန် လေ့လာပြီး ဖိဖိစီးစီး လုပ်ကိုင်ကြည့်ပါ။ အခွင့်အလမ်း တစ်ခုလွဲချော် သွားပါက နောက်အခွင့်အလမ်းတစ်ခု ထပ်မံ တွေ့ကြုံရန် မလွယ်ကူတတ်ကြောင်း သတိပြု သင့်သည်။

အလုပ်ကိစ္စ၊ ဘုရားဖူးကိစ္စတို့နှင့်ပတ်သက်ပြီးခရီးထွက်ကိန်းမြင်သည်။ ရပ်ဝေးမှ သတင်းကောင်း တွေ ကြားရတတ်သည်။ ကျန်းမာရေးတွင် ရောဂါအထွေအထူး မမြင်ပါ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာမှုရမည်။ ကျန်းမာရေးကောင်းသည်ထက်ပိုကောင်းစေရန် အိပ်ရေးပျက် မခံပါနှင့်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာ ဟောင်းများ ပြန်ပေါ်တတ်ပါတယ်။လက်တွဲဖော်ကိုလျှို့ဝှက်ထားတဲ့ ကိစ္စတွေရှိရင်တော့ ဒီကာလမှာအကြောင်း အမျိုးမျိုးကြောင့်ပြန်ပေါ်တတ်ပါတယ်။ အတတ်ပညာကို အသုံးချ၍ ဘဝတိုးတတ်အောင်မြင်ရချိန် ဖြစ်ပါတယ်။

တတ်သည်ပညာကို အသုံးချခွင့်ရလာ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၄/၀ အထူးဟော ခရီးတို၊ ခရီးရှည်များနေမည်။ ယတြာ ထန်းလျက်ခဲလေးတွေ ခွေးကျွေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်မှာတော့နည်းလမ်းတကျဆောင်ရွက် တွက်ဆလုပ်ကိုင် မှသာ အောင်မြင် အဆင်ပြေမည်။ ဝင်ငွေ ခိုင်ခိုင်မြဲမြဲ ပိုင်ဆိုင်မှုမျိုး ကြုံရပါလိမ့်မည်။ဒါပေမယ့် လက်ဖွာခြင်းကြောင့်လည်း ငွေကြေးစုဆောင်းမရ ဖြစ်တတ် သည်။

လူမျိုးခြား၊ ဘာသာခြားနှင့် ပူးတွဲလုပ်ကိုင်ရတတ်၏။ ရပ်ဝေး ခရီးများ အထူးကောင်းမွန်နေ၏။ စိုးရိမ်ကြောင့် ကြမှုကြောင့် ရောဂါတိုးတတ်၏။ယခင်ကသင်မျှော်လင့်ထားခဲ့သောသင့် ရည်မှန်းချက်ဆန္ဒများယခုကာလတွင် အဆင်ပြေအောင်မြင်ခွင့်ကြုံမည်။

လုပ်ငန်းကြံစည်မှုအတိုင်းအဆင်ပြေပါလိမ့်မည်။ စီးပွားဥစ္စာရှိနေသည် မှန်သော် လည်း အတတ်အကျ မြန်ဆန်သောကာလဖြစ်ကြောင်း သတိ ပြုသင့်ပါတယ်။ လခစားဝန်ထမ်းများ အလုပ်တာဝန် တွေပိုလာတတ်ပါတယ်။ အိပ်ရေးမဝသလို လူကမကြည်မလင်ဖြစ်နေတတ်ပါတယ်။

ကျန်းမာရေးကောင်းမွန်စေရန် တရား ထိုင်ပါ။ ချစ်သူကြင်နာသူများ သင့်ပတ်ဝန်းကျင်တွင် ပတ်လည်ဝိုင်းနေပေလိမ့်မည်။ စန်းပွင့်နေတဲ့အတွက် အိမ်ထောင်သည် များလိင်မတူသူတွေနဲ့ဆင်ခြင်နေထိုင်ပါ။

ချစ်မှုရေးရာကိစ္စရပ်များ အပြစ်ပြောဖွယ်မရှိ ကံအထူး ကောင်း နေတတ်သည်။ ပညာရေးမှာတော့ စိတ်ချမ်းသာစရာများပါတယ်။ သင်လိုတဲ့ပညာတွေသင့်ခွင့်ရလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၅/၄ အထူးဟော ကျန်းမာရေးမှာ တရှောင်ရှောင်ဖြစ်လွယ်သည်။ ယတြာ ပဲဟင်းနှင့်ပလာတာဘုရားကပ်လှူပေးပါ။

ကြာသပေတး

ဒီကာလအတွင်းလူကြီးမိဘအကြီးအကဲတို့၏ ယုံကြည် အားကိုးမှုကို ခံရလိမ့်မည်။ ဝင်ငွေနှင့် အသုံးစရိတ်ကို မှတ်သားပြီး ဆင်ခြင်သုံးစွဲကြည့်ပါ။ ရပ်ဝေးနိုင်ငံရပ်ခြားမှ လက်ဆောင်တစ်ခုရလိမ့်မည်။ မိသားစုနှင့်အတူရပ်ဝေး ခရီးများ၊ ဘုရားဖူးခရီးများ ထွက်လျှင် ကောင်း၏။

အချိန်မရွေး ပြောင်းလဲတတ်သည့် စီးပွားရေးအနေအထား နှင့် ကြုံတွေ့ရလိမ့်မည်။ ပြောင်းလဲခြင်းနှင့် အဆင်ပြေနိုင်သော်လည်း ခေတ္တဆိုင်းငံ့ထားလျှင် ပိုအဆင်ပြေတတ်၏။ ရပ်ဝေးရောက်နေသော မိသားစုဝင်တစ်ဦးဦးပြန်ရောက်လာလိမ့်မည်။

သိသာထင်ရှားသော အောင်မြင်မှု၊ အဆင်ပြေမှု၊ ရရှိစေရန် သတိ၊ သတ္တိနှင့် ဝီရိယရှိရလိမ့်မည်။ တိုးတတ်မှုကိုဖေါ်ညွှန်းနေသည့် ကာလ ဖြစ်သော်လည်း ပတ်ဝန်းကျင်အသစ်၊ မိတ်ဆွေအသစ်နှင့်တော့ အဆင်မပြေတတ်သေး ပါ။ ဝင်ငွေကောင်းသော်လည်း ငွေအချို့ အလဟဿ ထွက်တတ်သည်။ ဘာသာရေး အဓိဌာန်တစ်ခု ပြုလုပ်ရတတ်သည်။ ဘာသာရေးလိုက်စားသူများ အထူး ဉာဏ်စဉ်တိုးတတ်ပါလိမ့်မယ်။ အချစ်ရေးမှာ မိမိချစ်နေသူကတစ်ယောက်၊မိမိကိုချစ်နေသူက တစ်ယောက်ဖြစ်နေတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် မသိအောင် တစ်ခုခုလုပ်တာမျိုးရှောင်ပါ။ တိုင်တိုင်ပင်ပင်နဲ့ဆောင်ရွက်စေချင် ပါတယ်။ပညာရေးမှာတော့ ဆရာကောင်းနဲ့ အထူးတွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၅/၆ အထူးဟော ကံမြင့်မားနေချိန် ပါပဲ။ ယတြာ ကော်ဖီဖျော်ပြီး ဘုရားကိုကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွင်းအားမာန်သစ်ဖြင့် ကြိုးစားပါ။ ဝီရိယကိုရှေ့ဆောင် လျှက် ဉာဏ်ကိုအသုံးချမှသာလျှင် လုပ်ငန်း ရည်ရွယ်ချက်တို့ အောင်မြင်မှုရရှိတတ်သည်။ အပြောနှင့်အလုပ်ကိုက်ညီမှု မရှိခြင်းတို့ကြောင့် လုပ်ငန်းများ အထနှေး ပါလိမ့်မည်။

စီးပွားတူတို့၏လှည့်စားမှုများကို သတိထားပါ။ မကြာမီတွေ့ကြုံရမည့် ပြောင်းလဲခြင်းသည် လက်တ လောပြောင်းလဲခြင်းထက် ပို၍ ကောင်းမွန်စေတတ် ပါသည်။ ဆန့်ကျင်မှု၊ ပြိုင်ဆိုင်မှု၊ ရန်ပြုမှုတို့ကြားတွင် ထူးခြား သည့် အဆင်ပြေမှုကြုံရတတ်၏။

အမွေရခြင်း၊ ထီပေါက်ခြင်း၊ ဆုလာဘ်ရခြင်းများလည်း ကြုံရ တတ်သည်။ သမာဓိ အားနည်းလျှင် လမ်းမှားသို့ရောက်သွားနိုင်ကြောင်း သတိပြုပါ။ ဘာသာတရားကို ပိုမိုအားစိုက်ပြုလုပ်သင့် သော ကာလတစ်ခုဖြစ်ပါတယ်။

ကူညီသူ၊ ခင်မင်သူ၊ မိတ်ဆွေအပေါင်း အသင်းများ ပေါ်ထွက် တတ်ချိန်ပါ။ ပြဿနာ ဟောင်းများကို ပြေလည်အောင်ဖြေရှင်းနိုင်မည်။ကျန်းမာရေးနဲ့ပက်သက်ပြီးထင်ထားသည်ထက်ပိုမိုအားနည်းသွား တတ်ပါတယ်။

အချစ်ရေးတွင်ဆွေမျိုးတစ်စုလက်မခံတဲ့သူကိုမှရွေးပြီး ချစ်မိသွားတတ်သည်။ အိမ်ထောင်ရေးမှာ တော့ ငွေကြေးနဲ့ပက်သက်ပြီး မျက်နှာချင်းဆိုင်ဖြေရှင်းရတတ်သည်။ ပညာရေးမှာတော့ သင်ယူလိုစိတ်ကုန်ခမ်းနေ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၀/၃/၆ အထူးဟော စန်းအားကောင်းနေ တတ်ပါတယ်။ ယတြာ နှင်းဆီပန်း ဘုရားပန်းအိုးထိုးပါ။

စေန

ဒီကာလအတွင်း လူသစ်၊ ဝန်းကျင်သစ်များ ကြုံတွေ့ရတတ်ပါတယ်။ မြွေတွေ့လျှင်သော်၎င်း၊ အိပ်မက်ထူး မက်လျှင်သော်၎င်း ထီထိုးပါ။ ထီပေါက်ကံအထူးကောင်း၏။ လာဘ်ပွင့်ချိန် ဖြစ်၍ ဆုလာဘ်များစွာရရှိတတ်သည်။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတစ်ခုနှင့် ရုတ်တရက်ကြုံတွေ့ရတတ်သည်။

မေတ္တာနှင့်ယှဉ်သောစိတ်ကို မွေးပါ။ အိမ်တွင်းရေးအနည်းငယ် ညံ့တတ်၏။ ဘာသာတရား များများလုပ်နိုင်မှ အခက်အခဲကျော်နိုင်လိမ့်မည်။ ရေအန္တရာယ် သတိထားပါ။လူငယ်များအုပ်ထိန်းသူမပါဘဲ ရေကစားခြင်းမျိုးလုံးဝရှောင်လိုက်ပါ။

ကိုယ်ပိုင်အတွေးနှင့် ကြံစည် လုပ်ကိုင်သည့် ကိစ္စများ အောင်မြင်မှု ရတတ် ပါတယ်။ ဇွဲ၊ သတ္တိအပြည့် အစွမ်းမြင့်ဆောင်ရွက်မှု အားလုံး အဆင်ပြေမှုကြုံလိမ့်မည်။ ငွေရှာငွေစု၍ ရင်းနှီးမှုများအတွက်ရည်ရွယ်ထားပါ။ ပံ့သကူပစ်ခြင်းများပြုလုပ်သင့်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်မှအရာရာအဆင်ပြေပါလိမ့်မယ်။ အချစ်ရေးတွင် ချစ်သူခင်သူနှင့် ရပ်ဝေးခရီး၊ ဘုရားဖူးခရီးများ ထွက်ရခြင်း ကြုံတွေ့ရတတ်ပါတယ်။ အွန်လိုင်းမှ အချစ်ဇာတ်လမ်း လှပကောင်းမွန်နေလိမ့်မည်။

အိမ်ထောင်ရေးမှာတော့အိမ်ထောင်ဘက်နှင့်အတူ အစားအသောက် ကောင်းများ စားရတတ်သည်။ ပညာရေးမှာတော့ထင်တိုင်းမပေါက်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၇/၈ အထူးဟော ကံအနည်းငယ် အားနည်းမည်။ ယတြာ ဝက်သား(သို့)အာလူးဟင်းချက်ပြီးဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695