သေရမှာ မကြောက်ပေ မယ့် မသေချင်သေးဘူး ဆိုတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် “ဦးမိုးဒီ”

သေရမှာ မကြောက်ပေ မယ့် မသေချင်သေးဘူး ဆိုတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် “ဦးမိုးဒီ”

ပရိသတ်တွေကို ရယ်မောပျော်ရွှင် စေခဲ့တဲ့ ဝါရင့် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးမိုးဒီကိုတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ခင်အားပေးကြမယ်ထင်ပါတယ် ။ သူတတ်စွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေအတွက် နှစ်ပေါင်းများစွာပေးဆပ်ခဲ့ပေမယ့် အခုချိန်မှာတော့ အသက်ရွယ်အရရော ကျန်းမာရေး အခြေနေကြောင့်ပါ အနားယူခဲ့ရပါပြီ ။

ဦးမိုးဒီကတော့ အသက် (၇၃) နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ် ။ ဇာတ်သမားဘဝနဲ့ဘဝကြမ်းခဲ့ပြီး ဇာတ်ကား (၂) ခါတိတိမှောက်ပြီး ဒဏ်ရာရ ခဲ့ပေမယ့် ကံကောင်းထောက်မစွာအသက်မသေခဲ့ဘူးလို့ သူ့ရဲ့ဇာတ်သမားဘဝအတွေ့ကြုံတွေကို ပြန်လည်ပြောပြလာခဲ့ပါတယ် ။ ဇာတ်ကတာအပြင် သရုပ်ဆောင် အလုပ်ပါ ဝင်ငွေ ရှိခဲ့ပေမယ့် ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့အတွက် အရမ်းမများတဲ့ အနုပညာကြေးလေး နဲ့ပဲ စုစုဆောင်းဆောင်းနေတတ်ခဲ့လို့ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ခဲ့တယ်လို့လည်း သိရပါတယ် ။

ဘဝတစ်လျှောက်လုံး သူချစ်တဲ့ အနုပညာတွေနဲ့ ပေးဆပ်ရင်း ပရိသတ်တွေကိုရယ်မောစေခဲ့သူ ဦးမိုးဒီကတော့ အသက်ရွယ် ရလာပြီဆိုတော့ သေရမှာမကြောက်ပေမယ့် သေတော့မသေချင်သေးဘူးလို့ လည်း ပရိသတ်တွေကိုဖွင့်ဟခဲ့ပါသေးတယ် ။ ဦးမိုးဒီတစ်ယောက် ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပြီး ချစ်တဲ့ပရိသတ်တွေနဲ့အကြာကြီးနေ သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ် ။

video …

Source : Exclusive On Cele Gabar
Credit Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

five × two =