တ႐ုတ္ႏိုင္ငံ က Covid-19 ကုသေဆး ကို ကေနဒါႏိုင္ငံတြင္ စမ္းသပ္ ထုတ္လုပ္မည္

Covid-19 ကုသေဆး ရွာေဖြေရး လုပ္ငန္းေတြထဲက တစ္ခုျဖစ္တဲ့ တ႐ုတ္အေျခစိုက္ CanSino Biologics Inc ဟာ ကေနဒါႏိုင္ငံ အမ်ိဳးသားသုေတသနဌာနႏွင့္ပူးေပါင္းၿပီး Covid-19 ကုသေဆးစမ္းသပ္ထုတ္လုပ္သြားမယ္လို႔ ေမလ ၁၂ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ကေနဒါဘက္က ကုသေဆးထုတ္လုပ္ မႈကို Montreal ရွိ အစိုးရစက္႐ုံမွာထုတ္လုပ္ေပးမွာျဖစ္ၿပီး စမ္းသပ္မႈေတြနဲ႔လိုအပ္တဲ့ျပင္ဆင္မႈေတြကို CanSino Biologics Inc ဘက္ကလုပ္ေဆာင္ရမွာျဖစ္တယ္လို႔သိရပါတယ္။

စမ္းသပ္မႈဟာ အေစာပိုင္း အဆင့္မွာပဲ ရွိေသးတာေၾကာင့္ ေဆးဟာ အက်ိဳးျဖစ္ထြန္းမယ္လို႔ အာမ မခံႏိုင္ေသာ္လည္း တကယ္လို႔ ေအာင္ျမင္ပါက ကေနဒါက်န္းမာေရး အဖြဲ႕အသိအမွတ္ျပဳလက္မွတ္ရ ရွိမည္ျဖစ္ကာ ကေနဒါႏိုင္ငံသားေတြအတြက္ ေဆးဝါးခ်က္ခ်င္း ရရွိမွာလည္းျဖစ္ပါတယ္။

ယခုေဆးဝါးဟာ သာမန္လူထံေရာဂါပိုး မေရာက္ရွိေအာင္ ကာကြယ္ေပးမွာျဖစ္ေပမဲ့ ခ်က္ခ်င္းေအာင္ျမင္ဖို႔အတြက္ဆိုတာကေတာ့ ႀကီးမားတဲ့ စိတ္ေခၚမႈျဖစ္ေနဆဲပါ။ ယခုကေနဒါက လက္ခံထုတ္လုပ္ေပးမဲ့ စက္႐ုံဟာ အီဘိုလာေဆးတုန္းကလည္း ပါဝင္ထုတ္လုပ္ေပးခဲ့ဖူးတာလည္းျဖစ္ပါတယ္။ သို႔ေသာ္ လည္း ကေနဒါေဆးဝါးခြင့္ျပဳခ်က္ဌာနက တ႐ုတ္ႏိုင္ငံကရရွိလာမဲ့ ေဆးဝါး စမ္းသပ္သုံးစြဲမႈအေျဖေတြကို လက္ခံႏိုင္မလားဆိုတဲ့အေမးကိုေတာ့ ႏွစ္ဖက္စလုံးကေျဖၾကားလာျခင္းမရွိေသးပါဘူး။တ႐ုတ္ႏိုင္ငံ Tianjin ၿမိဳ႕အေျခစိုက္ CanSino ကေတာ့ ကေနဒါေဆးဝါး ခြင့္ျပဳခ်က္ဌာနက တ႐ုတ္ႏိုင္ငံရဲ႕စမ္းသပ္မႈအေျဖကို လက္ခံေဆြးေႏြးသြားမွာျဖစ္တယ္လို႔ April 26 ရက္ေန႔က စကားစ ထုတ္ထားတာရွိပါတယ္။

crd : panpyoelat

unicode

Covid-19 ကုသဆေး ရှာဖွေရေး လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ တရုတ်အခြေစိုက် CanSino Biologics Inc ဟာ ကနေဒါနိုင်ငံ အမျိုးသားသုတေသနဌာနနှင့်ပူးပေါင်းပြီး Covid-19 ကုသဆေးစမ်းသပ်ထုတ်လုပ်သွားမယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကနေဒါဘက်က ကုသဆေးထုတ်လုပ် မှုကို Montreal ရှိ အစိုးရစက်ရုံမှာထုတ်လုပ်ပေးမှာဖြစ်ပြီး စမ်းသပ်မှုတွေနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေကို CanSino Biologics Inc ဘက်ကလုပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

စမ်းသပ်မှုဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးတာကြောင့် ဆေးဟာ အကျိုးဖြစ်ထွန်းမယ်လို့ အာမ မခံနိုင်သော်လည်း တကယ်လို့ အောင်မြင်ပါက ကနေဒါကျန်းမာရေး အဖွဲ့အသိအမှတ်ပြုလက်မှတ်ရ ရှိမည်ဖြစ်ကာ ကနေဒါနိုင်ငံသားတွေအတွက် ဆေးဝါးချက်ချင်း ရရှိမှာလည်းဖြစ်ပါတယ်။

ယခုဆေးဝါးဟာ သာမန်လူထံရောဂါပိုး မရောက်ရှိအောင် ကာကွယ်ပေးမှာဖြစ်ပေမဲ့ ချက်ချင်းအောင်မြင်ဖို့အတွက်ဆိုတာကတော့ ကြီးမားတဲ့ စိတ်ခေါ်မှုဖြစ်နေဆဲပါ။ ယခုကနေဒါက လက်ခံထုတ်လုပ်ပေးမဲ့ စက်ရုံဟာ အီဘိုလာဆေးတုန်းကလည်း ပါဝင်ထုတ်လုပ်ပေးခဲ့ဖူးတာလည်းဖြစ်ပါတယ်။ သို့သော် လည်း ကနေဒါဆေးဝါးခွင့်ပြုချက်ဌာနက တရုတ်နိုင်ငံကရရှိလာမဲ့ ဆေးဝါး စမ်းသပ်သုံးစွဲမှုအဖြေတွေကို လက်ခံနိုင်မလားဆိုတဲ့အမေးကိုတော့ နှစ်ဖက်စလုံးကဖြေကြားလာခြင်းမရှိသေးပါဘူး။တရုတ်နိုင်ငံ Tianjin မြို့အခြေစိုက် CanSino ကတော့ ကနေဒါဆေးဝါး ခွင့်ပြုချက်ဌာနက တရုတ်နိုင်ငံရဲ့စမ်းသပ်မှုအဖြေကို လက်ခံဆွေးနွေးသွားမှာဖြစ်တယ်လို့ April 26 ရက်နေ့က စကားစ ထုတ်ထားတာရှိပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

5 + 15 =