အသစ် တွေ့ရှိတဲ့ လူနာအမှတ် (၂၃၄) သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ခိုးဝင်လာသူဖြစ်

အသစ် တွေ့ရှိတဲ့ လူနာအမှတ် (၂၃၄) သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ခိုးဝင်လာသူဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ရောဂါပိုးတွေ့ လူနာသစ် ဖြစ်တဲ့ လူနာအမှတ် (၂၃၄) ဟာ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းမှာ Q ထားရှိသူ ၅ ဦးထဲက ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ၃ရက်အတွက် ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ ၆၈၄ခုအား စစ်ဆေးရာမှာ လူနာသစ် တစ်ဦးတွေ့ ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒီကနေ့ ဇွန်လ ၄ ရက် မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလူနာကို မောင်တောမြို့ပြည်သူ ဆေးရုံကြီး သီးသန့် လူနာဆောင်မှာ ထားရှိကုသပေးမှာဖြစ်ပြီး သူနဲ့ ထိတွေခဲ့သူတွေအားလုံးကိုလည်း Facility Quarantine အဖြစ်ထားရှိသွားမယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက ပြောပါတယ်။

လူနာအမှတ် (၂၃၄) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး မေလ ၃၀ နေ့လည် ၃ နာရီမှာ မိသားစုဝင် ၅ ဦးနဲ့အတူ ဦးရှည်းကျကျေးရွာသို့ တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၁ လရက်နေ့မှာ လှဖိုးခေါင် ပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိလာခဲ့ကာ သူတို့ရဲ့ နှာခေါင်း၊ အာခေါင် တို့ဘတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှ အိမ်ထောင် ဦးစီးဖြစ်တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

twenty + four =