မိုးရွာခြင်း မရှိ၊ လေပြင်း တိုက်ခြင်း မရှိဘဲ မိုးကြိုးပစ် မှုကြောင့် သားအမိ (၂) ဦးသေဆုံး

မိုးရွာခြင်း မရှိ၊ လေပြင်း တိုက်ခြင်း မရှိဘဲ မိုးကြိုးပစ် မှုကြောင့် သားအမိ (၂) ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ၌ မိုးကြိုးပစ် ခံရပြီး သားအမိနှစ်ဦး အပါအဝင် လူသုံးဦးသေဆုံးကာ လူ ၅ ဦး သတိမေ့မြောသွား ခဲ့ကြောင်း သိရပါတယ်။

ရေဦးမြို့နယ် ဇီးကန်ကျေးရွာ တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က မိုးရွာခြင်း လေပြင်းတိုက်ခတ်ခြင်း မရှိဘဲ မိုးကြိုးတစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ မိုးကြိုးပစ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ လမ်းဘေးတွင် ဝိုင်းဖွဲ့၍ ထိုင်စကားပြောနေသည့် လူ ၇ ဦးအနက် သားအမိ နှစ်ဦး ဖြစ်သည့် ဒေါ်ငွေ (၃၂) နှစ် နှင့် မညို(၁၃)နှစ် တို့မှာ နေရာတွင် သေဆုံးခဲ့ကာ ၅ ဦးမှာ သတိမေ့ လဲကျခဲ့တယ် လို့ သိရပါတယ်။

“စကားပြောနေချိန် မိုးကမရွာဘဲနဲ့ မိုးကြိုးက တစ်ချက်ထဲ ပစ်ချတာ။ သေဆုံးသူ ကောင်မလေးလက်မှာ ကိုင်ထားတဲ့ ရေပုံးကလည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက် စုံစမ်းခဲ့သည့် ရေဦးမြို့နေ ဦးအောင်မြင့်သောင်း က ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီကျော် အချိန် ခန့် ကလည်း မိုးကြိုးပစ်ခြင်း လေပြင်းတိုက်ခြင်း မိုးရွာ သွန်းခြင်း ရေဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ပြီး မိုးကြိုးပစ်ခြင်းကြောင့် အင်းကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး မိုးကြိုး ထိမှန်သေဆုံးခဲ့သဖြင့် နှစ်ရက် အတွင်း မိုးကြိုးထိမှန်သေဆုံးသူ ၃ ဦးအထိ ရှိခဲ့ပါတယ်။

ဧပြီလအတွင်းကလည်း စစ်ကိုင်းတိုင်း အတွင်း မိုးကြိုး ပစ်ခြင်းကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။ မိုးကြိုးထိမှန်သေဆုံးသူများ အတွက် စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ လူတစ်ဦးလျှင် ငွေကျပ် သုံးသိန်း ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။ မနေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင်လည်း မိုးကြိုးပစ်ခြင်းကြောင့် လူ ၅ ဦးသေဆုံးခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

eight + eleven =