သူမချစ်ရတဲ့ အဆိုတော်တစ်ဦးရဲ့သီချင်းလေးကို အံ့သြစရာကောင်းလောက်အောင် ဆိုပြလိုက်တဲ့ “အိုင်းရင်းဇင်မာမြင့်” ရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ အိုင်းရင်းဇင်မာမြင့်ကတော့ အမိုက်စားသီချင်းတွေကို သီဆိုရင်း ဂီတလောကမှာ အောင်မြင်ကျော်ကြား ခဲ့တဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်နော်။သူမအရမ်းချစ်ရတဲ့မိခင်ကြီး ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေကြဲလာပြီး သီချင်းလေး တစ်ပုဒ်သာ ထွက်ရှိလာ ပါတယ်နော်။

ဒီကနေ့မှာတော့ အိုင်းရင်းဇင်မာမြင့်ဟာ သီချင်းလေး နားထောင်လိုက်ရင် ငယ်ဘဝကိုအမှတ်ရစေတဲ့ အဆိုတော်မလေးတစ်ဦးအကြောင်းကို ပြောပြလာပါတယ်။ ရေဒီယိုမှာလာတဲ့ ကြိုးကြာရဲ့ “အိပ်မက်ထဲကချစ်သူ” သီချင်းလေး ကို သီဆိုပြရင်း “Ireneအရမ်းချစ်တဲ့အဆိုတော် အများကြီးထဲက တစ်ယောက်က အဆိုတော် မကြိုးကြာပေါ့။ သူသီချင်းကြားရင် စိတ်ထဲကေ ပျာ်တယ် ငယ်ဘဝလေးသတိရစေတဲ့ 🎹🎼အိပ်မက်ထဲကချစ်သူ ” ဆိုပြီးပြောပြလာပါတယ်။

အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရင်ထဲကို ထိအောင်သီဆိုနိုင်တဲ့ကြိုးကြာကို ပရိသတ်တွေတင်သာမက အဆိုတော်ချင်းတူတဲ့ အိုင်းရင်းဇင်မာမြင့်တောင် ကြိုက်နှစ်သက်ခဲ့ရတာပါနော်။ပရိသတ်ကြီးရော အိုင်းရင်းဇင်မာမြင့်နဲ့အကြိုက်ချင်းတစ်ထပ်တည်းကျ ရဲ့လားဆိုတာပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူ းတင်ရှိပါတယ်။

Source: Irene Zin Mar Myint’s fb

zawgyi



