မိခင်နိုင်ငံ က ပရိတ်သတ်တွေ ကို ဝမ်းသာစရာ သတင်းစကား ပြောကြားလာခဲ့တဲ့ မြန်မာ့ စပါးအုံးကြီး အောင်လအန်ဆန် (ရုပ်သံ)

မိခင်နိုင်ငံ က ပရိတ်သတ်တွေ ကို ဝမ်းသာစရာ သတင်းစကား ပြောကြားလာခဲ့တဲ့ မြန်မာ့ စပါးအုံးကြီး အောင်လအန်ဆန် (ရုပ်သံ)

မြန်မာပြည်သူတွေ ကို ဝမ်းသာစရာ သတင်း စကားပြော ကြားလာခဲ့တဲ့ မြန်မာ့ စပါးအုံးကြီး အောင်လအန်ဆန် (ရုပ်သံ) အောက်ဆုံးတွင် vedio ပါဝင်သည်

ONE Championship တွင် အကောင်းဆုံး မြန်မာ ကစားသမား ဖြစ်သလို ဝိတ်တန်း နှစ်ခု၏ ချန်ပီယံ ခါးပတ်များကို သိမ်းပိုက်ထားသည့် တစ်ဦးတည်းသော ကစားသမားအောင်လအန်ဆန်သည် မြန်မာ တစ်နိုင်ငံလုံးက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အဖြစ်သတ်မှတ်ခြင်း ခံထားရသူ ဖြစ် သည်။ အောင်လအန်ဆန် ၏ ကျော်ကြားမှု နှင့်အတူ ၎င်းနှင့် ပတ်သတ်သည့် အကြောင်းအများအပြား ကိုလည်း မီဒီယာများတွင် မကြာခဏ ဖော်ပြလေ့ ရှိကြသည်။ အဆိုပါ အကြောင်းအရာများ ထဲမှစိတ်ဝင်စား ဖွယ်ရာအကြောင်းအရာ အချို့ကို စုစည်း တင်ပြ လိုက်ရ ပါသည်။

တောရိုင်း တိရစ္ဆာန် မှောင်ခိုကုန်ကူးမှု ဆန့်ကျင် သူကြိုး ဝိုင်း နာမည်ကို “မြန်မာ စပါးအုံးမြွေ”ဟု ခံယူထားသူ အောင်လ အန်ဆန်က ရန်ကုန်တိုင်းအတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားမှု ပိတ်ပင်ခြင်း ကိုလည်း ကြိုဆိုခဲ့ဖူး သေးကြောင်း တွေ့ရသည်။ ရွှေ့ပြောင်း ပျားမွေးမြူရေး လုပ်သား ပျားရည်များ လိုက်လံ စုဆောင်းရင်း မကြာခဏ ပျားတုပ် ခံရသူ အောင်လ အန်ဆန်သည် ဝတ်မှုံ ကူးသည့် သီးနှံများ အတွက် တစ်နိုင်ငံလုံး လှည့်ပတ် သွားလာ နေရသဖြင့် ၎င်း၏ လေ့ကျင့်ရေး များကို ကောင်းစွာ မလုပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။

ထို့ကြောင့် တစ်နှစ်ခွဲခန့် အကြာတွင် ယင်း အလုပ်မှ အနားယူ ခဲ့ပြီး အားကစား လောကထဲ ခြေစုံပစ် ဝင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ ခရီးသွားလုပ်ငန်း သံတမန်ကြေးရုပ်သွန်းလုပ် ဂုဏ်ပြုခံရသူအောင်လ အန်ဆန်သည် မြန်မာ နိုင်ငံတွင် သက်ရှိ ထင်ရှား ကြေးရုပ် သွန်းလုပ် ဂုဏ်ပြုခြင်း ခံရသည့် ထူးခြားသော ပုဂ္ဂိုလ် ဖြစ်သည်။ အောင်လ အန်ဆန်၏ ရုပ်တုကို ၎င်း၏ မွေးရပ်မြေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ မနောကွင်းတွင် စိုက်ထူ ဂုဏ်ပြုခဲ့ပြီး၂ဝ၁၈ ဒီဇင်ဘာ ၁၅ ရက်တွင် အခမ်းအနားဖြင့် ဖွစ်လှစ်ခဲ့သည်။

ယင်းရုပ်တုကို အောင်လအန်ဆန် ချန်ပီယံ ခါးပတ်များ ကိုင်ဆောင် ထားသည့် ပုံစံ သွန်းလုပ်ထားခြင်း ဖြစ်ကာ ရုပ်တု အမြင့် ၉ ပေနှင့် အောက်ခံခုံ ၇ ပေ ရှိသည်။ လူငယ်များ အတုယူစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ငွေကျပ် သိန်း ၅ဝဝ ခန့် အကုန် ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဖူဆယ်ဘောလုံးသမား ကိုယ်ခံ ပညာ သိုင်းပေါင်းစုံ အားကစားတွင် ပရော်ဖက်ရှင်နယ် အဖြစ် ကစားနေသူ အောင်လ အန်ဆန်သည်အခြား အားကစား များတွင်လည်း မညံ့သူ ဖြစ်သည်။

၎င်းသည် လူငယ်ကျောင်းသားဘဝ ကတည်းက ဘောလုံး၊ ပြေးခုန်ပစ် စသည့်အားကစား များကို လိုက်စားခဲ့ပြီး လက်ရှိ ကိုယ်ခံပညာကစားသမား ဘဝတွင်ပင် ပရိသတ်များ ရှေ့တွင် ဖူဆယ် ဘောလုံးသမား အဖြစ်ပွဲစဉ် တစ်ပွဲ ကစားပြခဲ့ဖူးသည်ကို တွေ့ရသည်။ ၂ဝ၁၈ သြဂုတ်လ အတွင်းက ကျင်းပခဲ့သည့် အဆိုပါ ပွဲတွင် အားကစား နှင့်ကာယပညာ သိပ္ပံမှလူငယ် ကျောင်းသား ၇ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး အောင်လ အန်ဆန် နှင့်အတူ မြန်မာ့ လက်ရွေးစင် ဂိုးသမား ကျော်ဇင်ဖြိုးလည်း ပါဝင်ခဲ့သည်။

ကျွန်တော် foodpanda Myanmar ရဲ့ brand ambassador အနေ နဲ့ ကိုယ်စားပြုသွားမှာဖြစ်တဲ့ အကြောင်းဂုဏ်ယူစွာ ‌အသိပေးချင်ပါတယ်။ မြန်မာနိုင်ငံ က အစားအသောက် ချစ်သူတွေနဲ့ ကျွန်တော့်ရဲ့ပရိတ်သတ်တွေ အတွက်ပျော်စရာပါ ဆိုပြီးပြောလာခဲ့ပါတယ်။ ကျွန်တော်တို့ အောင်လအန်ဆန် ရဲ့ စိတ်နေစိတ်ထား ခံယူချက်လေး ကိုလည်း မျှဝေပေး လိုက်ပါတယ်။ ဗွီဒီယိုကိုတော့ အောက်ဆုံးမှာ ကြည့်ကြပါခင်ဗျာ။

Source from Aung La Nsang

Add a Comment

Your email address will not be published. Required fields are marked *

ten + 17 =