အသက်(၄၀)အရွယ်လို့ မယုံနိုင်လောက်အောင်နုပျိုလွန်းတယ် မင်းသမီးလေး “အွန်စော” ရဲ့ ဘ၀အကြောင်း …

ဒီကနေ့မှာဆိုရင်တော့ ပရိတ်သတ်ကြီးတို့တွေ အွန်စောလို့သိကြတဲ့ မင်းသမီး ဆောင်း‌ဟေကို ရဲ့အကြောင်းကို ပြောပြပေးသွားပါမယ်။ နာမည်ကတော့ ဟေကိုဖြစ်ပြီးတော့ မျိုးရိုးနာမည်ကတော့ ဆောင်းပါ။ ကဲပေါင်းပြီးပြောတော့ ဆောင်းဟေကို ပေါ့။ ဆောင်းဟေကို ကိုတော့ မြန်မာနိုင်ငံမှာ လူတော်တ်ောများများက အွန်စောလို့သိကြပါတယ်။ သူမကိုတော့ ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ အသက်ကတော့အခုဆိုရင် ၃၉နှစ်ရှိနေပါပြီတဲ့။ တကယ်ကို မထင်ထားလောက်အောင် နုပျိုနေတော့တာဘဲနော်။ ရာသီခွင်ကတော့ Sagittarius ဖြစ်ပါတယ်။

သူမရဲ့ဖခင်အမည်ကတော့ Song Dae-seob လို့သိရပါတယ်၊ဒါပေမယ့်လည်း သူမရဲ့ မိခင်အမည်ကိုတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။အရပ်ကတော့ ၅ပေနဲ့ ၆လက်မရှိပြီး‌တော့ ဝိတ်ကတော့ ပေါင် ၁၁၀ဘဲရှိပါတယ်တဲ့။ ရင် ၃၄ ခါး ၂၅ နဲ့ တင် ၃၄ ရှိပြီး မိန်းကလေးတိုင်းလိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားတစ်ခုကိုပိုင်ဆိုင်ထားသူတစ်ယေက်လို့လည်း ပြောလို့ရပါတယ်။ သူမကို မွေးပြီးမကြာခင်မှာဘဲ အပြင်းအထန်ဖျားနာခဲ့ပြီး ဆရာဝန်တွေ ကိုယ်တိုင်ကတောင် အသက်မရှင်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆောင်းတစ်ယောက်ကတော့ လောကဓံကို အရှုုံးမပေးခဲ့ပါဘူး။သူမရဲ့ဘဝသစ်ကို ၁၉၈၂ခုနှစ် ဖေဖော်ဝါရီလ ၂၆၇က်နေ့မှာ ပြန်လည်စတင်နိုင်ခဲ့တယ်လိုပြောလို့ရပါတယ်။သူမနေပြန်ကောင်းလာခဲ့တဲ့ အချိန်မှာပေါ့။ သူမကိုတော့ ဒယ်ဂူမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အဖေနဲ့အမေ ကွာရှင်းပြီးတဲ့ နောက်မှာ ဆိုရင်တော့ သူမရဲ့ အမေဖြစ်သူနဲ့သာကြီးပြင်းခဲ့ရပြီး ဆိုးလ်မှာရှိတဲ့ ဂန်းနမ် ခရိုင်ကို ပြောင်း ရွေ့အချေချခဲ့ပါတယ်။သူမကတော့ မူလတန်းမှာ စကိတ်ကျောင်းသူတစ်ယောက်အဖြစ် နာမည်ကြီးခဲ့ပြီး ရှစ်တန်းကျောင်းသူအရွယ်မှာ ကျောင်းထွက်သွားခဲ့ပါတယ်။

ဆောင်းတစ်ယောက်ကတော့ သူ့ကိုသူ လူရွှင်တော် တစ်ယောက်လို့ ထင်နေပေမယ့် သူမရဲ့ဆရာမတွေ သူငယ်ချင်းတွေကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ပြောကြပါတယ်။ ကိုရီးယားနိုင်ငံ Sejong University မှာ Film Arts မေဂျာကို ယူပြီး သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့ပါတယ်။ မရဲ့ ပွဲဦးထွက် ဇာတ်ကားလေးကတော့ First Love လို့ခေါ်တဲ့ television drama ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ သူမကို နာမည်ကြီးစေခဲ့တာကတော့ KBS ရုပ်သံကနေ ရိုက်ကူးထုတ်လုပ်တဲ့ Autumn in My Heart ဆိုတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ်။

အဲ့ဒီ့ဇာတ်ကားလေးကတော့ နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့ပြီး သူမရဲ့မူရင်းနာမည် ဆောင်းဟေကိုထက် အွန်စောဆိုပြီး လူသိများလာခဲ့ပါတယ်။ အဲ့ဒီ့အပြင် All In , Full House That Winter, the Wind Blows , Descendants of the Sun and Encounter စတဲ့ နာမည်ကြီး ဇာတ်ကားတွေထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်ဆောင်ထားခဲ့ပါတယ်။ သူမရဲ့ နာမည်ကြီးတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ Hwang Jin Yi ၊ The Grandmaster , My Brilliant Life , and The Queens တို့ဘဲဖြစ်ပါတယ်။ ၀၁၇ ခုနှစ်ရဲ့ နာမည်ကြီး Forbes magazine’s မှာ အကောင်းဆုံး ကိုရီးယားအနုပညာရှင်စာရင်းမှာ နံပါတ် ၇ ချိတ်ခဲ့ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အလှဆုံးမင်းသမီး သုံးလက်ထဲက တစ်လက်ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ မင်းသမီး Kim Tae-hee နဲ့ Jun Ji-hyun တို့ဖြစ်ကြပြီး သူတိုသုံးယောက်ကိုတော့ Tae-Hye-Ji ဆိုပြီးတော့ လူသိများပါတယ်။ သူမကတော့ ခရီးထွက်ရတာကို ကြိုက်နှစ်သက်ပြီး တရုတ်အစားအစာတွေကို ပိုပြီး သဘောကျပါတယ်တဲ့။ အကြိုက်ဆုံးကာလာ ကတော့ အမည်းရောင်ဖြစ်ပါတယ်။သူမကတော့ ၂၀၁၇ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Descendants of the Sun ဆိုတဲ့ဇာတ်ကားမှာ နာမည်ကြီး ရုပ်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ Song Joong-ki နဲ့ဖူးစာစုံ ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ လက်ထက်ခဲ့ပြီး ဘဝသစ်တစ်ခုကိုထူ ထောင်နိုင်ခဲ့ပါတယ်။

လူအများက ဆောင်းဆောင်း couple ဆိုပြီးတော့ သိကြပါတယ်။ဒါပေမယ့်လည်း နောက်ပိုင်းမှာ စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့် ၂၀၁၉ ခုနှစ် ဂျွန်လ ၂၇ ရက်နေ့မှာ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ မည်ကြီး မင်းသမီး တစ်လက်ပီပီ သူမရရှိထားတဲ့ ဆုတွေကလည်း မနည်းမနော်ပါဘဲ။ ၁၉၉၆ ခုနှစ်မှာ SunKyung Smart Model Contest award ,1998Best New Actress in a Sitcom ဆိုတဲ့ ဆုကို Soonpoong Clinic, How Am I? ဆိုတဲ့ ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ Autumn in My Heart ဇာတ်ကားနဲ့ ၂၀၀၀ခုနှစ်မှာ KBS ကပေးအပ်တဲ့ Photogenic Award, Popularity Award,နဲ့ ၂၀၀၁ ခုနှစ် ၃၇ကြိမ်‌မြောက် ဒယ်ဆန်း ဆုပေးပွဲမှာ Most Popular Actress ကိုလည်းရရှိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာဆိုရင်လည်း Popular Music Video Award ,Top Excellence Award, Actress Popularity Award စတဲ့ ဆုတွေကိုလည်း တစ်ကြိမ်မက ရရှိခဲ့ပါတယ်။ Best Couple award အကောင်းဆုံး စုံတွဲဆုကိုတော့ full house ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ rain နဲ့အတူရရှိခဲ့ပြီးတော့ Asia Best Couple award ကိုတော့ Descendants of the Sun ဆိုတဲ့ ဇာတ်ကားမှာ ခင်ပွန်းဟောင်းဖြစ်သူ Song Joong-ki နဲ့အတူ ရရှိခဲ့ပါတယ်။ သမ္မတကပေးအပ်တဲ့ 7th Korean Popular Culture & Arts Awards ဆုကိုလည်း ၂၀၁၆ ခုနှစ်မှာ ထပ်မံရရှိခဲ့ပါသေးတယ်။

crd