နေအိမ်ကနေ ထွက်ပြေးပြီး ဒဏ်ရာ ဒဏ်ချက်တွေနဲ့ လမ်းမဘေးအိပ်နေတဲ့ အဖွားကို မေးမြန်း ကြည့်လိုက်တော့…
|နေအိမ်ကနေ ထွက်ပြေးပြီး ဒဏ်ရာ ဒဏ်ချက်တွေနဲ့ လမ်းမဘေးအိပ်နေတဲ့ အဖွားကို မေးမြန်း ကြည့်လိုက်တော့…
နေအိမ် ကနေထွက်ပြေးပြီး ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ လမ်းမဘေး အိပ်နေ တဲ့ အဖွားကို မေးမြန်း ကြည့်လိုက်တော့…
မိခင်၊ အဘွား ဆိုတဲ့ သူတွေဟာ ကိုယ်တွေ မသိတတ်သေးတဲ့ အချိန် ကတည်းကစပြီး
ကိုယ့်ကိုအမြဲ ပြုစုစောင့်ရှောက်ခဲ့တဲ့သူတွေဖြစ် တဲ့ အတွက်သူတို့အပေါ် လေးစား ဂရုဏာစိတ်ထားတတ်ရမှာ
သဘာဝပါပဲလေ..သို့ပေမဲ့လည်း အချို့သော သူတွေက ကျေးဇူး သိတတ်တဲ့ စိတ်မရှိတဲ့အပြင်
ရက်စက် ယုတ်မာတတ်ကြပါတယ်… ဒီတစ်ခေါက် ဆိုရှယ် မီဒီယာ ပေါ်မှာ အတော်လေး ရေပန်းစားနေလျက် ရှိတဲ့
သတင်းတစ်ပုဒ် ဟာလည်း ဝမ်းနည်း ကြေကွဲဖွယ်ကောင်းလွန်းလှပါတယ်။ ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ က
အဘွားအိုတစ်ယောက်ဟာ မယုံနိုင်လောက်တဲ့ နှိပ်စက် ညင်းပန်းမှုမျိုး ကို ခံခဲ့ရလို့ လမ်းမကြီးဘေးမှာ
ဒူးတစ်ဖက် ထောင်လျက် နဲ့ ထိုင်နေ ခဲ့တာပါ…သူမကို တွေ့ရှိခဲ့ကြချိန် မှာတော့ အတော်လေးကို ရိုက်နှက်ခံထားရပုံဖြစ်နေပြီး
မျက်စိမှာလည်း ဖူးယောင်နေကာ ဒဏ်ရာတွေနဲ့ လမ်းမကြီးဘေးမှာ စွန့်ပစ် ခံထားရပုံဖြစ်နေပါတယ်။
ထို့ကြောင့် အဘွားအိုကို မေးမြန်းခဲ့ကြချိန် မှာတော့ သူမရဲ့မြေးမှာ အရက်သမားဖြစ်ပြီး၊
အရက်မူးတဲ့ အချိန်တိုင်းမှာ သူမကို ရိုက်နှက်လေ့ရှိကြောင်း နှင့် မြေးဖြစ်သူနှင့်
တစ်အိမ်ထဲ အတူတူ နေထိုင်နေလျက်ရှိတဲ့အတွက်
လွတ်မြောက်နိုင်ဖို့ နည်းလမ်း မရှိတော့တဲ့အဆုံး နေအိမ်ကနေ ထွက်ပြေးလာခဲ့ပြီး လမ်းမကြီးဘေးမှာ အိပ်စက်ခဲ့ရကြောင်း
အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။”ကျွန်မက အဘွားအို တစ်ယောက်ပါ၊ ကိုယ့်ကို ဘယ်လိုလုပ်ပြီး ခုခံကာကွယ်နိုင်ပါ့မလဲ၊
ကျွန်မမှာ ခွန်အားတွေ မရှိတော့ဘူးလေ” ဆိုပြီးကြေကွဲဖွယ်သူမရဲ့ အဖြစ်ကို ပြောပြခဲ့ပါသေးတယ်။
ဓာတ်ပုံကို ကြည့်လိုက်တာနဲ့သူမအတော်လေးကို ရိုက်နှက် နှိပ်စက် ခံထားရမှန်း သိသာလွန်းလှပါတယ်။
သူမရဲ့မြေးဖြစ်သူ လုပ်ရပ် ကိုတော့ရဲတိုင်ကြားချက် ရှိ၊ မရှိ သေချာ မသိရသေးပါဘူး…။
###ခရက်ဒစ်