“အိမ်အပြင် ခနထွက်ရင်း ကလေးတစ်ယောက်လို ချစ်စဖွယ် အမူအရာလေးနဲ့ လွတ်လပ်စွာပြုံးပျော်ရွှင် နေတဲ့ ခင်ဝင့်ဝါ”

“အိမ်အပြင် ခနထွက်ရင်း ကလေးတစ်ယောက်လို ချစ်စဖွယ် အမူအရာလေးနဲ့ လွတ်လပ်စွာပြုံးပျော်ရွှင် နေတဲ့ ခင်ဝင့်ဝါ”

ဘာဘီရုပ်လေးလို ချစ်ဖို့ကောင်းလွန်း တဲ့ မော်ဒယ် မင်းသမီးချောလေး ခင်ဝင့်ဝါ နဲ့ ပရိသတ်တွေ ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ခင်ဝင့်ဝါကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ချစ်စဖွယ် အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာပဲဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေ ခေတ္တရပ်နားရင်း သူမရဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ် ။ခင်ဝင့်ဝါက” နေသာနေတုန်းလေး စတေးဟုမ်းဝက်ကလေး အပြင်ခဏထွက်လို့ဆိုကာ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရတာကြာ လို့ ခတ္တအပြင်ခနလေးထွက်တဲ့ ပုံရိပ်လေးတွေကို တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် ခင်ဝင့်ဝါရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်ပြီး မျှဝေပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သူမရဲ့ပုံရိပ်လေးတွေကြည့်ကာ ပိုမိုချစ်ခင်အားပေးသွားကြလိမ့်မယ်လို့ထင်ပါတယ်။

Soure…Khin Wint Wah’s Facebook