အမေရိကန်နိုင်ငံ မှာ ဆန္ဒပြ လူအုပ်ကို ဖြိုခွဲခဲ့တဲ့ မျက်ရည်ယိုဓာတ်ငွေ့ အကျိုးဆက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုပြင်းထန်စေ

အမေရိကန်နိုင်ငံ မှာ ဆန္ဒပြ လူအုပ်ကို ဖြိုခွဲခဲ့တဲ့ မျက်ရည်ယိုဓာတ်ငွေ့ အကျိုးဆက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုပြင်းထန်စေ

အမေရိကန်နိုင်ငံမှာ ချီတက် ဆန္ဒပြသူတွေကို လူစုကွဲအောင် ပစ်ခတ်ခဲ့တဲ့ မျက်ရည်ယိုဓာတ်ငွေ့ ရဲ့ မီးခိုးလုံးတွေ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။မျက်ရည်ယိုဓာတ်ငွေ့ဟာ ရှူရှိုက်မိသူတွေကို မျက်ရည်ကျခြင်း၊ လည်ချောင်းခြောက်သွေ့ခြင်း များ ဖြစ်လာစေပြီး အသက်ရှုလမ်းကြောင်းကို အန္တရာယ်ဖြစ်စေကာ ရောဂါပိုးကူးစက်ဖို့ ပိုမို လွယ်ကူနိုင်စေတယ်လို့ လေ့လာချက်များအရ သိရပါတယ်။ဓာတ်ငွေ့ဟာ ချောင်းဆိုးခြင်းကိုလည်း ဖြစ်ပေါ်စေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတစ်ဦးမှ နောက်တစ်ဦး ကို အမြန်ဆုံး ကူးစက်နိုင်စေပါတယ်။ အမေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ်မှာ လူမဲအမျိုးသား George Floyed သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး နိုင်ငံတစ်ဝန်းက မြို့တွေမှာ ချီတက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတစ်ချို့ဟာ နှာခေါင်းစွပ်များ၊ လက်အိတ်များ ဝတ်ဆင်ထားကြပေမယ့် ဒီလိုအစုလိုက် အပြုံလိုက်လှုပ်ရှားမှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အလွန်အန္တရာယ်များတဲ့ လှုပ်ရှားမှု ဖြစ်နေပါတယ်။ ဒါ့အပြင် ဇွန်လ ၃ ရက်နေ့ က ဆန္ဒပြလူအုပ်ကို ဖြိုခွဲဖို့ ရဲတပ်ဖွဲ့ အသုံးပြု ခဲ့တဲ့ မျက်ရည်ယို ဓာတ်ငွေ့ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ သိရပါတယ်။

ACLU (American Civil Liberties Union) မှ လူ့အခွင့်အရေး ပရိုဂရမ် ဒါရိုက်တာ Mr JamilDakwar က မျက်ရည်ယိုဓာတ်ငွေ့ကို အခြေအနေတစ်ခု တည်ငြိမ်အောင် ပြုလုပ်နိုင်ဖို့အတွက် အသုံးပြုလာကြပေမယ့် လူစုလူဝေး(သို့) ဆန္ဒပြလူအုပ်ကို ဖြိုခွဲဖို့အတွက် လက်နက်သဖွယ်တော့ မသုံးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၉၀၁၇၈၃ ဦး၊ သေဆုံးသူ ၁၀၉၁၄၂ ဦး ရှိနေပြီး ကမ္ဘာတစ်ဝန်းလုံးမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၆၅၇၅၈၇၄ ဦး၊ သေဆုံးသူ ၃၈၈၀၆ ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

Credit Akonethi

Add a Comment

Your email address will not be published. Required fields are marked *

four × 4 =