စည်းကမ်း မရှိတဲ့ လူတွေ လုပ်ရပ်ကြောင့် ရေလယ်ကျောက်တန်းက ဘုရားငါးတွေပါ သေကုန်တော့မယ့် အဖြစ်

စည်းကမ်း မရှိတဲ့ လူတွေ လုပ်ရပ်ကြောင့် ရေလယ်ကျောက်တန်းက ဘုရားငါးတွေပါ သေကုန်တော့မယ့် အဖြစ်

ဒီလို သာ လွှတ်ပေး ထားရင် ရေလယ်ကျောက်တန်းက ဘုရားငါး တွေပါ သေကုန်တော့မယ်သန် လျင်ရေလယ် ကျောက်တန်းက အသိမဲ့တဲ့ လူတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်။ အသိမဲ့တာလား၊ သိသိကြီးနဲ့ လုပ်တာလားဆိုတာကတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။အစိုးရရော၊ အဖွဲ့အစည်းတွေရော ဒီလောက် ပညာပေးထားတာတောင် ဂရုမစိုက်၊ အမှတ်သည်းခြေ မရှိတဲ့ လူတွေအတွက် ပြောစရာ စကားလုံး မရှိတော့ပါဘူ။ အပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

မနေ့ညနေက သန်လျင်_ကျောက်တန်းဘက် ကို ကိစ္စရှိ လို့သွားရင်း ကျောက်တန်းရေလယ်ဘုရားပိတ်ထားလို့ အဝေးကနေ လှမ်းဖူးနေတုန်းပဲ ရှိသေးတယ်။ အဲ့အချိန်မှာ ဘေးမှာ အမှိုက်ထုပ်တွေ လာပစ်တဲ့ မိန်းမနှစ်ယောက်နဲ့​ ယောက်ကျားတယောက်ကို တွေ့ပြီး စိတ်တိုမိတယ်။

ကိုယ်လည်း ဓါတ်ပုံ ရိုက်ချင် ဟန်ဆောင်ပြီး သူတို့ပုံတွေ ရိုက်ခဲ့ လိုက်တယ်။ စဉ်စားသေးတယ်။ စည်ပင်ရုံးကို ဝင်ပြောရင်ကောင်းမလားပေါ့။ တဖြည်းဖြည်းနဲ့ ဒီလိုသာလွှတ်ပေးထားရင် ဘုရားငါးတွေပါ သေကုန်မယ့် အပြင် ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်။ စည်းကမ်းမဲ့ လှတယ်။ အဲဒီအနား မှာ အမှိုက်ပုံကြီး​ တွေလည်း ရှိပါတယ်။

Credit Ma Naing

Add a Comment

Your email address will not be published. Required fields are marked *

3 × 3 =