အမေရိကန် ဆန္ဒပြပွဲအတွင်း ခိုးလာတဲ့ အဝတ်တွေ နဲ့ Facebook Live လွှင့်ခဲ့တဲ့ အမျိုးသမီး အဖမ်းခံရ

အမေရိကန် ဆန္ဒပြပွဲအတွင်း ခိုးလာတဲ့ အဝတ်တွေ နဲ့ Facebook Live လွှင့်ခဲ့တဲ့ အမျိုးသမီး အဖမ်းခံရ

အမေရိကန်ပြည်ထောင်စု တစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ George Floyd ဆန္ဒပြပွဲ တွေဟာ အရှိန်အဟုန်ပိုတိုးလာ တာနဲ့အမျှ ပါဝင်သူတွေလည်း ပိုမိုများပြားလာခဲ့ပါတယ်။ လူအမျိုးမျိုးပါဝင်လာတာကြောင့် တချို့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသလို တချို့လည်း အကြမ်းဖက်တဲ့သဘောရောက်တဲ့ အထိ ဖျက်ဆီးဆန္ဒပြမှု တွေလည်း ရှိနေပါတယ်။ အဲဒီလို ဆန္ဒပြသူတွေထဲမှာ ရောနှောပါဝင်လာတဲ့ အချောင်သမားတချို့က မြို့လယ်ခေါင်က ပိတ်ထားတဲ့ ဆိုင်ကြီးတွေရဲ့ မှန်တွေကို ခွဲပြီး အထဲကပစ္စည်းတွေကို အလကားယူဆောင် သွားကြတာတွေလည်း ရှိပါတယ်။ မီရှီဂန်ပြည်နယ်က ဂျော့ဖလွိုက် ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာလည်း ခိုးထားတဲ့ ဘီယာကို သောက်သုံးပြီး ဆိုင်တွေထဲကနေ အချောင်ရယူထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြကာ Facebook မှာ Live လွှင့်ခဲ့တာကြောင့် အရေးယူ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

စနေနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း ညမျာ အသက် ၂၂ နှစ်အရွယ် Alexandria Ally Lyons ဟာ ရာဇဝတ်မှု ကြီးတစ်ခုနဲ့ အဖမ်းခံခဲ့ရတာပါ။ အကြောင်းက သူမဟာ Facebook Live ကနေတဆင့် ဆိုင်ရဲ့တံခါးတွေကို ရိုက်ခွဲပြီး မီးရှို့စေတဲ့ အကြမ်းဖက်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတို့မှာ ကြံရာပါအဖြစ် စွပ်စွဲ အရေးယူခဲ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။သူမဟာ ဘားတစ်ခုကို ခိုးယူလာတဲ့ ဘီယာကို သောက်သုံးရင်း Facebook Live video ကို တင်ခဲ့ပါတယ်။ နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ အိမ်မှာပါတီလုပ်တာကို ရိုက်ပြထားပြီး ဆန္ဒပြပွဲအတွင်းမှာ ဖောက်ထွင်းထား တဲ့ ဆိုင်တွေထဲ ကနေ အချောင်ရယူလာခဲ့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြခဲ့ပါတယ်။ အဲဒီအဝတ်အစား တွေကို Ottawa Avenue မှာရှိတဲ့ F.David Barney Clothiers ဖက်ရှင်ဆိုင်ကနေ ခိုးယူလာတယ်လို့ ရဲတွေက ယုံကြည်ထား ကြပါတယ်။

အဲဒီအမျိုးသမီးအနေနဲ့ အပြစ် ဒဏ်ကျခံရမယ်ဆိုရင် ဒေါ်လာ ၄ သောင်းဒဏ်ကြေးနဲ့ ထောင် ၁၀ နှစ် နဲ့အထက် ကျခံရဖွယ် ရှိနေပြီး အအောက်အအုံ ဖျက်ဆီးမှုပါ ပါမယ်ဆိုရင် နောက်ထပ် ၅ နှစ် ထပ်တိုးလာနိုင်ချေ ရှိပါတယ်။ အဲဒီအဓိကရုဏ်းဖြစ်ပွားမှုဟာ မြို့လယ်ခေါင်က စီးပွားရေး လုပ်ငန်းပေါင်း ၁၀၀ လောက်ကို ပျက်စီးမှုဖြစ်စေခဲ့ပြီး တချို့ဆိုင်တွေ ပစ္စည်း တွေပါ ခိုးယူခံ ခဲ့ရတယ်လို့ ဒေသခံရဲတွေရဲ့ အဆိုအရ သိရပါတယ်။

Credit We Media
Source: Daily Mail

Add a Comment

Your email address will not be published. Required fields are marked *

20 + 2 =