ကောင်းကင်ဘုံလေး တစ်ခုလို လှပလွန်းတဲ့နေရာ တစ်ခုကို ပြန်သွားချင်တယ် ဆိုတဲ့ သင်ဇာဝင့်ကျော်





unicode

မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ အခုချိန် ထိတိုင် ထိပ်တန်း မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပေမယ့် အရင်ကလောက် ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးတော့ပါဘူး။ ဒါပေမယ့် အမြဲတမ်း ဆွဲဆောင်မှုရှိပြီး လှပနေတဲ့ သင်ဇာဝင့်ကျော်က ပရိသတ်တွေရဲ့ စိတ်အာရုံကို အစဉ်အမြဲ ဖမ်းစားထားနိုင်သူ တစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့အလှပုံရိပ်တွေကို နေ့စဉ်မျှဝေပေးလေ့ရှိပါတယ်။

ဒီနေ့မှာလည်း သင်ဇာဝင့်ကျော်က ပြီး ခဲ့တဲ့နှစ်က သွားရောက်လည်ပတ် ခဲ့တဲ့ မော်လ်ဒိုက်ကျွန်းက အမှတ်တရပုံလေးကို မျှဝေပေးထားပါတယ်။ သင်ဇာဝင့်ကျော်က သူမရဲ့ စိတ်ကူးယဉ်နေရာလေးတစ်ခုဖြစ်တဲ့ မော်လ်ဒိုက်ကို သွားရောက်လည်ပတ်ချင်သေးကြောင်းလည်း ပြောပြထား ပါသေးတယ်။

မော်လ်ဒိုက်ရဲ့ လှပတဲ့ သဘာဝရှုခင်းတွေ နဲ့ သင်ဇာဝင့်ကျော် ရဲ့ အလှတို့ ပေါင်းစပ် လိုက်တဲ့အချိန်မှာ ပန်းချီကားတစ်ချပ်လို လှပနေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ မော်လ်ဒိုက်ရောက်အမှတ်တရပုံရိပ်တွေကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်။

Source: Thin Zar Wint Kyaw’s fb

Add a Comment

Your email address will not be published. Required fields are marked *

5 × 1 =