ရန်ကုန် မှာ အာဖရိကန် လူမျိုးတွေ အများကြီး ရောက်နေ ရတဲ့ နောက်ကွယ်က အကြောင်းတရား

ရန်ကုန် မှာ အာဖရိကန် လူမျိုးတွေ အများကြီး ရောက်နေ ရတဲ့ နောက်ကွယ်က အကြောင်းတရား

ကိုဗစ် မဖြစ်ခင်တုန်း က ၁၉ လမ်း “ရွှေမင်္ဂလာ”ဆိုင်မှာ ညစဉ် နီးပါးတွေ့နေရတဲ့ အာဖရိကန် လူလိမ်တွေပါ။ မိတ်ဆွေတစ်ဦးပြောပြသည့် အငြိမ်းစားရဲမှူးတစ်ယောက်ဆီကလိမ်သွားတဲ့နည်းလေးဖြစ်ပါတယ်။ သင့်ကို ဖေ့ဘုတ် ကနေ ဖရန့် လုပ်ထားတဲ့ ဥရောပ တိုက်တစ်နေရာက မိတ်ဆွေတစ်ယောက်ရဲ့ မက်ဆင်ဂျာကနေပြီးတော့ စာလာပါလိမ့်မယ်။

စာထဲမှာ သူ့ရဲ့ အာဖရိက တိုက် ရေနံထွက်တဲ့နိုင်ငံက သူဋ္ဌေးမိတ်ဆွေတစ်ယောက် နဲ့ မိတ်ဆက်ပေးပါလိမ့်မယ်၊ အဲဒီမိတ်ဆွေက သင့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်လို့ စိတ်ဝင်စားရင်ဆက်သွယ်ပါလို့ ပြောပြီး အဲဒီလူရဲ့ အကောင့် ကို ပေးပါလိမ့်မယ်။

ကိုယ်က စိတ်ဝင်စားပြီး ဆက်သွယ်လိုက်တာနဲ့ အဲဒီလူက သင့်ကိုပြောမှာက “သူတို့နိုင်ငံက စီးပွားရေးလုပ်ဖို့ ဥပဒေကတင်းကျပ်လို့ ဒေါ်လာ (သန်း ၃၀) လောက်နဲ့ ပထမဆုံးမြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခု စလုပ်ကြည့် ချင်တယ်၊ နောက်ပိုင်းအောင်မြင်ရင် ဒေါ်လာ ဘီလျံနဲ့ချီပြီး လာရောက် ရင်းနှီးမြှုပ်နှံမယ်လို့ လောဘတက် လာအောင်ဆက်ပြောပါလိမ့်မယ်။

သင်ကငွေအရင်းအနှီး ထည့်စရာမလိုပဲ အော်ပရေးရှင်း လုပ်ပေးတာနဲ့ ရှယ်ယာ ပေးမယ်၊ လုပ်ပေးနိုင်မယ် ဆိုရင် သူ့ရဲ့သားကို အရင်လွှတ်လိုက်ပြီး သင့်ရဲ့လုပ်ငန်းအခြေအနေနဲ့ အဆက်အသွယ်ကိုလာကြည့်မယ်၊ လုံခြုံစိတ်ချရတဲ့ပါတ်ဝန်းကျင်ဖြစ်ရင် ဒေါ်လာ (၁၀) သန်းအရင်ပို့လိုက်မယ်”

သင်က ok ဆိုတာနဲ့ နောက် တစ်ရက်မှာ သူ့သားရန်ကုန်ရောက်နေပြီ Asia Plaza Hotel မှာသွားတွေ့ပါလို့ ဖုန်းနံပါတ်ပေးလိမ့်မယ်။ သင်က ဖုန်းဆက်လိုက်တာနဲ့ (ဓါတ်ပုံထဲကအုပ်စုထဲက) လူငယ်တစ်ယောက်က သင့်ကို ဟိုတယ်ရှေ့ကစောင့်နေလိမ့်မယ်၊ သူတိုနိုင်ငံက ပြင်သစ်ကိုလိုနီဖြစ်ခဲ့လို့ ပြင်သစ်စကားပဲ တတ်တယ် အင်္ဂလိပ်လို ဖြေးဖြေးပြောမှ နားလည်တယ်ဆိုပြီး မတောက်တစ်ခေါက်ပြောလိမ့်မယ်၊

အဲဒါက သင်က စေ့စေ့စပ်စပ်မေးရင် သူကနားမလည်သလိုလုပ်ပြလိမ့်မယ်၊ သူပြောမှာကတော့ သူ့အဖေက တရားမဝင်ငွေ တွေ အများကြီးရှိတယ်။ သူ့အစိုးရက ဥပဒေတင်းကျပ်လို့ အာရှကိုပြောင်းပြီး စီးပွားရေးလုပ်ဖို့ သူ့ကိုအရင်လေ့လာခိုင်းလိုက်တာ သင်က လုပ်ပေးနိုင်လား၊ သင့်မှာ သူ့အဖေပို့ပေးလိုက်မယ့် ငွေတွေထားဖို့ လုံခြုံတဲ့အိမ်ရှိသလား?

သင်က ဘဏ် အချင်းချင်း လွှဲဖို့ပြောရင် သူက တရားမဝင်ငွေ ဖြစ်လို့ လွှဲလို့မရဘူး သူ့အဖေသူငယ်ချင်း သံအရာရှိ တစ်ယောက်နဲ့ မြန်မာပြည်ကို ထည့်ပေးလိမ့်မယ်၊ သူ့အဖေနဲ့ ဆက်သွယ်မေးကြည့်ပါဆိုပြီး ပြန်သွားလိမ့်မယ်၊ သူ့အဖေက “သူ့သားပြောလို့ သိပြီးပြီ နောက်တစ်ပါတ်ကျရင် သူ့မိတ်ဆွေ သံအရာရှိ တစ်ယောက် နဲ့ ငွေတွေ ထည့်ပေးလိုက်မယ်၊ လုံခြုံအောင်ထားပေးပါ”

နောက်တစ်ပါတ်အကြာမှာ သူ့သားဆိုတဲ့သူက ဖုန်းဆက်ပြီး သူ့အဖေရဲ့မိတ်ဆွေရောက်လာပြီ ငွေတွေပါ လာတယ်၊ ကျွန်တော့ကိုအရင်လာခေါ်ပါ။ သူကခင်ဗျားအိမ်ကိုလာလိမ့်မယ် လိပ်စာပေးလိုက်ပါ၊ သင်နဲ့ သူ့သားနဲ့ အိမ်ကစောင့်နေချိန်မှာ သံအရာရှိဆိုသူကဖုန်းဆက်ပြီး သူလာနေပြီလို့ပြောလိမ့်မယ် တအောင့်အကြာမှာ (ဓါတ်ပုံထဲက ခပ်ဝဝ တစ်ယောက်,ကုတ်တွေတိုင်တွေဝတ်ပြီး)သံအရာရှိပုံစံနဲ့ သံရုံးကားမစီးပဲ၊ တက္ကစီကား စီးပြီး ရောက်လာလိမ့်မယ်၊

သင့်အိမ်ရောက်တာနဲ့ သူ့ရဲ့ဖုန်းထဲက ဗီဒီယိုနဲ့ ဒေါ်လာ တွေအပြည့်ထည့်ထားတဲ့ LV ငွေသေတ္တာကြီး ထဲကငွေစက္ကူတွေကို မှုတ်ဆေးအမဲတွေဖြန်းပြီး ငွေတွေကို ရုပ်ဖျက်နေတာပြလိမ့်မယ်၊ ပြီးတော့မှ အဲဒီငွေတွေ ကို လေဆိပ်မှာမသိအောင် ရုပ်ဖျက်သယ်လာခဲ့တဲ့အကြောင်း၊ သင့်ရှေ့မှာ ဒေါ်လာတစ်ရာတန်တစ်ရွက်ကို ဆေးအမဲနဲ့မှုတ်ပြပြီး သူ့မှာပါလာတဲ့ချွတ်ဆေးပုလင်းထဲကအရည်နဲ့ ပြန်ချွတ်ပြလိမ့်မယ်၊

သင့်ဆီမှာသိမ်း ထားမယ့် အဲဒီဒေါ်လာ ၁၀ သန်းကို ပြန်ချွတ်ဖို့အတွက် ချွတ်ဆေးဝယ်ဖို့ ဒေါ်လာ (၁၅၀၀) သင့်ဆီက တောင်းလိမ့်မယ် (သင်က ဒေါ်လာ ၁၀ သန်းမက်ပြီး) ဆေးဖိုး ဒေါ်လာ ၁၅၀၀ (မြန်မာငွေ သိန်း ၂၀) ပေးလိုက်တာနဲ့ နောက်နေ့သင့်အိမ် လာပို့မယ်ဆိုပြီး သင်ဘယ်ကိုဖုန်းဆက်ဆက် ဖုန်းမကိုင်တော့ဘူး။

လောဘကြီးသူ,အချောင်လိုချင်သူ,ယုံလွယ်သူ,နိုင်ငံခြားသားအထင်ကြီးပြီး ဘိုလိုမတောက်တခေါက် မှုတ်တတ် သူများကို ဖေ့ဘုတ် မှာလိုက်ရှာ၍ ရန်ကုန်တွင်အုပ်စုခွဲ၍ လုပ်စားနေကြသည့် အာဖရိကတိုက်သားများ ညဖက် ဆိုလျှင် ၁၉ လမ်းမှာ လူစုံ၍ ဝေစုခွဲကြပါသည်။

နောက်ထပ်လူများအလိမ်မခံရစေဖို့ သတင်းကြိုပေး ပါသည်၊

Tin Oo

ဒါကတော့ ရန်ကုန် မှာ အာဖရိကန် လူမျိုးတွေ အများကြီး ရောက်နေရတဲ့ အကြောင်းအရင်းတွေထဲက တခု ဖြစ်ပါတယ်။ တခြားကိစ္စရပ်တွေလည်း ရှိကောင်းရှိနိုင် မှာ ဖြစ်ပေမယ့် များသောအားဖြင့်တော့ လိမ်လည် ဖို့ သူတို့တွေ ရောက်လာကြတာပါ။ ဝေဖန်ဆင်ခြင်နိုင်ကြပါစေခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *

4 × three =