ကိုဗစ် ရောဂါရှိ မရှိ အချိန် (၁၀) မိနစ် ဖြင့် သိရှိ နိုင်တော့မည်

Covid-19 အတွက် နောက်ဆုံးတွေ့ရှိ ချက်များ (၉) ပိုမိုတိကျ လွယ်ကူ မြန်ဆန် ဈေးသက်သာ လာမည့် COVID_Test အမေရိကန် နိုင်ငံ University of Maryland က School of Medicine မှ Dr Dipanjan Pan ဦးဆောင်တဲ့ သုသေသန ပညာရှင်တွေဟာ COVID-19 ဖြစ်စေတဲ့

SARS-CoV-2 ဗိုင်းရပ်စ်ပိုး လူမှာရှိ မရှိ အမြန်ဆုံး နဲ့ အလွယ်ဆုံးစစ် လို့ရမယ့် နည်းတစ်ခုကို ကြေညာခဲ့ပါတယ်။ University of Maryland ဟာ Covid RNA vaccine ကာကွယ်ဆေးကို အမေရိကန် နိုင်ငံမှာ ပထမဆုံးစအပြီးစမ်းသပ်တဲ့ ဆေးပညာကျောင်း တစ်ခုလည်းဖြစ် ပါတယ်။

ကိုဗစ်ရောဂါရှိ မရှိ အချိန် (၁၀) မိနစ်ဖြင့် သိရှိ နိုင်တော့မည်

အဲ့ဒီ နည်းကို Nake-eye detection of SARS-CoV-2 လို့ခေါ်ပါ တယ်။ သဘောက Covid ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးရှိမရှိကို သာမန်မျက်စိနဲ့ စမ်းသပ် စစ်ဆေးနိုင်မယ့် နည်းပါ။ကျနော် Covid-19 ရောဂါရှိမရှိ အဓိက Test လုပ်နည်းနှစ်ခုကို ရေးသား ခဲ့ဖူး ပါတယ်။

ကိုဗစ်ရောဂါရှိ မရှိ အချိန် (၁၀) မိနစ်ဖြင့် သိရှိနိုင် တော့မည်

မဖတ်ရသေးသူများ ဒီနေရာကို နှိပ်ပါ လက်ရှိ စမ်းသပ်နေတဲ့ နည်းတွေက PCR Test နဲ့စမ်းသပ်နေတာများပြီး SARS-CoV-2 လို့ခေါ်တဲ့ Covid-19 ဖြစ်စေတဲ့ ရောဂါပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ် Genome sequence ကိုရှာယူ တာပါ။

အဲ့ဒီမှာ မျိုးရိုးဗီဇ အစီအစဉ် Genome sequence ကိုရဖို့ အကြိမ်ကြိမ် ချဲ့ပွားယူ ရတာ ရှိပါတယ်။ အဲ့လိုလုပ်ဖို့ သိန်းထောင်နဲ့ ချီပြီး ဈေးကြီးတဲ့ PCR Test လုပ်တဲ့ စက်တွေကို ဝယ်ရ ပါတယ်။

စက်ကို ကျွမ်းကျင်စွာ သုံးတတ်တဲ့ ဓာတ်ခွဲခန်း ပညာရှင်တွေ လိုပါတယ်။ အခုနည်းပညာ အသစ်မှာက အဲ့ဒီ သိန်းထောင်ချီတဲ့ စက်ကြီးတွေ မလိုတော့ သလို စက်ကိုင်တဲ့ ကျွမ်းကျင် ပညာရှင်တွေလည်း မလိုတော့ ပါဘူး။

ဒီစမ်းသပ်မှုမှာ သုံးထားတဲ့ အဓိက ပစ္စည်းက ဘာလဲ ဒီစမ်းသပ် စစ်ဆေးမှုမှာ အဓိက သုံးထားတာက gold nanoparticles လို့ခေါ်တဲ့ အလွန့်အလွန်သေးတဲ့ ရွှေမှုန်ကလေးတွေ ပါပါတယ်။

AuNP ဆိုတာက Au မှာ ရွှေရဲ့သင်္ကေတဖြစ်ပြီး NP က အလွန့် အလွန်သေးငယ် တဲ့ အမှုန်ကိုပြောချင်တာပါ။ အဲ့ဒီ AuNP လေးတွေကို thiol-modified antisense oligonucleotides (ASO) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့N-gene ပရိုတိန်းကို ဖမ်းမယ့် အရာလေးတွေ အုပ်ထား ပါတယ်။

AuNP လေးတွေဟာ ဗိုင်းရပ်စ်ရဲ့ RNA အစီအစဉ်တွေ ကို စုစီးပြီး အရောင်ပြောင်းစေ ပါတယ်။ အဲ့ဒီတော့ Covid ဖြစ်စေ တဲ့ ဗိုင်းရပ်စ်ရဲ့ RNA ကိုတွေ့ရင် အရောင်ပြောင်း မယ်။

မတွေ့ရင် အရောင်မပြောင်းဘူး။ #စမ်းသပ်စစ်ဆေးတဲ့ နည်းကတော့… Test လုပ်ခံမယ့် လူရဲ့နှာခေါင်းတွင်းက RNA swab နမူနာကို ယူမယ်။ ပြီးရင် AuNP ပါတဲ့အရည်ထဲမှာ ရောမယ်။

10 မိနစ်ကြာရင်…. အကယ်လို့ ဗိုင်းရပ်စ်ရဲ့ RNA ကို တွေ့ရင် အရောင် ပြောင်းပြီး စမ်းသပ်ပြွန် ရဲ့ အောက်ခြေမှာ အပြာရင့်ရောင်အနည်လေးတွေ ကျမယ်။ ဒါဆိုရင်Positive ရောဂါပိုးရှိတယ်။ အကယ်လို့ ဗိုင်းရပ်စ်ရဲ့ RNA ကို မတွေ့ရင် အရောင်မပြောင်းပဲ မူလ ခရမ်းရောင်အရည်အဖြစ် ဆက်ရှိ နေမယ်။

ဒါဆိုရင် Negative ရောဂါပိုးမရှိဘူး။ အဲ့သလောက် ရှင်းတယ်လို့ဆိုပါတယ်။ အခု FDA ရဲ့ ခွင့်ပြုချက်ကို တောင်းခံနေ ပါတယ်။ နောက်လထဲမှာ FDA နဲ့ဆွေးနွေးမှာဖြစ်ပါတယ်။ ခွင့်ပြုချက် ရရင် နေရာစုံမှာသုံးလို့ ရတော့ မှာပါ။

ကျောင်းတွေ၊ ရုံးတွေ၊ လုပ်ငန်းခွင် တွေမှာပါ သုံးလို့ ရတော့မှာပါ။ ဒါဆိုရင် လုပ်ငန်းခွင်ထဲ လူအသစ်ဝင်ရင်၊ ရှိပြီးသားလူကို မသင်္ကာရင်10 မိနစ်အတွင်း လွယ်ကူစွာ စစ်ဆေးနိုင် မှာဖြစ်ပါတယ်။ ကျနော်တွေးမိတာက ကျနော်တို့အားလုံး လုပ်ငန်းခွင်ကို လွယ်လွယ် ကူကူပြန်ဝင် နိုင်မယ့် ကိစ္စပါ။

ဒီနည်းအသစ်ဟာ PCR Test ထက်စာရင် ငွေကုန်ကျေးကျ သက်သာတဲ့ အတွက်… ကျောင်းတွေပြန်ဖွင့်နိုင်တာ၊ လုပ်ငန်းခွင်တွေ စက်ရုံတွေ ပြန်စနိုင်တာ၊ လေကြောင်း လိုင်းတွေ၊ ဟော်တယ်တွေ၊ Travel & Tour တွေ အကုန်ပြန်စဖို့လွယ်သွား နိုင်တယ်လို့ ယူဆ ပါကြောင်း။

Richard Myo Thant 31-May-2020

Add a Comment

Your email address will not be published. Required fields are marked *

ten + 9 =